၁ တိ 1:7 - Common Language Bible7 ထိုသူတို့သည်မိမိတို့ပြောဆိုသောစကား များကိုသော်လည်းကောင်း၊ မိမိတို့ပိုင်နိုင်စွာ ပြောဆိုသည့်အကြောင်းအရာများကိုသော် လည်းကောင်းနားမလည်ကြ။ သို့နှင့်လည်းသူ တို့သည်ဘုရားသခင်၏ပညတ်ဆိုင်ရာ နည်းပြဆရာများလုပ်လိုသေး၏။ အခန်းကိုကြည့်ပါ။Judson Bible7 အဘယ်သို့သောတရားဘက်၌ မိမိတို့ခိုင်မာစွာ နေသည်ကို မသိဘဲလျက်၊ နိဿရည်းဆရာလုပ်ချင်ကြ သည်တကား။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း7 သူတို့သည် မိမိတို့ပြောဆိုသောအရာများနှင့် မိမိတို့အခိုင်အမာခံယူထားသောအရာများကိုပင် နားမလည်ဘဲ ကျမ်းတတ်ဆရာများဖြစ်လိုကြ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း7 သူတို့သည် မိမိတို့ပြောဆိုသောအရာများနှင့် မိမိတို့ အသေအချာသွန်သင်နေသောအရာများကိုပင် နားမလည်ဘဲ ကျမ်းတတ်ဆရာများ ဖြစ်လိုကြ၏။ အခန်းကိုကြည့်ပါ။ |
သို့ရာတွင်ထိုသူတို့သည်ထောင်ဖမ်း၍သတ် ဖြတ်ပစ်ရန်အတွက် ပေါက်ဖွားလာကြသည့် အသိဉာဏ်ကင်းမဲ့သောသားရဲတိရစ္ဆာန် များနှင့်တူကြသည်။ သူတို့သည်မိမိတို့ မသိနားမလည်သည့်အရာဟူသမျှကို ကဲ့ရဲ့ပြောဆိုတတ်ကြ၏။ အသိဉာဏ်ကင်း မဲ့သည့်သားရဲတိရစ္ဆာန်များနည်းတူ ပျက်စီးရကြလိမ့်မည်။-