Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ဗြဲ 9:2 - Common Language Bible

2 လူ​တို့​သည်​သန့်​ရှင်း​ရာ​ဌာ​န​တော်​ဟု​ခေါ်​သော အ​ပြင်​တဲ​တော်​အ​ဆောင်​ကို​တည်​ဆောက်​ကြ​၏။ ထို​တဲ​တွင်​မီး​တင်​ခုံ​ကို​လည်း​ကောင်း၊ ဘု​ရား သ​ခင်​အား​ဆက်​ကပ်​သော​မုန့်​နှင့်​စား​ပွဲ​ကို လည်း​ကောင်း​တွေ့​ရ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

2 မီး ခုံ တော်၊ စား ပွဲ တော် နှင့် ရှေ့ တော် တင် မုန့် ပါ သော သန့် ရှင်း ရာ ဌာ န ခေါ် တည် လုပ် ပြီး အ ပြင် တဲ တော် တစ် ပိုင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

2 အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ဟ​ဂျာ​ဟု​ခေါ်​ဝေါ်​သော ပ​ထ​မ​တဲ​တော်​သည်၊ ဆီ​မီး​ခုံ၊ စား​ပွဲ၊ ရှေ့​တော်​မုန့်​နှင့် ပြင်​ဆင်​လျက်​ရှိ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 အကြောင်းမူကား တဲ​တော်​ကို​ပြင်ဆင်​ရာ​တွင် သန့်ရှင်း​ရာ​ဌာန​ဟု​ခေါ်​သော ပထမ​အခန်း​ထဲ၌ ဆီမီးခုံ၊ စားပွဲ​နှင့် ရှေ့​တော်​မုန့်​တို့​ကို​ထား​ရှိ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

2 တဲတော်​တွင် အခန်း​နှစ်ခန်း ပါရှိ​ပြီး ပထမ​အခန်း​တွင် ဆီမီးတိုင်​နှင့် သန့်ရှင်းသော​မုန့်များ​တင်ထားသည့် စားပွဲ​ရှိ၏။ ဤ​အခန်း​ကို သန့်ရှင်းသော​ဌာနတော်​ဟု ခေါ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ဗြဲ 9:2
21 ပူးပေါင်းရင်းမြစ်များ  

``အ​လျား​သုံး​ဆယ့်​ခြောက်​လက်​မ၊ အ​နံ တစ်​ဆယ့်​ရှစ်​လက်​မ၊ အ​မြင့်​နှစ်​ဆယ့်​ခု​နစ် လက်​မ​ရှိ​သော​စား​ပွဲ​တစ်​လုံး​ကို​အကာ​ရှ သစ်​သား​ဖြင့်​ပြု​လုပ်​လော့။-


ပ​ဋိ​ညာဉ်​သေတ္တာ​၏​အ​ရှေ့​တွင်​စား​ပွဲ​ကို​ထား ရ​မည်။ ထို​စား​ပွဲ​ပေါ်​မှာ​ရှေ့​တော်​တင်​မုန့်​အမြဲ ရှိ​စေ​ရ​မည်။


``ဆီ​မီး​ခုံ​ကို​ရွှေ​ဖြင့်​ပြု​လုပ်​လော့။ ဆီ​မီး​ခုံ တိုင်​နှင့်​အောက်​ခံ​ခုံ​တို့​ကို​ရွှေ​ဖြင့်​ထု​လုပ်​လော့။ ဆီ​မီး​ခုံ​တိုင်​တွင်​ပွင့်​ဖူး၊ ပွင့်​ချပ်​အ​စ​ရှိ​သော အ​လှ​ပန်း​များ​သည် ဆီ​မီး​ခုံ​တိုင်​နှင့်​တစ်​သား တည်း​ရှိ​စေ​ရ​မည်။-


``ငါ​စံ​တော်​မူ​ရာ​တဲ​တော်​ကို ချည်​ချော၊ သိုး​မွေး အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ​ရောင်​တို့​နှင့်​ရက် သော​ကန့်​လန့်​ကာ​ဆယ်​ခု​ဖြင့်​ပြု​လုပ်​လော့။ ထို ကန့်​လန့်​ကာ​များ​တွင် ခေ​ရု​ဗိမ်​ရုပ်​များ​ပန်း ပေါက်​ဖော်​ထား​ရ​မည်။-


ကန့်​လန့်​ကာ​ကို​ချိတ်​ပြီး​နောက်​ကန့်​လန့်​ကာ နောက်​တွင် ကျောက်​ပြား​နှစ်​ပြား​ပါ​ရှိ​သည့် ပ​ဋိ​ညာဉ်​သေတ္တာ​ကို​ထား​လော့။ ကန့်​လန့်​ကာ သည်​သန့်​ရှင်း​ရာ​ဌာ​န​နှင့်​အ​သန့်​ရှင်း​ဆုံး ဌာ​န​တော်​တို့​ကို​ပိုင်း​ခြား​ထား​မည်။-


စား​ပွဲ​နှင့်​ဆီ​မီး​ခုံ​ကို​ကန့်​လန့်​ကာ​အ​ပြင်​ဘက် တွင်​ထား​ရှိ​ရ​မည်။ စား​ပွဲ​ကို​မြောက်​ဘက်​တွင် လည်း​ကောင်း၊ ဆီ​မီး​ခုံ​ကို​တောင်​ဘက်​တွင်​လည်း ကောင်း​တစ်​ဘက်​တစ်​ချက်​၌​ထား​ရှိ​ရ​မည်။


``ယဇ်​ပု​ရော​ဟိတ်​များ​အ​ဖြစ်​ငါ​၏​အ​မှု​တော် ကို​ထမ်း​ဆောင်​ရန်​အာ​ရုန်​နှင့်​သူ​၏​သား​တို့​အား ဤ​သို့​ဆက်​ကပ်​ရ​မည်။ အ​ပြစ်​အ​နာ​ကင်း​သော နွား​ပေါက်​တစ်​ကောင်​နှင့်​သိုး​ထီး​နှစ်​ကောင်​ကို ယူ​ခဲ့​လော့။-


``ငါ​မိန့်​မှာ​သည့်​အ​တိုင်း​အာ​ရုန်​နှင့်​သူ​၏ သား​တို့​အား ယဇ်​ပု​ရော​ဟိတ်​အ​ရာ​ခံ​ယူ စေ​သည့်​မင်္ဂ​လာ​ကို​ခု​နစ်​ရက်​ပတ်​လုံး​ကျင်း​ပ ရ​မည်။-


``ပ​ထ​မ​လ၊ ပ​ထ​မ​နေ့​ရက်​တွင်​ထာ​ဝ​ရ ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်​ကို​စိုက်​ထူ​လော့။-


တဲ​တော်​ထဲ​သို့​စား​ပွဲ​တော်​ကို​သွင်း​၍၊ ဆိုင် ရာ​ပစ္စည်း​များ​ကို စား​ပွဲ​ပေါ်​တွင်​တင်​ထား လော့။ ဆီ​မီး​တိုင်​ကို​လည်း​သွင်း​၍ မီး​ခွက် များ​ကို​တင်​ထွန်း​ရ​မည်။-


သူ​နှင့်​သူ့​အ​ဖော်​တို့​သည်​ဘု​ရား​သ​ခင်​၏ ဗိ​မာန်​တော်​သို့​ဝင်​၍ ယဇ်​ပု​ရော​ဟိတ်​များ​သာ စား​အပ်​သော​ရှေ့​တော်​မုန့်​ကို​စား​ဖူး​သည် မ​ဟုတ်​လော။-


ဆီ​မီး​ကို​ထွန်း​ညှိ​၍​တင်း​တောင်း​ဖြင့်​အုပ်​၍​မ ထား​တတ်​ကြ။ အိမ်​သူ​အိမ်​သား​အ​ပေါင်း​တို့ အ​လင်း​ရောင်​ရ​စေ​ရန်​ဆီ​မီး​ခုံ​ပေါ်​မှာ​သာ တင်​ထား​တတ်​ကြ​၏။-


ယဇ်​ပု​ရော​ဟိတ်​မင်း​သည်​တိရစ္ဆာန်​များ​၏ သွေး​ကို ယူ​၍​နှစ်​စဉ်​နှစ်​တိုင်း​အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န တော်​သို့​ဝင်​လေ့​ရှိ​၏။ ခ​ရစ်​တော်​မူ​ကား​ယင်း​သို့ ကြိမ်​ဖန်​များ​စွာ​မိ​မိ​ကိုယ်​ကို​ပူ​ဇော်​ရန်​ဝင် တော်​မ​မူ။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ