Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယာ​ကုပ် 2:26 - Common Language Bible

26 ထို့​ကြောင့်​ဝိ​ညာဉ်​နှင့်​ကင်း​သော​ကိုယ်​ခန္ဓာ​သည် အ​သေ​ဖြစ်​သ​ကဲ့​သို့ အ​ကျင့်​နှင့်​ကင်း​သည့် ယုံ​ကြည်​ခြင်း​သည်​အ​သေ​ဖြစ်​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

26 နာမ် ကင်း သော ရုပ် သည် အ သေ ဖြစ် သ ကဲ့ သို့ ပင် ကိုယ် ကျင့် ကင်း သော ယုံ ကြည် ခြင်း သည် အ​ သေ ဖြစ် ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

26 ဝိ​ညာဉ်​နှင့်​ကင်း​သော​ကိုယ်​သည် အ​သေ​ဖြစ်​သ​ကဲ့​သို့၊ အ​ကျင့်​နှင့်​ကင်း​သော ယုံ​ကြည်​ခြင်း​သည် အ​သေ​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

26 အကြောင်းမူကား ဝိညာဉ်​ကင်း​သော​ကိုယ်ခန္ဓာ​သည် အသေ​ဖြစ်​သကဲ့သို့ လုပ်ဆောင်​မှု​ကင်း​သော​ယုံကြည်​ခြင်း​သည်​လည်း အသေ​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

26 ဝိညာဉ်​မရှိသော ကိုယ်ခန္ဓာ​သည် အသေ​ဖြစ်​သကဲ့သို့ လုပ်ဆောင်ခြင်း​မရှိသော ယုံကြည်ခြင်း​သည် အသေ​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယာ​ကုပ် 2:26
11 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​ရှင်​သည်​သူ​တို့​ထံ​မှ မျက်​နှာ​တော်​ကို​လွှဲ​တော်​မူ​သော​အ​ခါ သူ​တို့​သည်​ကြောက်​လန့်​ကြ​ပါ​၏။ ကိုယ်​တော်​သည်​သူ​တို့​၏​အ​သက်​ကို ရုပ်​သိမ်း​တော်​မူ​သော​အ​ခါ သူ​တို့​သည်​သေ​၍​မြေ​မှုန့်​အ​ဖြစ်​သို့​ပြန်​လည် ရောက်​ရှိ​သွား​ရ​ကြ​ပါ​၏။


သူ​တို့​သည်​သေ​သော​အ​ခါ​မြေ​သို့​ပြန်​ကြ​ရ​၍ သူ​တို့​၏​အ​ကြံ​အ​စည်​ပျက်​ပြား​ရ​ကြ​၏။


ထိုကာလ၌ မြေမှုန့်သည် နေရင်းမြေသို့၎င်း၊ ဝိညာဉ်သည် အရင်ပေးတော်မူသော ဘုရားသခင့်ထံသို့ ၎င်း ပြန်သွားရလိမ့်မည်။


သေ​မျိုး​ဖြစ်​သော​သူ​တို့​အား ယုံ​ကြည်​ကိုး စား​မှု​မ​ပြု​ကြ​နှင့်။ သူ​တို့​သည်​အ​ဘယ် မျှ​တန်​ဖိုး​ရှိ​ပါ​သ​နည်း။


သ​ခင်​ယေ​ရှု​သည် ``အို အ​ဖ၊ ကိုယ်​တော်​ရှင်​၏ လက်​တော်​သို့​အ​ကျွန်ုပ်​၏​ဝိ​ညာဉ်​ကို​အပ်​ပါ​၏'' ဟု​ကျယ်​စွာ​ကြွေး​ကြော်​ပြီး​နောက်​အ​သက်​ချုပ် တော်​မူ​၏။


ငါ​တို့​သည်​ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​ပါ​က အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ခံ​သည်​မ​ခံ သည်​မှာ​အ​ရေး​မ​ကြီး​ပေ။ အ​ရေး​ကြီး​သည့် အ​ရာ​မှာ​မေတ္တာ​တ​ရား​ကို​ပေါ်​လွင်​စေ​သည့် ယုံ​ကြည်​ခြင်း​ပင်​ဖြစ်​သ​တည်း။


ငါ့​ညီ​အစ်​ကို​တို့၊ လူ​တစ်​စုံ​တစ်​ယောက်​သည် ယုံ​ကြည်​ပါ​သည်​ဟု​ဆို​သော်​လည်း အ​ကျင့် အား​ဖြင့်​သက်​သေ​မ​ပြ​နိုင်​ပါ​မူ​အ​ဘယ် အ​ကျိုး​ရှိ​မည်​နည်း။ ထို​ယုံ​ကြည်​ခြင်း​က သူ့​အား​ကယ်​တင်​နိုင်​မည်​လော။-


ယုံ​ကြည်​ခြင်း​သည်​လည်း​ထို​နည်း​တူ​ပင်​ဖြစ် သည်။ အ​ကျင့်​အား​ဖြင့်​မ​ပြ​နိုင်​သော​ယုံ​ကြည် ခြင်း​သည်​အ​သေ​ဖြစ်​သည်။


အ​ချင်း​လူ​မိုက်၊ အ​ကျင့်​နှင့်​ကင်း​သည့်​ယုံ ကြည်​ခြင်း​သည် အ​ချည်း​နှီး​ဖြစ်​ကြောင်း​သိ လို​သ​လော။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ