ကမ္ဘာဦး 3:13 - Common Language Bible13 ထာဝရအရှင်ဘုရားသခင်ကမိန်းမအား``သင် သည်အဘယ်ကြောင့်ထိုသို့ပြုရသနည်း'' ဟု မေးတော်မူလျှင် ``မြွေကကျွန်မကိုလှည့်စား သဖြင့်စားမိပါသည်'' ဟုပြန်လည်လျှောက် လေ၏။ အခန်းကိုကြည့်ပါ။Garrad Bible13 သင် သည် မည် သို့ ပြု ဘိ သ နည်း ဟု မိန်း မ အား ထာ၀ ရ ဘု ရား သ ခင် မေး တော် မူ လျှင် မိန်း မ က မြွေ လှည့် စား သ ဖြင့် ကျွန် တော် မ စား မိ ပါ ပြီ ဟု လျှောက် လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible13 ထာဝရအရှင်ဘုရားသခင်ကလည်း၊ သင်သည် အဘယ်သို့ပြုပြီးသနည်းဟု မိန်းမအားမေးတော်မူလျှင်၊ မိန်းမက မြွေသည် ကျွန်တော်မကိုလှည့်စား၍၊ ကျွန်တော်မသည်စားမိပါပြီဟု လျှောက်လေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း13 ထာဝရအရှင်ဘုရားသခင်ကလည်း မိန်းမအား “သင်ပြုသောဤအမှုကား မည်သို့နည်း”ဟု မိန့်တော်မူလျှင် မိန်းမက “မြွေသည် အကျွန်ုပ်ကိုလှည့်စား၍ အကျွန်ုပ်စားမိပါသည်”ဟု လျှောက်လေ၏။ အခန်းကိုကြည့်ပါ။ |
ရှောလုက``အကျွန်ုပ်၏လူတို့သည်ထိုသိုး နွားများကိုအာမလက်အမျိုးသားတို့ထံ မှသိမ်းယူခဲ့ကြပါ၏။ သူတို့သည်အဆူ ဖြိုးဆုံးသောသိုးနွားတို့ကို အရှင်ဘုရားသခင်ထာဝရဘုရားအားယဇ်ပူဇော်ရန် ထားရှိကြပါ၏။ အခြားကျန်ရှိသည့် အရာများကိုမူလုံးဝဖျက်ဆီး လိုက်ကြပါပြီ'' ဟုဖြေကြား၏။
သမီးကိုဖွားမြင်သောအမျိုးသမီးသည် ဋ္ဌမ္မ တာရာသီပေါ်ချိန်၌မသန့်ရှင်းသကဲ့သို့ မီး ဖွားပြီးတစ်ဆယ့်လေးရက်အတွင်းဘာသာ ရေးထုံးနည်းအရမသန့်ရှင်းချေ။ မိခင်သည် သွေးသန့်သည့်ကာလမတိုင်မီ နောက်ထပ်ခြောက် ဆယ့်ခြောက်ရက်အတွင်းဘာသာရေးထုံးနည်း အရမသန့်ရှင်းချေ။
ထိုအခါဗေသလမြို့သားပရောဖက်အိုကြီး က``ငါသည်လည်းသင်ကဲ့သို့ပင်ပရောဖက်ဖြစ် ပါ၏။ ထာဝရဘုရား၏အမိန့်တော်အရ ကောင်းကင်တမန်တစ်ပါးကသင့်ကိုအိမ်သို့ ဖိတ်ခေါ်၍ဧည့်ဝတ်ပြုရန် ငါ့အားမှာကြား ထားပါသည်'' ဟုဆို၏။ ယင်းသို့ထိုပရောဖက် ကြီးကမုသားသုံး၍ပြောဆိုသဖြင့်၊