ထာဝရအရှင်ဘုရားသခင်ကမိန်းမအား``သင် သည်အဘယ်ကြောင့်ထိုသို့ပြုရသနည်း'' ဟု မေးတော်မူလျှင် ``မြွေကကျွန်မကိုလှည့်စား သဖြင့်စားမိပါသည်'' ဟုပြန်လည်လျှောက် လေ၏။
ကောလောသဲ 2:18 - Common Language Bible မမှန်ကန်သောနှိမ့်ချခြင်း၊ ကောင်းကင်တမန် တို့အားဝတ်ပြုကိုးကွယ်ခြင်းတို့ကိုအလေး အနက်ပြောဆို၍မိမိတို့တွေ့မြင်သည့်ဗျာ ဒိတ်ရူပါရုံများကိုအကြောင်းပြုကာ မိမိ တို့ကအခြားသူတို့ထက်သာသည်ဟုပြော ဆိုတတ်သူများကသင်တို့အားရှုတ်ချခွင့် ကိုမပေးနှင့်။ သူတို့သည်လူ့သဘောဖြင့် စဉ်းစားဆင်ခြင်လျက်အကြောင်းမဲ့စိတ် နေမြင့်လျက်ရှိကြ၏။- Garrad Bible ဦး ထိပ် တော် ကို မ စွဲ မ ကိုင် ဘဲ ကိုယ့် ရူ ပါ ရုံ ကို စွဲ လမ်း လျက် ရုပ် ခ န္ဓာ သ ဘော ဖြင့် အ ကျိုး မဲ့ ဝင့် ဝါ သူ မည် သူ မ ဆို စေ တ မန် တော် များ ကို နှိမ့် ချ စွာ ကိုး ကွယ် ခြင်း နှင့် စပ်၍ ကိုယ့် သ ဘော အ တိုင်း မ သွေး ဆောင် စေ နှင့်။ ဆို ခဲ့ သည့် ဦး ထိပ် တော် မှ တစ် ခန္ဓာ လုံး သည် ဆက် သွယ် ခြင်း၊ စေ့ စပ် ခြင်း များ ဖြင့် အား ပြည့် ဖွဲ့ စည်း လျက် ဘု ရား သ ခင် စီ မံ တော် မူ သည့် အ တိုင်း တိုး ပွား ခွင့် ရ၏။ Judson Bible ဦးခေါင်းတော်ကို အမှီမပြု၊ ဇာတိပကတိ၏ စိတ်နှလုံး အချည်းနှီးထောင်လွှားလျက်၊ မိမိမသိမမြင်သောအရာကို စူးစမ်းလျက်၊ စိတ်နှိမ့်ချခြင်း၌လည်းကောင်း၊ ကောင်းကင်တမန်ကို ကိုးကွယ်ခြင်း၌လည်းကောင်း မွေ့လျော်သောသူ တစ်စုံတစ်ယောက်မျှ သင်တို့ဆုကို မလုမယူစေနှင့်။- မြန်မာ့စံမီသမ္မာကျမ်း မိမိကိုယ်ကိုချိုးနှိမ်ခြင်း၊ ကောင်းကင်တမန်များကိုကိုးကွယ်ခြင်းတို့၌ မွေ့လျော်နေသောသူတစ်စုံတစ်ဦးကြောင့် သင်တို့သည် ဆုနှင့်လွဲရသည့်အဖြစ်မျိုးကို အဖြစ်မခံကြနှင့်။ ထိုသူတို့သည် မြင်မက်သောအရာတို့ကို နှိုက်နှိုက်ချွတ်ချွတ်စူးစမ်း၍ မိမိ၏သွေးသားဇာတိနှင့်ဆိုင်သော စိတ်နှလုံးအားဖြင့် အချည်းနှီးထောင်လွှားကာ ခေတ်သစ်မြန်မာ သမ္မာကျမ်း မိမိကိုယ်ကိုယ် နှိမ့်ချပြခြင်းနှင့် ကောင်းကင်တမန်များကို ကိုးကွယ်ခြင်းတို့ကို အတင်းအကျပ်ပြုစေသောသူ တစ်စုံတစ်ယောက်ကိုမျှ သင်တို့၏ ဆုကို လုယူခွင့် မပေးနှင့်။ ထိုသို့သောသူတို့သည် မိမိတို့မြင်ရသော အထူးရူပါရုံများကြောင့် အခြားသူတို့ထက် သာလွန်သည်ဟု မှတ်ယူ၍ လူ့အတွေးအခေါ်ဖြင့် အကြောင်းမဲ့ ဘဝင်မြင့်တတ်ကြ၏။ |
ထာဝရအရှင်ဘုရားသခင်ကမိန်းမအား``သင် သည်အဘယ်ကြောင့်ထိုသို့ပြုရသနည်း'' ဟု မေးတော်မူလျှင် ``မြွေကကျွန်မကိုလှည့်စား သဖြင့်စားမိပါသည်'' ဟုပြန်လည်လျှောက် လေ၏။
သင်တို့သည်ဆီမွှေးနှင့်နံ့သာများကို လိမ်းကျံလျက် မောလုပ်ဘုရားကိုဝတ်ပြု ကိုးကွယ်ရန်သွားရောက်ကြ၏။ ရပ်နီးရပ်ဝေး နှင့်မရဏာနိုင်ငံသို့တိုင်အောင်ပင် သံတမန် များစေလွှတ်၍ဘုရားများကိုရှာဖွေစေ ကြ၏။-
အရှင်ထာဝရဘုရားက``ဤပရောဖက်မိုက် တို့သည်အမင်္ဂလာရှိကြ၏။ သူတို့သည်ငါ ၏ဝိညာဉ်တော်နှိုးဆော်ခြင်းကိုမခံရဘဲ မိမိတို့ကိုယ်တိုင်ဗျာဒိတ်ရူပါရုံများ ကိုလုပ်ကြံဟောပြောကြ၏။-
ထိုဘုရားများအစားခံတပ်များကို ကွယ် ကာစောင့်ရှောက်သည့်ဘုရားကိုမြှောက်စား လိမ့်မည်။ မိမိ၏ဘိုးဘေးတို့အဘယ်အခါ ကမျှ မကိုးကွယ်ခဲ့သောဘုရားအားရွှေ၊ ငွေ၊ ကျောက်မျက်ရတနာများနှင့်အခြားအဖိုး ထိုက်သည့်လက်ဆောင်ပဏ္ဏာပူဇော်သကာများ ကိုဆက်သလိမ့်မည်။-
အဘယ်ကြောင့်ဆိုသော်သူတို့သည်ပေဂုရ အရပ်တွင် သင်တို့ကိုလှည့်ဖြား၍ပြစ်မှားစေ သောကြောင့်လည်းကောင်း၊ ထိုအရပ်တွင်ရောဂါ ကပ်ကျရောက်စဉ်သေဆုံးသွားသောကောဇဘိ ကိစ္စကြောင့်လည်းကောင်း မိဒျန်အမျိုးသား တို့ကိုတိုက်ခိုက်သုတ်သင်ဖျက်ဆီးလော့'' ဟုမိန့်တော်မူ၏။
မေရှိယအတုအယောင်များ၊ ပရောဖက်အတု အယောင်များပေါ်ပေါက်လာလိမ့်မည်။ သူတို့သည် ဖြစ်နိုင်ပါကဘုရားသခင်ရွေးချယ်ထားတော်မူ သောသူများကိုပင်လှည့်စားနိုင်ရန်အံ့သြဖွယ် နိမိတ်လက္ခဏာများနှင့်ထူးဆန်းသည့်အမှု အရာများကိုပြကြလိမ့်မည်။-
သူတို့သည်ဘုရားသခင်၏တရားမှန်ကို အမှားနှင့်လဲလှယ်ကြ၏။ ဖန်ဆင်းတော်မူ သောအရှင်အစားအဖန်ဆင်းခံအရာကို ကိုးကွယ်ဝတ်ပြုကြ၏။ ဖန်ဆင်းတော်မူသော အရှင်၏ဂုဏ်တော်ကိုထာဝစဉ်ချီးမွမ်း ထောမနာပြုကြစေသတည်း။ အာမင်။
သူတို့သည်ငါတို့၏အရှင်ခရစ်တော်၏အမှုတော် ကိုထမ်းဆောင်သူများမဟုတ်။ မိမိတို့၏အမှုကို သာစိတ်ဝင်စားသူများဖြစ်ကြ၏။ သူတို့သည်နူးညံ့ ချိုသာသောစကားများ၊ မြှောက်ပင့်သောစကားများ ဖြင့်ရိုးသားသူတို့၏စိတ်ကိုလှည့်စားတတ်ကြ၏။-
မေတ္တာသည်သည်းခံတတ်၏။ ကြင်နာသနား တတ်၏။ မနာလိုစိတ်မရှိ။ မေတ္တာသည်ကြွားဝါ မှုမရှိ။ မာန်မာနမရှိ။-
သင်တို့သည်လောကီသားများအဆင့်အတန်း ၌သာနေကြသေး၏။ အချင်းချင်းမနာလို လျက်၊ ရန်ဖြစ်လျက်နေကြသည်မှာလောကီ သားအဆင့်အတန်း၌ပင်သင်တို့ရှိနေကြ သေး၍မဟုတ်ပါလော။ လောကီထုံးစံအတိုင်း ကျင့်ကြံနေကြခြင်းပင်မဟုတ်ပါလော။-
သင်တို့ထံသို့ငါလာရောက်တော့မည်မဟုတ် ဟုထင်မှတ်ကာ သင်တို့အနက်အချို့သော သူတို့သည်မာနထောင်လွှားလျက်ရှိကြ၏။-
ညီအစ်ကိုတို့၊ သင်တို့၏အကျိုးငှာဤအကြောင်း အရာများတွင် အာပေါလုနှင့်ငါ့ကိစ္စကိုဥပမာ ထည့်သွင်းဖော်ပြလိုက်ခြင်းဖြစ်၏။ ထိုသို့ဖော် ပြရခြင်းမှာ ``စည်းမျဉ်းကိုကျော်လွန်၍မပြု နှင့်'' ဟူသောဆိုရိုးစကား၏အနက်အဋ္ဌိပ္ပါယ် ကိုသင်တို့နားလည်နိုင်ကြစေရန်ဖြစ်၏။ သင် တို့သည်တစ်ယောက်ကိုချီးမွမ်း၍အခြား တစ်ယောက်ကိုမထီလေးစားမပြုကြနှင့်။-
သင်တို့ရေးသားမေးမြန်းသည့်ရုပ်တုများ ကိုပူဇော်ရာအစားအစာကိစ္စနှင့်ပတ်သက် ၍ ငါဖြေပေးပါမည်။ ငါတို့အားလုံးပင် အသိပညာရှိသူများဖြစ်သည်ဟုဆို သည့်စကားမှာမှန်ပေ၏။ သို့ရာတွင်အသိ ပညာသည်လူတို့ကိုမာန်မာနထောင် လွှားစေတတ်၏။ မေတ္တာမူကားဆောက်တည် မှုကိုပြုတတ်၏။-
အပြေးပြိုင်ပွဲတွင်လူအများအပြားပင်ဝင် ရောက်ယှဉ်ပြိုင်ကြသော်လည်း တစ်ယောက်တည်း သာလျှင်အောင်ဆုကိုရရှိကြောင်းသင်တို့သိ ကြ၏။ သို့ဖြစ်၍သင်တို့သည်အောင်ဆုကို ဆွတ်ခူးနိုင်ရန်ပြေးကြလော့။-
ဧဝသည်မြွေ၏ကောက်ကျစ်စဉ်းလဲမှုဖြင့် အလှည့်စားခံရသကဲ့သို့သင်တို့သည်လည်း စိတ်ဖောက်ပြန်ကာ ခရစ်တော်အားအကြွင်းမဲ့ ချစ်ခင်စွဲလမ်းမှုကိုစွန့်လွှတ်လိုက်ကြမည် လောဟုငါစိုးရိမ်မိ၏။-
သင်တို့ထံရောက်သောအခါငါတွေ့မြင် လိုသည့်အခြေအနေမျိုးတွင်သင်တို့ အားမတွေ့ရမည်ကိုလည်းကောင်း၊ သင် တို့သည်လည်းမိမိတို့မြင်လိုသည့်အခြေ အနေတွင်ငါတို့အားမတွေ့ရကြမည် ကိုလည်းကောင်းစိုးရိမ်မိ၏။ ခိုက်ရန်ဖြစ် ခြင်း၊ မနာလိုခြင်း၊ အမျက်ထွက်ခြင်း၊ ဂုဏ် ပြိုင်ခြင်း၊ စော်ကားပြောဆိုခြင်း၊ တီးတိုး ဂုံးချောခြင်း၊ မောက်မာထောင်လွှားခြင်း၊ ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းတို့ကိုငါ တွေ့ရမည်ကိုစိုးရိမ်မိ၏။-
သို့ဖြစ်၍သင်တို့သည်ဘုရားမဲ့သူများနည်း တူဆက်လက်မကျင့်ကြံကြရန် သခင်ဘုရား ၏နာမတော်ကိုအမှီပြု၍ငါသတိပေး လို၏။ သူတို့၏အကြံအစည်များကား အချည်းနှီးသာဖြစ်သည်။-
အချည်းနှီးသောစကားဖြင့်အဘယ်သူမျှ သင်တို့ကိုမလှည့်ဖြားစေနှင့်။ ထိုအမှုများ ကြောင့်ဘုရားသခင်၏အမိန့်တော်ကိုမနာ ခံသူတို့သည်အမျက်တော်သင့်ကြလိမ့်မည်။-
``ငါတို့ဘုရားသခင်ထာဝရဘုရား ထုတ်ဖော်မပြသောအကြောင်းအရာများ ရှိ၏။ သို့ရာတွင်ငါတို့အားထုတ်ဖော်ပြ သောအကြောင်းအရာဟူမူကား ပညတ် တရားတော်ဖြစ်သတည်း။ ငါတို့နှင့်ငါ တို့၏နောင်လာနောင်သားတို့သည် ထို ပညတ်တရားတော်ကိုအစဉ်အမြဲ စောင့်ထိန်းရကြမည်။
သို့ဖြစ်၍ငါသည်ဆုကိုရရန်ပန်းတိုင်သို့ရှေးရှု လျက်ပြေး၏။ ထိုဆုကားအထက်အရပ်၌အသက် ရှင်ရေးအတွက်ခရစ်တော်ယေရှုအားဖြင့်ဘုရား သခင်ဖိတ်ခေါ်တော်မူခြင်းပင်ဖြစ်သတည်း။
ကောင်းကင်တမန်များအားမဖြစ်မနေကိုး ကွယ်ရခြင်း၊ မမှန်ကန်သောစိတ်နှိမ့်ချခြင်း၊ အလွန်အမင်းကိုယ်ခန္ဓာကိုနှိပ်စက်ခြင်းတည်း ဟူသောဥပဒေတို့သည် ဉာဏ်ပညာနှင့်ယှဉ် သောဥပဒေပညတ်များဖြစ်ဟန်တူသော် လည်းကာယတပ်မက်မှုများကိုထိန်းချုပ် ရာတွင်မည်သို့မျှအထောက်အကူမပေး ချေ။
သို့ဖြစ်၍မည်မျှပင်ယုတ္တိရှိဟန်တူသော မှားယွင်းသည့်အကြောင်းပြချက်များဖြင့် အဘယ်သူမျှသင်တို့အားမလှည့်စားစေ နှင့်။-
ခရစ်တော်ထံမှမဟုတ်ဘဲလူတို့၏ထုံးတမ်း စဉ်လာမှလည်းကောင်း၊ စကြဝဠာကို အစိုးရ သည့်ဝိညာဉ်များမှလည်းကောင်း၊ လက်ဆင့်ကမ်း သည့်အချည်းနှီးသောလူပညာပရိယာယ်ဖြင့် အဘယ်သူမျှသင်တို့အားကျွန်ဘဝသို့ မသက်ဆင်းစေရန်သတိပြုကြလော့။-
ထိုသူတို့သည်မိမိတို့ပြောဆိုသောစကား များကိုသော်လည်းကောင်း၊ မိမိတို့ပိုင်နိုင်စွာ ပြောဆိုသည့်အကြောင်းအရာများကိုသော် လည်းကောင်းနားမလည်ကြ။ သို့နှင့်လည်းသူ တို့သည်ဘုရားသခင်၏ပညတ်ဆိုင်ရာ နည်းပြဆရာများလုပ်လိုသေး၏။
နောင်ကာလ၌လူအချို့တို့သည်မုသားပြော ဆိုသည့်ဝိညာဉ်များ၏စကားကိုနာခံလျက် နတ်မိစ္ဆာတို့၏သြဝါဒကိုလိုက်နာကာ မိမိ တို့၏ယုံကြည်ခြင်းကိုစွန့်လွှတ်ကြလိမ့်မည် ဟုဝိညာဉ်တော်က အတိအလင်းဖော်ပြ တော်မူ၏။-
သူတို့၏မျက်စိသည်အကျင့်ပျက်သည့် အမျိုးသမီးများကိုသာကြည့်လျက်အပြစ် ကူး၍အားမရနိုင်ကြ။ သူတို့သည်ယုံ ကြည်ခြင်းမရင့်ကျက်သူတို့ကိုထောင် ချောက်ထဲသို့ကျစေကြ၏။ လောဘလွန် ကူးမှုတွင်ကျင်လည်ကြ၏။ သူတို့သည် ဘုရားသခင်၏ကျိန်စာသင့်သူများ ဖြစ်ကြ၏။-
သင်တို့အားမှောက်မှားလမ်းလွဲစေရန်ကြိုးစား သူတို့၏အကြောင်းနှင့်ပတ်သက်၍ ဤအကြောင်း အရာများကိုငါစာရေးလိုက်၏။-
ကမ္ဘာသူကမ္ဘာသားတို့အားလှည့်ဖြားသူနတ် မိစ္ဆာဘုရင်ဟူ၍လည်းကောင်း၊ စာတန်ဟူ၍ လည်းကောင်းခေါ်ဝေါ်ခြင်းခံရသူရှေးမြွေ နဂါးကြီးသည် မိမိ၏ဘက်သားကောင်းကင် တမန်များနှင့်အတူကမ္ဘာမြေပေါ်သို့ပစ်ချ ခြင်းကိုခံရလေသည်။
သူသည်ပထမသားရဲ၏ရှေ့၌ပြပိုင်ခွင့် ရှိသည့်နိမိတ်လက္ခဏာများကိုပြ၍ ကမ္ဘာ သူကမ္ဘာသားတို့အားမှောက်မှားလမ်းလွဲစေ လေသည်။ ဋ္ဌားဒဏ်ရာကိုရရှိသော်လည်း မသေဘဲရှင်နေသူထိုသားရဲအား ရိုသေ ဂုဏ်ပြုသည့်အနေဖြင့်သူ၏ရုပ်တုကိုပြု လုပ်ရန်ကမ္ဘာသူကမ္ဘာသားတို့အားစေခိုင်း ၏။-
အသေသတ်ခြင်းခံရသည့်သိုးသူငယ်တော် ၏အသက်စာစောင်တွင် ကမ္ဘာလောကကိုဖန် ဆင်းတော်မမူမီကပင် စာရင်းဝင်သူတို့မှ တစ်ပါးကမ္ဘာသူကမ္ဘာသားအပေါင်းတို့သည် ထိုသားရဲအားရှိခိုးကြလိမ့်မည်။
ထိုအခါငါသည်သူ၏ခြေရင်းတွင်ပျပ်ဝပ် လျက်သူ့အားရှိခိုးမည်ပြု၏။ သို့ရာတွင်ကောင်း ကင်တမန်က``ဤသို့မပြုနှင့်။ ငါသည်သင်နှင့် သင်၏ညီအစ်ကိုများမှစ၍သခင်ယေရှု ဖော်ပြသည့်သမ္မာတရားကိုစောင့်ထိန်းရသူ တို့နှင့်လုပ်ဖော်ဆောင်ဘက်အစေခံတစ်ဦး သာလျှင်ဖြစ်၏။ ဘုရားသခင်ကိုသာရှိခိုး လော့'' ဟုဆို၏။ အဘယ်ကြောင့်ဆိုသော်သခင်ယေရှုဖော်ပြ တော်မူသောသမ္မာတရားသည်ပရောဖက်တို့ အားလှုံ့ဆော်သောကြောင့်တည်း။
ငါသည်မကြာမီကြွလာမည်။ သင်၏ဆု သရဖူကိုအဘယ်သူမျှမလုမယူနိုင်စေရန် သင်ရရှိထားသောအရာကိုလုံခြုံစွာထိန်း သိမ်း၍ထားလော့။-