တရားဟော 29:29 - Common Language Bible29 ``ငါတို့ဘုရားသခင်ထာဝရဘုရား ထုတ်ဖော်မပြသောအကြောင်းအရာများ ရှိ၏။ သို့ရာတွင်ငါတို့အားထုတ်ဖော်ပြ သောအကြောင်းအရာဟူမူကား ပညတ် တရားတော်ဖြစ်သတည်း။ ငါတို့နှင့်ငါ တို့၏နောင်လာနောင်သားတို့သည် ထို ပညတ်တရားတော်ကိုအစဉ်အမြဲ စောင့်ထိန်းရကြမည်။ အခန်းကိုကြည့်ပါ။Garrad Bible29 ကွယ် ဝှက် သော အ ရေး အ ရာ များ သည်၊ ငါ တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ဆိုင် တော် မူ ရာ ဖြစ်၏။ ဖော် ပြ ပြီး အ ရေး အ ရာ များ ကား၊ ဤ ပ ညတ် တ ရား ချက် ဟူ သ မျှ ကို လိုက် နာ ကြ ရ အံ့ သော ငှါ ငါ တို့ မှ စ၍ သား စဉ် မြေး ဆက် တို့ ဆိုင် ရာ ဖြစ် သ တည်း။ အခန်းကိုကြည့်ပါ။Judson Bible29 မထင်ရှားသောအရာတို့သည်၊ ငါတို့ဘုရားသခင် ထာဝရဘုရား၏ အငန်းအတာဖြစ်ကြ၏။ ဖော်ပြတော်မူသောအရာတို့သည် ကာလအစဉ်မပြတ် ငါတို့နှင့် ငါတို့သားသမီးများတို့၏အငန်းအတာဖြစ်၍၊ ဤပညတ်တရားစကားအလုံးစုံတို့ကို စောင့်ရှောက်ရမည်အကြောင်းတည်း။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း29 ဝှက်ထားသောအရာများသည် ငါတို့၏ဘုရားသခင်ထာဝရဘုရားနှင့်ဆိုင်၏။ ဖော်ပြထားသော ဤတရားစကားရှိသမျှကိုလိုက်နာခြင်းသည် ငါတို့မှစ၍ ငါတို့၏သားစဉ်မြေးဆက်များနှင့်ဆိုင်၏။ အခန်းကိုကြည့်ပါ။ |
ငါက``ဤပရောဖက်များအနက်အဘယ်သူ မျှ ထာဝရဘုရား၏လျှို့ဝှက်သောအကြံ အစည်တော်တို့ကိုသိရှိသည်ဟူ၍မရှိ။ အဘယ်သူမျှကိုယ်တော်၏ဗျာဒိတ်တော် ကိုကြားသည်၊ နားလည်သည်ဟူ၍မရှိကြ။ သူတို့သည်အဘယ်အခါ၌မျှထာဝရ ဘုရားမိန့်တော်မူသောစကားကိုနား မထောင်။ ပမာဏလည်းမပြုကြ။-
ငါကသူ့အား``ဗေဒင်ဆရာတို့၏အကြီး အမှူးဖြစ်သောဗေလတရှာဇာ၊ သင့်အတွင်း ၌သန့်ရှင်းမြင့်မြတ်သည့်ဘုရားတို့၏ဝိညာဉ် ကိန်းအောင်းကြောင်းကိုလည်းကောင်း၊ လျှို့ဝှက် ခက်ခဲသည့်အရာခပ်သိမ်းကိုသင်နားလည် ကြောင်းကိုလည်းကောင်းငါသိ၏။ အိပ်မက် တွင်ငါတွေ့မြင်ရသည့်ရူပါရုံအကြောင်း ကိုနားထောင်၍အနက်ကိုငါ့အားပြော ကြားပါလော့။
ဗေရိမြို့သားတို့ကားသက်သာလောနိတ်မြို့သား တို့လောက် တစ်ယူသန်စိတ်ရှိသူများမဟုတ်ချေ။ သို့ဖြစ်၍ပေါလုဟောပြောသည့်တရားတော်ကို အလွန်ကြည်ညိုသောစိတ်ဖြင့်နာခံကြ၏။ သူတို့ သည်ပေါလုနှင့်သိလတို့ပြောကြားသည့်အတိုင်း မှန်မမှန်ကိုသိရှိနိုင်ရန်နေ့စဉ်နေ့တိုင်းကျမ်း စာတော်ကိုလေ့လာကြ၏။-