၁ ကော 4:18 - Common Language Bible18 သင်တို့ထံသို့ငါလာရောက်တော့မည်မဟုတ် ဟုထင်မှတ်ကာ သင်တို့အနက်အချို့သော သူတို့သည်မာနထောင်လွှားလျက်ရှိကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible18 ငါ လာ မည် မ ဟုတ် ဟု အ ချို့ ထင် မှတ်၍ ဝင့် ဝါ လျက် ရှိ သော် လည်း၊ အခန်းကိုကြည့်ပါ။Judson Bible18 ငါသည် သင်တို့ဆီသို့ ကိုယ်တိုင်မလာဟု အချို့သော သူတို့သည် ထင်မှတ်သည်နှင့်၊ မာနထောင်လွှားခြင်း ရှိကြ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း18 လူအချို့တို့သည် သင်တို့ထံသို့ ငါရောက်လာမည်မဟုတ်ဟုထင်မှတ်၍ မာနထောင်လွှားလျက်ရှိကြ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း18 သင်တို့ထဲတွင် တချို့က သင်တို့ထံ ကျွန်ုပ်ရောက်လာမည်မဟုတ်ဟု ထင်မှတ်၍ မာနထောင်လွှားလျက်ရှိကြ၏။ အခန်းကိုကြည့်ပါ။ |
ငါတို့သည်လောကီအကျိုးကိုမြော်ကိုး၍ ဆောင်ရွက်သူများဖြစ်သည်ဟုစွပ်စွဲဝေဖန် ကြသောသူတို့အား ငါသည်မိမိ၏ရဲစွမ်း သတ္တိကိုငါပြနိုင်ကြောင်းကိုသိစေလို၏။ သို့ ဖြစ်၍သင်တို့ထံသို့ငါရောက်ရှိလာသော အခါ ထိုရဲစွမ်းသတ္တိကိုပြရသည့်အဖြစ် နှင့်မကြုံမတွေ့ရပါစေနှင့်။-
သင်တို့ထံရောက်သောအခါငါတွေ့မြင် လိုသည့်အခြေအနေမျိုးတွင်သင်တို့ အားမတွေ့ရမည်ကိုလည်းကောင်း၊ သင် တို့သည်လည်းမိမိတို့မြင်လိုသည့်အခြေ အနေတွင်ငါတို့အားမတွေ့ရကြမည် ကိုလည်းကောင်းစိုးရိမ်မိ၏။ ခိုက်ရန်ဖြစ် ခြင်း၊ မနာလိုခြင်း၊ အမျက်ထွက်ခြင်း၊ ဂုဏ် ပြိုင်ခြင်း၊ စော်ကားပြောဆိုခြင်း၊ တီးတိုး ဂုံးချောခြင်း၊ မောက်မာထောင်လွှားခြင်း၊ ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းတို့ကိုငါ တွေ့ရမည်ကိုစိုးရိမ်မိ၏။-