သစ်ကတိုးသားပျဉ်များတွင်အသီးအပွင့်ပုံ များထုလုပ်ခြယ်လှယ်ထားလေသည်။ ကျောက် နံရံကိုမမြင်နိုင်စေရန် ဗိမာန်တော်အတွင်း ပိုင်းတစ်ခုလုံးကိုသစ်ကတိုးသားဖြင့်ဖုံး အုပ်ထားသတည်း။
ထွက်မြောက် 25:31 - Common Language Bible ``ဆီမီးခုံကိုရွှေဖြင့်ပြုလုပ်လော့။ ဆီမီးခုံ တိုင်နှင့်အောက်ခံခုံတို့ကိုရွှေဖြင့်ထုလုပ်လော့။ ဆီမီးခုံတိုင်တွင်ပွင့်ဖူး၊ ပွင့်ချပ်အစရှိသော အလှပန်းများသည် ဆီမီးခုံတိုင်နှင့်တစ်သား တည်းရှိစေရမည်။- Garrad Bible မီး ခုံ တော် ကို လည်း ရွှေ စင် နှင့် လုပ်၍ ခြေ၊ တိုင် အ စ ရှိ သော ပန်း၊ ပွင့် ပတ်၊ ပွင့် ချပ် များ ကို တစ် ဆက် တည်း ထု လုပ် လော့။ Judson Bible မီးခုံကိုလည်း ရွှေစင်နှင့်လုပ်၍၊ မီးခုံတိုင်အစရှိသော အလက်များ၊ ခွက်များ၊ ဘူးသီးများ၊ ကြာပွင့်များတို့ကို တစ်စပ်တည်းထုရမည်။ မြန်မာ့စံမီသမ္မာကျမ်း သင်သည် ရွှေစင်ဖြင့်ဆီမီးခုံကို လုပ်ရမည်။ ဆီမီးခုံတိုင်၊ ဆီမီးခုံ၏အလက်၊ ခွက်များ၊ ပွင့်ဖတ်အုံများ၊ ပွင့်ဖတ်များကို တစ်သားတည်းဖြစ်အောင် ထုလုပ်ရမည်။ |
သစ်ကတိုးသားပျဉ်များတွင်အသီးအပွင့်ပုံ များထုလုပ်ခြယ်လှယ်ထားလေသည်။ ကျောက် နံရံကိုမမြင်နိုင်စေရန် ဗိမာန်တော်အတွင်း ပိုင်းတစ်ခုလုံးကိုသစ်ကတိုးသားဖြင့်ဖုံး အုပ်ထားသတည်း။
ရေကန်၏အပြင်အနားပတ်လည်၌ဘူးသီး တန်းနှစ်တန်းကို ရေကန်ကြီးနှင့်တစ်စပ်တည်း သွန်းလုပ်လေသည်။-
အလွန်သန့်ရှင်းရာဌာနတော်ရှေ့၌လက်ယာ ဘက်တွင်ထားရှိသည့် မီးတင်ခုံငါးခုနှင့်လက် ဝဲဘက်တွင်ထားရှိသည့်မီးတင်ခုံငါးခု၊ ရွှေ ပန်းပွင့်များ၊ ရွှေမီးခွက်များနှင့်မီးကိုင်တန် ဆာများ၊-
သူတို့သည်နံနက်တိုင်း၊ ညနေတိုင်း၊ နံ့သာပေါင်း နှင့်တစ်ကောင်လုံးမီးရှို့ရာယဇ်များကိုထာဝရ ဘုရားအားပူဇော်ကြသည်။ ဘာသာရေးထုံးနည်း အရသန့်စင်သည့်စားပွဲပေါ်တွင်ရှေ့တော်မုန့်ကို ပူဇော်ကြ၏။ ညနေတိုင်းရွှေမီးတင်ခုံများပေါ် ရှိမီးခွက်များကိုထွန်းညှိကြ၏။ ငါတို့သည် ထာဝရဘုရား၏အမိန့်တော်ကိုလိုက်နာ ကြ၏။ သင်တို့မူကားကိုယ်တော်ကိုစွန့်ပယ် ကြလေပြီ။-
စီမံချက်အရအလွန်သန့်ရှင်းရာဌာန တော်ရှေ့တွင်ထွန်းညှိထားရန် ရွှေစင်မီးခွက် များနှင့်မီးတင်ခုံများ၊-
သူတို့သည်ပြဋ္ဌာန်းသတ်မှတ်ထားသည့်ပုံစံ နှင့်အညီရွှေမီးတင်ခုံဆယ်ခုနှင့်စားပွဲဆယ် လုံးကိုပြုလုပ်၍ ဗိမာန်တော်ခန်းမဆောင်တွင် လက်ယာဘက်၌ငါးလုံး၊ လက်ဝဲဘက်၌ငါး လုံးထားကြ၏။ ရွှေဖလားတစ်ရာကိုလည်း ပြုလုပ်ကြ၏။
ဆီမီးခုံတိုင်တွင်ပွင့်ဖူး၊ ပွင့်ချပ်များပါရှိ သောဗာဒံပွင့်ပုံပန်းလေးပွင့်ရှိစေရမည်။-
ပွင့်ဖူးအလက်နှင့်ဆီမီးခုံတိုင်တို့ကိုရွှေ ဖြင့်တစ်သားတည်းထုလုပ်ရမည်။-
စားပွဲနှင့်သက်ဆိုင်ရာပစ္စည်းများ၊ ရွှေမီးတိုင် နှင့်သက်ဆိုင်ရာပစ္စည်းအားလုံး၊ နံ့သာပေါင်း မီးရှို့ရာပလ္လင်၊-
ရွှေဆီမီးတိုင်မှစ၍မီးခွက်များ၊ ဆီမီးတိုင် နှင့်ဆိုင်သောပစ္စည်းအားလုံးနှင့်မီးခွက်များ အတွက်ဆီကိုလည်းကောင်း၊-
အာရုန်သည်ရွှေမီးတိုင်မှမီးခွက်များကို ထိန်းသိမ်းစောင့်ရှောက်၍ထာဝရဘုရား၏ ရှေ့တော်၌အစဉ်မပြတ်ထွန်းတောက်လျက် ရှိစေရမည်။
``အဘယ်အရာကိုသင်မြင်ပါသနည်း'' ဟုမေး၏။ ငါကလည်း``ရွှေမီးတင်ခုံတစ်ခု ကိုမြင်ပါသည်။ မီးတင်ခုံတိုင်ထိပ်တွင်ဆီ ခွက်တစ်ခုရှိပါသည်။ မီးတင်ခုံပေါ်တွင် မီးစာခုနစ်စစီရှိသောမီးခွက်ခုနစ်လုံး ရှိပါသည်။-
သူတို့သည်ပဋိညာဉ်သေတ္တာ၊ စားပွဲ၊ မီးခုံတိုင်၊ ယဇ်ပလ္လင်များ၊ သန့်ရှင်းရာဌာနတော်တွင် ယဇ်ပုရောဟိတ်များအသုံးပြုသောခွက် ယောက်များနှင့်အလွန်သန့်ရှင်းရာဌာန တံခါးဝရှိကန့်လန့်ကာစသည်တို့ကို ထိန်းသိမ်းစောင့်ရှောက်ရန်တာဝန်ယူရသည်။ သူတို့သည်အထက်ပါပစ္စည်းများကို ထိန်းသိမ်းစောင့်ရှောက်ကြရသည်။
မီးခုံတိုင်နှင့်ဆိုင်ရာပစ္စည်းအားလုံးတို့ကို နူးညံ့သောသားရေထည်ဖြင့်ထုပ်ပြီးလျှင် ထမ်းစင်ပေါ်သို့တင်ရမည်။
မီးခုံတိုင်နှင့်ဆိုင်ရာမီးခွက်များ၊ မီးညှပ် များ၊ မီးခံခွက်များနှင့်သံလွင်ဆီခွက်စ သည်တို့ကိုအပြာထည်ဖြင့်ဖုံးအုပ်ရမည်။-
ထာဝရဘုရားကမောရှေအားပြတော်မူ သောပုံစံအတိုင်း မီးခုံတိုင်တစ်ခုလုံးကို အောက်ခြေမှအထက်ထိရွှေဖြင့်ထုလုပ် ထားလေသည်။
လူတို့သည်သန့်ရှင်းရာဌာနတော်ဟုခေါ်သော အပြင်တဲတော်အဆောင်ကိုတည်ဆောက်ကြ၏။ ထိုတဲတွင်မီးတင်ခုံကိုလည်းကောင်း၊ ဘုရား သခင်အားဆက်ကပ်သောမုန့်နှင့်စားပွဲကို လည်းကောင်းတွေ့ရ၏။-
ထိုသို့ငါ့အားပြောနေသောအသံသည်မည် သူ၏အသံဖြစ်ပါသနည်းဟု လှည့်၍ကြည့် လိုက်သောအခါ ငါသည်မီးခွက်ခုနစ်လုံး ကိုလည်းကောင်း၊-
ငါ၏လက်ယာတော်လက်တွင်သင်မြင်တွေ့ရ သည့်ကြယ်ခုနစ်လုံးနှင့် ရွှေမီးခွက်ခုနစ်ခု၏ လျှို့ဝှက်သည့်အနက်အဋ္ဌိပ္ပါယ်မှာ မီးခွက်ခုနစ် လုံးသည်အသင်းတော်ခုနစ်ပါးဖြစ်၍ ကြယ် ခုနစ်လုံးသည်ထိုအသင်းတော်ခုနစ်ပါးကို စောင့်သောကောင်းကင်တမန်ခုနစ်ပါးဖြစ် သတည်း'' ဟုမိန့်တော်မူ၏။
သို့ဖြစ်၍သင်သည်အဘယ်မျှလောက်ကျဆင်း လာသည်ကိုဆင်ခြင်လော့။ နောင်တရ၍အစ ကပြုကျင့်ခဲ့သည့်အတိုင်းပြုကျင့်လော့။ သို့ မပြုပါမူသင်ရှိရာသို့ငါလာခဲ့မည်။ သင် နောင်တမရလျှင်သင်၏မီးခွက်ကိုနေရာမှ ငါဖယ်ရှားပစ်မည်။-
ပလ္လင်တော်ထဲမှလျှပ်စစ်ပြက်သည့်အရောင်များ၊ မိုးချုန်းသံများ၊ မိုးကြိုးသံများထွက်ပေါ်လာ၏။ ပလ္လင်တော်၏ရှေ့တွင်ဘုရားသခင်၏ဝိညာဉ်ခုနစ် ပါးတည်းဟူသောမီးတိုင်သည်ထွန်းလင်းလျက် ရှိ၏။-
ရှမွေလမူကားပဋိညာဉ်သေတ္တာတော်ရှိရာ တဲတော်တွင်အိပ်လျက်နေသတည်း။ အရုဏ် မတက်သေးသဖြင့် မီးခွက်ကိုမငြိမ်းမသတ် ရသေးမီအချိန်၌၊-