Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ရာ​ချုပ် 13:11 - Common Language Bible

11 သူ​တို့​သည်​နံ​နက်​တိုင်း၊ ည​နေ​တိုင်း၊ နံ့​သာ​ပေါင်း နှင့်​တစ်​ကောင်​လုံး​မီး​ရှို့​ရာ​ယဇ်​များ​ကို​ထာ​ဝ​ရ ဘု​ရား​အား​ပူ​ဇော်​ကြ​သည်။ ဘာ​သာ​ရေး​ထုံး​နည်း အ​ရ​သန့်​စင်​သည့်​စား​ပွဲ​ပေါ်​တွင်​ရှေ့​တော်​မုန့်​ကို ပူ​ဇော်​ကြ​၏။ ည​နေ​တိုင်း​ရွှေ​မီး​တင်​ခုံ​များ​ပေါ် ရှိ​မီး​ခွက်​များ​ကို​ထွန်း​ညှိ​ကြ​၏။ ငါ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို​လိုက်​နာ ကြ​၏။ သင်​တို့​မူ​ကား​ကိုယ်​တော်​ကို​စွန့်​ပယ် ကြ​လေ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11 ထာ ဝ ရ ဘု ရား ထံ၊ မီး ရှို့ ရာ သ က္ကာ နှင့် နံ သာ ပေါင်း အ သင်း အ ထုံ ကို၊ နံ နက် တိုင်း၊ ညဉ့် ဦး တိုင်း၊ ပူ ဇော် ခြင်း၊ ရွှေ စင် စား ပွဲ ပေါ် တွင် ရှေ့ တော် တင် မုန့် ကို ခင်း ကျင်း ခြင်း၊ ညဉ့် ဦး တိုင်း၊ ထွန်း ရ သော ရွှေ မီး ခုံ ဆိုင် ရာ မီး ခွက် များ ကို ပြင် ဆင် ခြင်း များ ဖြင့်၊ သင် တို့ စွန့် ခွာ သော ငါ တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၏ အ မိန့် တော် ကို ကျိုး နွံ လျက် နေ ကြ ပါ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌၊ မီး​ရှို့​ရာ​ယဇ်​နှင့် နံ့​သာ​ပေါင်း​ကို နံ​နက်​တိုင်း၊ ညဉ့်​ဦး​တိုင်း​မီး​ရှို့​ကြ၏။ သန့်​ရှင်း​သော စား​ပွဲ​ပေါ်​မှာ ရှေ့​တော်​မုန့်​ကို​လည်း​ကောင်း၊ ညဉ့်​ဦး​တိုင်း​ထွန်း​စ​ရာ​ဖို့ ရွှေ​မီး​ခုံ​နှင့် မီး​ခွက်​တို့​ကို​လည်း​ကောင်း ပြင်​ဆင်​ကြ၏။ ငါ​တို့​သည် ငါ​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​အ​မှု​တော်​ကို စောင့်​ကြ၏။ သင်​တို့​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​ကို စွန့်​ကြ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 နံနက်တိုင်း​၊ ညနေတိုင်း ထာဝရဘုရား​ထံ​မီးရှို့ရာယဇ်​နှင့် အမွှေးနံ့သာ​တို့​ကို ပူဇော်​ကြ​၏​။ သန့်ရှင်း​သော​စားပွဲ​ပေါ်တွင် ရှေ့​တော်​မုန့်​ကို တင်​ထား​ပြီး ညနေ​တိုင်း ရွှေ​ဆီမီးခုံ​မှ မီးခွက်​တို့​၌ မီး​ကို​ထွန်း​ထား​၏​။ ငါ​တို့​သည် ငါ​တို့​ဘုရားသခင်​ထာဝရဘုရား​၏​အမိန့်​တော်​အတိုင်း လိုက်နာ​ကြ​သော်လည်း သင်​တို့​မူကား ဘုရားသခင်​ကို စွန့်ပယ်​ကြ​ပြီ​။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ရာ​ချုပ် 13:11
20 ပူးပေါင်းရင်းမြစ်များ  

အာ​ဗြ​ဟံ​သည်​ငါ​၏​စကား​ကို​နား​ထောင်​၍​ငါ ၏​ပ​ညတ်​နှင့်​အ​မိန့်​ရှိ​သ​မျှ​တို့​ကို​စောင့်​ထိန်း သော​ကြောင့် ငါ​သည်​သင့်​အား​ကောင်း​ချီး​ပေး မည်'' ဟု​မိန့်​တော်​မူ​၏။


``ငါ​တို့​မူ​ကား​ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ကို​မ​စွန့်​ဘဲ​ဆက်​လက်​ကိုး​ကွယ်​လျက် ရှိ​ကြ​သည်။ အာ​ရုန်​မှ​ဆင်း​သက်​လာ​သော​ယဇ်​ပု ရော​ဟိတ်​များ​သည်​မိ​မိ​တို့​တာ​ဝန်​ဝတ္တ​ရား​များ ကို​ထမ်း​ဆောင်​လျက်​ရှိ​ကြ​၏။ သူ​တို့​အား​လေ​ဝိ အ​နွယ်​ဝင်​များ​က​ကူ​ညီ​လျက်​ရှိ​ကြ​၏။-


ရှော​လ​မုန်​သည်​တု​ရု​ဘု​ရင်​ဟိ​ရံ​ထံ​သို့ သံ​တ​မန်​စေ​လွှတ်​၍``အ​ဆွေ​တော်​သည်​အ​ကျွန်ုပ် ၏​ခမည်း​တော်​ဒါ​ဝိဒ်​အား​နန်း​တော်​ဆောက်​လုပ် ရန်​အ​တွက်​သစ်​က​တိုး​သား​များ​ကို​ရောင်း ချ​ပေး​ခဲ့​သည့်​နည်း​တူ​ကျွန်ုပ်​နှင့်​လည်း​ကုန် သွယ်​မှု​ကို​ပြု​ပါ​လော့။-


ကျွန်ုပ်​သည်​ကျွန်ုပ်​၏​ဘု​ရား​သ​ခင်​ထာဝ​ရ ဘု​ရား​အား​ဂုဏ်​ပြု​ဆက်​ကပ်​ရန်​ဗိ​မာန်​တော် ကို​တည်​ဆောက်​လှူ​ဒါန်း​ပါ​မည်။ ထို​ဗိ​မာန် တော်​သည်​ကျွန်ုပ်​နှင့်​ပြည်​သူ​တို့​ဝတ်​ပြု​ကိုး ကွယ်​ရာ​ဌာ​န​တော်​ဖြစ်​လိမ့်​မည်။ ထို​ဗိ​မာန် တော်​တွင်​မွှေး​ကြိုင်​သော​နံ့​သာ​ပေါင်း​မီး​ရှို့ ပူ​ဇော်​၍​ရှေ့​တော်​မုန့်​ကို​အ​ဆက်​မ​ပြတ် ဆက်​သ​လျက်​နံ​နက်​တိုင်း​ည​တိုင်း၊ ဥပုသ် နေ့၊ လ​ဆန်း​ပွဲ​နေ့​နှင့်​ကျွန်ုပ်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား​ဂုဏ်​ပြု​သော အ​ခြား​နေ့​ထူး​နေ့​မြတ်​များ​၌ မီး​ရှို့​ပူ​ဇော် ရန်​သ​ကာ​များ​ကို​ဆက်​သ​မည်​ဖြစ်​ပါ​သည်။ ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​ပြည်​သူ တို့​အား ဤ​သို့​ထာ​ဝ​စဉ်​ပြု​လုပ်​ဆောင်​ရွက် ရန်​ပ​ညတ်​တော်​မူ​ပါ​သည်။-


စီ​မံ​ချက်​အ​ရ​အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န တော်​ရှေ့​တွင်​ထွန်း​ညှိ​ထား​ရန် ရွှေ​စင်​မီး​ခွက် များ​နှင့်​မီး​တင်​ခုံ​များ၊-


``ယဇ်​ပလ္လင်​ပေါ်​တွင်​နေ့​စဉ်​မ​ပြတ်​တစ်​နှစ် သား​သိုး​က​လေး​နှစ်​ကောင်​ကို​ပူ​ဇော်​ရ​မည်။-


အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``သို့​ရာ​တွင်​အ​ခြား ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ငါ့​အား ကျော​ခိုင်း​သွား​ကြ​သော​အ​ခါ​ဇာ​ဒုတ်​၏​သား မြေး​လေ​ဝိ​အ​နွယ်​ဝင်​ယဇ်​ပု​ရော​ဟိတ်​တို့ သည်​ဆက်​လက်​၍​ဗိ​မာန်​တော်​တွင်​ငါ​၏​အ​မှု တော်​ကို​သစ္စာ​ရှိ​စွာ​ဆောင်​ရွက်​ခဲ့​ကြ​၏။ သို့ ဖြစ်​၍​သူ​တို့​သည်​ယ​ခု​ငါ​၏​အ​မှု​တော် ကို​ထမ်း​ဆောင်​ရ​သူ​များ​ဖြစ်​ကြ​မည်။ ငါ ၏​အ​ထံ​တော်​သို့​ဝင်​၍​ယဇ်​ကောင်​များ​၏ ဆီ​ဥ​နှင့်​သွေး​ကို​ပူ​ဇော်​ရ​ကြ​မည်။-


သူ​တို့​သည်​ငါ​၏​ဗိ​မာန်​တော်​တွင်​သန့်​ရှင်း မြင့်​မြတ်​သည့်​ဝတ်​တို့​ကို​တာ​ဝန်​ယူ​၍ ဆောင်​ရွက်​မည့်​အ​စား​လူ​မျိုး​ခြား​တို့ အား​ဆောင်​ရွက်​စေ​ကြ​၏။


ဤ​သန့်​ရှင်း​မြင့်​မြတ်​သည့်​နယ်​မြေ​သည်​ဇာ​ဒုတ်​၏​သား​မြေး​များ​ဖြစ်​ကြ​သော​ယဇ်​ပု​ရော​ဟိတ်​တို့​အ​တွက်​ဖြစ်​ရ​မည်။ သူ​တို့​သည်​ငါ​၏​အ​မှု​တော်​ကို​သစ္စာ​ရှိ​စွာ​ထမ်း​ဆောင်​ခဲ့​ကြ​၏။ အ​ခြား​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​မှောက်​မှား​လမ်း​လွဲ​ကြ​သော​အ​ခါ သူ​တို့​သည်​လေ​ဝိ​အနွယ်​ဝင်​တို့​ကဲ့​သို့​လမ်း​မ​လွဲ​ကြ။-


တစ်​စုံ​တစ်​ယောက်​သည်​တဲ​တော်​အ​နီး​သို့​ချဉ်း​ကပ်​မိ​လျှင် ငါ​သည်​အ​မျက်​ထွက်​၍​တစ်​မျိုး​သား​လုံး​ကို​ဒဏ်​ခတ်​မည်​ဖြစ်​သည်။ သို့​ဖြစ်​၍​လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​တဲ​တော်​ကို​စောင့်​ကြပ်​ရန်​တဲ​တော်​ပတ်​လည်​တွင်​စ​ခန်း​ချ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။-


မော​ရှေ​က​အာ​ရုန်​အား``သင်​၏​မီး​ကျီး​ခဲ များ​ကို​ယူ​၍​ထည့်​ပြီး​လျှင်​နံ့​သာ​ပေါင်း ကို​မီး​ကျီး​ခဲ​ပေါ်​တွင်​တင်​လော့။ ထို​နောက် မီး​ကျီး​ခံ​အိုး​ကို​လူ​အ​ပေါင်း​တို့​ထံ​သို့ အ​လျင်​အ​မြန်​ယူ​ဆောင်​သွား​ပြီး​လျှင်​သူ တို့​အ​တွက်​သန့်​စင်​ခြင်း​ဝတ်​ကို​ပြု​လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​ကို​အ​မျက် ထွက်​သ​ဖြင့်​သူ​တို့​တွင်​ရော​ဂါ​ဆိုက်​ရောက် စေ​ပြီ'' ဟု​ဆို​လေ​၏။-


နက်​ဖြန်​နေ့​နံ​နက်​တွင်​သင်​နှင့်​သင်​၏​နောက် လိုက်​တို့​သည်​မီး​ကျီး​ခံ​အိုး​များ​တွင်​မီး​ခဲ နှင့်​နံ့​သာ​ပေါင်း​ကို​ထည့်​၍​ယဇ်​ပလ္လင်​သို့​ယူ ဆောင်​သွား​လော့။ ထို​အ​ခါ​မည်​သူ့​အား ထာ​ဝ​ရ​ဘု​ရား​ရွေး​ကောက်​တော်​မူ​ကြောင်း ကို​သိ​ရ​ကြ​လိမ့်​မည်။ လေ​ဝိ​အ​နွယ်​ဝင် ဖြစ်​သော​သင်​တို့​သာ​လျှင်​လွန်​ကဲ​သော အ​မှု​ကို​ပြု​သူ​များ​ဖြစ်​သည်'' ဟု​ဆို လေ​၏။


မိုး​တိမ်​သည်​တဲ​တော်​အ​ပေါ်​တွင်​အ​ချိန်​ကြာ​မြင့်​စွာ​တည်​ရှိ​နေ​သော​အ​ခါ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို​နာ​ခံ​၍​ခ​ရီး​ဆက်​ခြင်း​မ​ပြု​ကြ​ချေ။-


ယဇ်​ပု​ရော​ဟိတ်​တို့​၏​ထုံး​စံ​အ​ရ​မဲ​ကျ​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​၏​ဗိမာန်​တော်​အ​တွင်း​သို့​ဝင်​၍ နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ပူ​ဇော်​ရ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ