၁ ကော 3:3 - Common Language Bible3 သင်တို့သည်လောကီသားများအဆင့်အတန်း ၌သာနေကြသေး၏။ အချင်းချင်းမနာလို လျက်၊ ရန်ဖြစ်လျက်နေကြသည်မှာလောကီ သားအဆင့်အတန်း၌ပင်သင်တို့ရှိနေကြ သေး၍မဟုတ်ပါလော။ လောကီထုံးစံအတိုင်း ကျင့်ကြံနေကြခြင်းပင်မဟုတ်ပါလော။- အခန်းကိုကြည့်ပါ။Garrad Bible3 ရုပ် စွဲ လျက် ရှိ သေး သော ကြောင့် ယ ခု တိုင် အောင် မ ကျေ ကျက် နိုင် ချေ။ သင် တို့ ဘောင် တွင် ပြိုင် ဆိုင် ခြင်း ခိုက် ရန် ဖြစ် ခြင်း များ ရှိ စဉ် ရုပ် စွဲ သူ ပု ထု ဇဉ် အ လိုက် ကျင့် ကြံ ပြု မူ သူ ဖြစ် ကြ သည် မ ဟုတ် လော။ အခန်းကိုကြည့်ပါ။Judson Bible3 ယခုပင်လည်း၊ ဇာတိပကတိလူ ဖြစ်ကြသေး၏။ ဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်း၊ အချင်းချင်းကွဲပြားခြင်းရှိသည်ဖြစ်၍၊ သင်တို့သည် ဇာတိပကတိ လူဖြစ်ကြသည် မဟုတ်လော။ လောကီထုံးစံအတိုင်း ကျင့်ဆောင်ကြသည် မဟုတ်လော။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း3 အကြောင်းမူကား သင်တို့သည် သွေးသားဇာတိ၌ရှိသောသူများဖြစ်ကြသေး၏။ သင်တို့ကြား၌ မနာလိုခြင်းနှင့်ပဋိပက္ခဖြစ်ခြင်းရှိကြသည်မှာ သင်တို့သည် သွေးသားဇာတိ၌ရှိသူများဖြစ်ကြပြီး သာမန်လူသားအတိုင်း အသက်ရှင်လျှောက်လှမ်းနေကြသောကြောင့်မဟုတ်လော။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း3 အဘယ်ကြောင့်ဆိုသော် သင်တို့သည် လူ့ဗီဇစိတ်၏ ထိန်းချုပ်မှုအောက်၌ ရှိနေကြသေးသောကြောင့်ဖြစ်၏။ သင်တို့သည် အချင်းချင်း မနာလိုလျက်၊ ရန်ဖြစ်လျက် ရှိနေကြသည်မှာ သင်တို့၏ လူ့ဗီဇစိတ်က သင်တို့ကို ထိန်းချုပ်ထားကြောင်း သက်သေပြနေခြင်းပင် မဟုတ်လော။ သင်တို့သည် လောကီသားကဲ့သို့ပင် ပြုမူနေထိုင်ကြသည်မဟုတ်လော။ အခန်းကိုကြည့်ပါ။ |
အခါတစ်ပါးကငါတို့ကိုယ်တိုင်ပင်လျှင် မိုက်မဲ၍ မနာခံဘဲလမ်းမှားလျက်နေခဲ့ ကြ၏။ ရမ္မက်ဆန္ဒနှင့်အမျိုးမျိုးသောအပျော် အပါးလိုက်စားမှုများ၏ကျွန်ဖြစ်ခဲ့ကြ၏။ ငါတို့၌အမြဲပင်မနာလိုသောသဘော၊ ငြူ စူသောသဘောရှိခဲ့ကြ၏။ သူတစ်ပါးတို့ သည်ငါတို့ကိုမုန်းကြ၏။ ငါတို့ကလည်း သူတို့ကိုမုန်းကြ၏။-
သင်တို့ထံရောက်သောအခါငါတွေ့မြင် လိုသည့်အခြေအနေမျိုးတွင်သင်တို့ အားမတွေ့ရမည်ကိုလည်းကောင်း၊ သင် တို့သည်လည်းမိမိတို့မြင်လိုသည့်အခြေ အနေတွင်ငါတို့အားမတွေ့ရကြမည် ကိုလည်းကောင်းစိုးရိမ်မိ၏။ ခိုက်ရန်ဖြစ် ခြင်း၊ မနာလိုခြင်း၊ အမျက်ထွက်ခြင်း၊ ဂုဏ် ပြိုင်ခြင်း၊ စော်ကားပြောဆိုခြင်း၊ တီးတိုး ဂုံးချောခြင်း၊ မောက်မာထောင်လွှားခြင်း၊ ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းတို့ကိုငါ တွေ့ရမည်ကိုစိုးရိမ်မိ၏။-