တောလည် 25:18 - Common Language Bible18 အဘယ်ကြောင့်ဆိုသော်သူတို့သည်ပေဂုရ အရပ်တွင် သင်တို့ကိုလှည့်ဖြား၍ပြစ်မှားစေ သောကြောင့်လည်းကောင်း၊ ထိုအရပ်တွင်ရောဂါ ကပ်ကျရောက်စဉ်သေဆုံးသွားသောကောဇဘိ ကိစ္စကြောင့်လည်းကောင်း မိဒျန်အမျိုးသား တို့ကိုတိုက်ခိုက်သုတ်သင်ဖျက်ဆီးလော့'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း18 အကြောင်းမူကား သူတို့သည် ပေဂုရဘုရားအမှုအားဖြင့်လည်းကောင်း၊ ပေဂုရဘုရားအမှုကြောင့် ဘေးဒဏ်ကျရောက်သောနေ့၌ အသတ်ခံရသော သူတို့၏နှမ၊ မိဒျန်ခေါင်းဆောင်၏သမီးကောဇဘိအမှုအားဖြင့်လည်းကောင်း ပရိယာယ်ပြု၍ သင်တို့ကို ရန်ပြုခဲ့၏”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
သူတို့သည်မိဒျန်ပြည်မှထွက်ခွာပြီးလျှင်ဖာရန် မြို့သို့ရောက်ရှိကြသောအခါ လူအချို့တို့သည် သူတို့ဘက်သို့ဝင်ရောက်လာကြ၏။ ထို့နောက်သူ တို့သည်အီဂျစ်ပြည်သို့ထွက်သွား၍အီဂျစ် ဘုရင်ထံသို့ရောက်ရှိကြသောအခါ မင်းကြီး သည်ဟာဒဒ်အား မြေ၊ အိမ်နှင့်၊ စားနပ်ရိက္ခာကို ပေးတော်မူ၏။-