Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -

ထွက်​မြောက် 25 - Garrad Bible

1 ထို အ ခါ မော ရှေ အား ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် မှာ၊

2 ဣ သ ရေ လ အ မျိုး သား တို့ သည် ငါ့ အ ဖို့ မြှောက် ဆက် ရာ အ လှူ ဝ တ္ထု ကို ဆောင် ခဲ့ ကြ စေ ရန် ဆင့် ဆို လော့။ စိတ် စေ တ နာ ထက် သန် သူ ရှိ သ မျှ တို့ ထံ မှ အ လှူ ကို ခံ ယူ လော့။

3 ခံ ယူ ရ မည့် အ လှူ မျိုး ဟူ မူ ကား၊

4 ရွှေ၊ ငွေ၊ ကြေး၊ အ ပြာ အ မောင်း အ နီ ချည်၊

5 လျှော် ချည်၊ ဆိတ် မွေး၊ အ နီ ဆိုး သော သိုး ရေ၊ ဖျံ ရေ၊

6 ရှား သား၊ မီး ပူ ဇော် ရန် ဆီ၊ ဘိ သိက် သွန်း ရန် ဆီ နှင့်၊

7 တင် ရှို့ ရာ အ သင်း အ ထုံ အ ဖို့ နံ့ သာ ပေါင်း၊ ကိုယ် ဝတ် ရင် လွှမ်း များ ကို ချယ် စီ ရန် မ ဟူ ရာ ကျောက် နှင့် ကျောက် မျက် တည်း ဟူ သော အ လှူ ဝ တ္ထု ကို ခံ ယူ လော့။

8 သင် တို့ တွင် ငါ စံ နေ ရန် သန့် ရှင်း ရာ ဌာ န ကို ပြု လုပ် ကြ စေ။

9 ငါ ပြ သ မျှ အ တိုင်း စံ ရာ တော်၊ ကိ ရိ ယာ တန် ဆာ တော် ပုံ စံ နှင့် အ ညီ ပင် ပြု လုပ် လော့။

10 အ လျား နှစ် တောင့် ထွာ၊ အ နံ တစ် တောင့် ထွာ၊ အ မြင့် တစ် တောင့် ထွာ ရှိ သော သေ တ္တာ တော် ကို ရှား သား နှင့် လုပ်၍၊

11 အ တွင်း အ ပြင် ရွှေ စင် မွမ်း မံ လျက် ပတ် လည် ရွှေ ပြော့ ကြောင်း ထိုး ထား လော့။

12 ရွှေ လေး ကွင်း ကို သွန်း လုပ်၍ သေ တ္တာ တော်​ခြေ လေး ချောင်း၌ နံ ဘေး တစ် ဘက် နှစ် ကွင်း စီ၊ တပ် ထား လော့။

13 ရှား သား ထမ်း ပိုး များ ကို လုပ်၍ ရွှေ နှင့် မွမ်း မံ ပြီး မှ၊

14 သေ တ္တာ တော် ထမ်း ရန် နံ ဘေး ရှိ ကွင်း များ တွင် လျှို ထား လော့။

15 ထို ထမ်း ပိုး များ ကို လည်း သေ တ္တာ တော် ကွင်း ထဲ မှ မ နုတ် ဘဲ ထား လော့။

16 ငါ ပေး လ တ္တံ့ သော သက် သေ တော် ကို ထို သေ တ္တာ တော် တွင် ထည့် လော့။

17 အ လျား နှစ် တောင့် ထွာ၊ အ နံ တစ် တောင့် ထွာ ရှိ သော အ ပြစ် ဖြေ ရာ ပ လ္လင် တော် ကို လည်း ရွှေ စင် နှင့် လုပ် လော့။

18 ရွှေ ခေ ရု ဗ နှစ် ပါး ကို ပ လ္လင် တော် စွန်း နှစ် ဘက်၌ ထု လော့။

19 ခေ ရု ဗ တစ် ပါး တစ် ဘက် စီ၊ အ စွန်း နှစ် ဘက်၌၊ ခေ ရု ဗ တို့ ကို အ ပြစ် ဖြေ ရာ ပ လ္လင် တော် နှင့် တစ် ဆက် တည်း လုပ် လော့။

20 ထို ခေ ရု ဗ နှစ် ပါး တို့ သည် မျက် နှာ ချင်း ဆိုင် ပ လ္လင် တော် ကို ရှု ကြည့် ဟန်၊ အ တောင် ဖြင့် ပ လ္လင် တော် ကို ဖြန့် မိုး လျက် ရှိ စေ။

21 အ ပြစ် ဖြေ ရာ ပ လ္လင် တော် ကို သေ တ္တာ တော် ပေါ် မှာ တင်၍ ငါ ပေး လ တ္တံ့ သော သက် သေ တော် ကို လည်း ထည့် လော့။

22 ထို ဌာ န၌ ငါ သည် သင် နှင့် တွေ့ ဆုံ၍ ဣ သ ရေ လ အ မျိုး သား တို့ ထံ ဆင့် ဆို ရန် ရှိ သ မျှ ကို အ ပြစ် ဖြေ ရာ ပ လ္လင် တော်၊ သက် သေ တော် သေ တ္တာ အ ပေါ် ရှိ ခေ ရု ဗ နှစ် ပါး စပ် ကြား မှ သင့် အား မြွက် ဆို မည်။

23 အ လျား နှစ် တောင်၊ အ နံ တစ် တောင်၊ အ မြင့် တစ် တောင့် ထွာ ရှိ သော စား ပွဲ တော် ကို လည်း ရှား သား နှင့် လုပ်၍ ရွှေ စင် မွမ်း မံ လျက်၊

24 ပတ် လည် ရွှေ ပြော့ ကြောင်း ထိုး ထား လော့။

25 ပြက် လက် တစ် ဝါး ရှိ သော ထောက် ကို လုပ်၍ ပတ် လည် ရွှေ ပြော့ ကြောင်း ထိုး ထား လော့။

26 ရွှေ လေး ကွင်း ကို လုပ်၍ စား ပွဲ တော် ခြေ လေး ချောင်း လေး ထောင့် ၌ တပ် ထား လော့။

27 စား ပွဲ တော် ထမ်း ရန် ထမ်း ပိုး ပေါက် ဖြစ် စေ ခြင်း ငှါ ထောက် ခံ ရာ၌ ထို ကွင်း များ ကို တပ် ထား လော့။

28 စား ပွဲ တော် ထမ်း ရန် ထမ်း ပိုး များ ကို ရှား သား နှင့် လုပ်၍ ရွှေ မွမ်း မံ လော့။

29 စား ပွဲ တော် နှင့် ဆိုင် သော လင် ပန်း၊ ခွက်၊ တ ကောင်း၊ သွန်း လောင်း ရန် ဖ လား များ ကို ရွှေ စင် နှင့် လုပ် လော့။

30 ငါ့ မျက် မှောက် တွင် စား ပွဲ တော် ပေါ် မှာ ရှေ့ တော် တင် မုန့် ကို အ မြဲ ရှိ စေ လော့။

31 မီး ခုံ တော် ကို လည်း ရွှေ စင် နှင့် လုပ်၍ ခြေ၊ တိုင် အ စ ရှိ သော ပန်း၊ ပွင့် ပတ်၊ ပွင့် ချပ် များ ကို တစ် ဆက် တည်း ထု လုပ် လော့။

32 မီး ခုံ တော် တစ် ဘက် တစ် ချက်၌ ရိုး တန် သုံး လက် စီ ထွက် စေ၍ ရိုး တန်​ ခြောက် လက် ရှိ စေ။

33 မီး ခုံ တော် မှ ထွက် သော ရိုး တန် ခြောက် လက် တွင် တစ် လက် တစ် လက်၌ ပွင့် ပတ်၊ ပွင့် ချပ် နှင့် တ ကွ ဗာ တံ ပွင့် သ ဏ္ဌာန် ပန်း သုံး ပွင့် ရှိ ရ မည်။

34 မီး ခုံ တိုင်၌ လည်း ပွင့် ပတ်၊ ပွင့် ချပ် နှင့် တ ကွ ဗာ တံ ပွင့် သ ဏ္ဌာန် ပန်း လေး ပွင့် ရှိ ရ မည်။

35 မီး ခုံ တော် မှ ထွက် သော ရိုး တန် ခြောက် လက် အ ရင်း တွင် ရိုး တန် တစ် စုံ တစ် စုံ အောက် ၌ ပွင့် ပတ် တစ် အုံ စီ၊ တစ် ဆက် တည်း ရှိ ရ မည်။

36 ပွင့် ပတ်၊ ရိုး တန် များ သည် မီး ခုံ နှင့် တစ် ဆက် တည်း ရှိ၍ ရွှေ စင် နှင့် ထု လုပ် သော မီး တစ် ခုံ တည်း ဖြစ် ရ မည်။

37 မီး ခု နစ် ခွက် ကို လည်း လုပ် ပြီး လျှင် မီး ခုံ တော် ရှေ့ လင်း စေ ရန် တင် ထွန်း ရ မည်။

38 မီး ညှပ် နှင့် မီး စာ ခံ များ သည် ရွှေ စင် ဖြစ် ရ မည်။

39 မီး ခုံ တော်၊ ကိ ရိ ယာ တန် ဆာ ရှိ သ မျှ ကို ရွှေ စင် အ ခွက် သုံး ဆယ် နှင့် လုပ် ရ မည်။

40 တောင် ပေါ် မှာ သင့် အား ပြ သော ပုံ စံ နှင့် အ ညီ လုပ် ရန် သ တိ ပြု လော့။

Garrad Holy Bible © Bible Society of Myanmar, 1928.

Bible Society of Myanmar
ကြှနျုပျတို့နောကျလိုကျပါ:



ကြော်ငြာတွေ