Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဒံ​ယေ​လ 11:38 - Common Language Bible

38 ထို​ဘု​ရား​များ​အ​စား​ခံ​တပ်​များ​ကို ကွယ် ကာ​စောင့်​ရှောက်​သည့်​ဘု​ရား​ကို​မြှောက်​စား လိမ့်​မည်။ မိ​မိ​၏​ဘိုး​ဘေး​တို့​အ​ဘယ်​အ​ခါ က​မျှ မ​ကိုး​ကွယ်​ခဲ့​သော​ဘု​ရား​အား​ရွှေ၊ ငွေ၊ ကျောက်​မျက်​ရ​တ​နာ​များ​နှင့်​အ​ခြား​အ​ဖိုး ထိုက်​သည့်​လက်​ဆောင်​ပဏ္ဏာ​ပူ​ဇော်​သကာ​များ ကို​ဆက်​သ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

38 ၎င်း တို့ အ ရာ၌ လည်း ခံ တပ် ဘု ရား ကို ရို သေ လေး မြတ်၍ ဘိုး ဘေး တို့ မ သိ သော ဘု ရား အား ရွှေ၊ ငွေ၊ ကျောက် မျက်၊ ထိုက် ထန် သော ပ စ္စည်း များ ကို ပူ ဇော် လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

38 ထို​ဘု​ရား​အ​ရာ၌ ရဲ​တိုက်​တို့၏​ဘု​ရား​နှင့်၊ ဘိုး​ဘေး​တို့​မ​သိ​သော​ဘု​ရား​ကို ချီး​မြှောက်၍၊ ရွှေ၊ ငွေ၊ ကျောက်​မြတ်၊ နှစ်​သက်​ဖွယ်​သော တန်​ဆာ​များ​ကို ပူ​ဇော်​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

38 ထို​ဘုရား​တို့​အစား ခံတပ်စောင့်​ဘုရား​ကို ချီးမွမ်းထောမနာ​ပြု​လိမ့်မည်​။ သူ့​ဘိုးဘေး​တို့​မ​သိ​သော​ထို​ဘုရား​ကို ရွှေ​ငွေ​၊ အဖိုးတန်​ကျောက်မျက်ရတနာ​များ​နှင့် လက်ဆောင်ပစ္စည်း​တို့​ဖြင့် ချီးမွမ်းထောမနာ​ပြု​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဒံ​ယေ​လ 11:38
8 ပူးပေါင်းရင်းမြစ်များ  

နောင်​ကာ​လ​၌​လူ​အ​ချို့​တို့​သည်​မု​သား​ပြော ဆို​သည့်​ဝိ​ညာဉ်​များ​၏​စ​ကား​ကို​နာ​ခံ​လျက် နတ်​မိစ္ဆာ​တို့​၏​သြ​ဝါ​ဒ​ကို​လိုက်​နာ​ကာ မိ​မိ တို့​၏​ယုံ​ကြည်​ခြင်း​ကို​စွန့်​လွှတ်​ကြ​လိမ့်​မည် ဟု​ဝိ​ညာဉ်​တော်​က အ​တိ​အ​လင်း​ဖော်​ပြ တော်​မူ​၏။-


ရုပ်​တု​ဆင်း​တု​ပြု​လုပ်​သူ​အ​ပေါင်း​တို့​သည် တန်​ဖိုး​မဲ့​သူ​များ​ဖြစ်​၍ သူ​တို့​အ​မြတ်​တ​နိုး ထား​သည့်​ဘု​ရား​များ​သည်​လည်း​အ​သုံး​မ​ဝင် ကြ။ ထို​ဘု​ရား​များ​ကို​ကိုး​ကွယ်​ဝတ်​ပြု​ကြ သော​သူ​တို့​သည်​မျက်​စိ​ကန်း​သူ​များ၊ အ​သိ ပ​ညာ​ကင်း​မဲ့​သူ​များ​ဖြစ်​၏။ သူ​တို့​သည် အ​သ​ရေ​ပျက်​ကြ​လိမ့်​မည်။-


သူ​တို့​၏​ကုန်​ပစ္စည်း​များ​ကား​ရွှေ၊ ငွေ၊ ကျောက်​မျက် ရ​တ​နာ၊ ပု​လဲ၊ ပိတ်​ချော​ထည်၊ မ​ရမ်း​စေ့​ရောင်​ပိုး ထည်၊ ဖဲ​နီ​ထည်၊ နံ့​သာ​သား​အ​မျိုး​မျိုး၊ ဆင်​စွယ်၊ အ​ဖိုး​တန်​သစ်​သား၊ ကြေး၊ သံ၊ ကျောက်​ဖြူ​တို့ ဖြင့်​ပြု​လုပ်​ထား​သည့်​ပစ္စည်း​အ​မျိုး​မျိုး၊-


ထို​နောက်​များ​မ​ကြာ​မီ​မင်း​သ​မီး​နှင့်​ဆွေ မျိုး​တော်​စပ်​သူ​တစ်​ဦး​သည် အီ​ဂျစ်​ထီး​နန်း ကို​ရ​ရှိ​လိမ့်​မည်။ သူ​သည်​ဆီး​ရီး​ယား​ဘု​ရင် ၏​စစ်​သည်​ဗိုလ်​ခြေ​တို့​ကို​တိုက်​ခိုက်​လိမ့်​မည်။ သူ​တို့​၏​ခံ​တပ်​ကို​လည်း​ထိုး​ဖောက်​ဝင် ရောက်​ကာ​သူ​တို့​အား​နှိမ်​နင်း​လိမ့်​မည်။-


ထို​မင်း​သည်​မိ​မိ​၏​ဘိုး​ဘေး​တို့​ကိုး​ကွယ် သည့်​ဘု​ရား​ကို​လည်း​ကောင်း၊ အ​မျိုး​သ​မီး တို့​မြတ်​နိုး​သည့်​ဘု​ရား​ကို​လည်း​ကောင်း ပ​မာ​ဏ​ပြု​လိမ့်​မည်​မ​ဟုတ်။ မိ​မိ​ကိုယ်​ကို ဘု​ရား​အ​ပေါင်း​တို့​ထက်​ကြီး​မြတ်​သည်​ဟု ထင်​မှတ်​သ​ဖြင့် ထို​ဘု​ရား​တို့​ကို​ပစ်​ပယ် လိမ့်​မည်။-


မိ​မိ​၏​ခံ​တပ်​များ​အ​တွက်​အ​စောင့်​တပ်​သား များ​အ​ဖြစ်၊ နိုင်​ငံ​ခြား​ဘု​ရား​ကို​ကိုး​ကွယ် သူ​တို့​အား​အ​သုံး​ပြု​လိမ့်​မည်။ မိ​မိ​၏​စိုး​မိုး အုပ်​ချုပ်​မှု​ကို​လက်​ခံ​သော​သူ​တို့​အား ကြီး မြတ်​သော​ရာ​ထူး​များ​ဖြင့်​ချီး​မြှင့်​၍​မြေ ယာ​များ​ကို​ဆု​တော်​လာဘ်​တော်​အ​ဖြစ် ဖြင့်​ပေး​အပ်​လိမ့်​မည်။''


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ