အာဗြံကိုအပြင်သို့ခေါ်ဆောင်လျက်``မိုးကောင်း ကင်ကိုမော်ကြည့်၍ကြယ်များကိုရေတွက်လော့။ သင်၏အမျိုးအနွယ်တို့သည်ထိုမျှလောက်များ ပြားကြလိမ့်မည်'' ဟုမိန့်တော်မူသည်။
ကမ္ဘာဦး 13:16 - Common Language Bible မြေကြီးပေါ်ရှိမြေမှုန့်ကိုရေတွက်နိုင်ပါမှ သင်၏အဆက်အနွယ်များကိုရေတွက်နိုင်မည်။- Garrad Bible သင့် အ မျိုး အ နွယ် ကို မြေ မှုန့် နှင့် အ မျှ ငါ ပွား များ စေ မည်။ လူ သည် မြေ မုန့် ကို ရေ တွက် နိုင် လျှင် သင့် အ မျိုး အ နွယ် ကို လည်း ရေ တွက် နိုင် လိမ့် မည်။ Judson Bible သင်၏အမျိုးအနွယ်ကို မြေမှုန့်ကဲ့သို့ငါများပြားစေမည်။ သို့ဖြစ်၍ လူသည်မြေမှုန့်ကိုရေတွက်နိုင်လျှင်၊ သင်၏အမျိုးအနွယ်ကို ရေတွက်နိုင်ကြလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း ငါသည် သင်၏သားစဉ်မြေးဆက်ကို မြေမှုန့်ကဲ့သို့များပြားစေမည်။ သို့ဖြစ်၍ တစ်စုံတစ်ယောက်သည် မြေမှုန့်ကိုရေတွက်နိုင်လျှင် သင်၏သားစဉ်မြေးဆက်ကိုလည်း ရေတွက်နိုင်လိမ့်မည်။ |
အာဗြံကိုအပြင်သို့ခေါ်ဆောင်လျက်``မိုးကောင်း ကင်ကိုမော်ကြည့်၍ကြယ်များကိုရေတွက်လော့။ သင်၏အမျိုးအနွယ်တို့သည်ထိုမျှလောက်များ ပြားကြလိမ့်မည်'' ဟုမိန့်တော်မူသည်။
တစ်ဖန်ထာဝရဘုရား၏ကောင်းကင်တမန် က``သင်၏အမျိုးအနွယ်ကိုမရေမတွက် နိုင်အောင်များပြားစေမည်။-
ငါသည်သူ့ကိုကောင်းချီးပေးသဖြင့် သင်သည် သူ့အားဖြင့်သားရလိမ့်မည်။ ငါသည်သူ့ကို ကောင်းချီးပေး၍ သူသည်လူအမျိုးမျိုးတို့၏ မိခင်ဖြစ်လိမ့်မည်။ သူ၏အဆက်အနွယ်တို့မှ လူအမျိုးမျိုးတို့၏မင်းများပေါ်ထွန်းလာ လိမ့်မည်'' ဟုမိန့်တော်မူ၏။
သင်နှင့်ပဋိညာဉ်ပြု၍ သင်၏အမျိုးအနွယ် ကိုများပြားစေမည်'' ဟုမိန့်တော်မူ၏။-
ဣရှမေလအတွက်သင်၏လိုအင်ဆန္ဒကိုလည်း ငါကြားရပြီ။ ထို့ကြောင့်ငါသည်သူ့ကိုကောင်း ချီးပေး၍ သူ၌သားသမီးများစွာထွန်းကား စေမည်။ သူ၏အဆက်အနွယ်တို့ကိုများပြား စေမည်။ သူသည်မင်းသားတစ်ဆယ့်နှစ်ပါးတို့ ၏ဖခင်ဖြစ်လိမ့်မည်။ သူ၏အဆက်အနွယ်တို့ ကိုလူမျိုးကြီးဖြစ်စေမည်။-
ငါသည်သင်၏အမျိုးအနွယ်ကိုများပြားစေ မည်။ သင်၏အမျိုးအနွယ်ထဲမှမင်းများပေါ် ထွန်းစေမည်။ သင်၏အဆက်အနွယ်တို့သည် အလွန်များပြားကြသဖြင့်လူအမျိုးမျိုး ဖြစ်ပွားလာမည်။
သူ၏အဆက်အနွယ်တို့သည်တန်ခိုးအင်အား ကြီးသောလူမျိုးဖြစ်မည်။ ငါသည်သူ့အားဖြင့် ကမ္ဘာပေါ်ရှိလူမျိုးအပေါင်းတို့အားကောင်း ချီးပေးမည်။-
ကျွန်မ၏သားသည်လည်းသင်၏သားဖြစ်သော ကြောင့်သူ၏အဆက်အနွယ်ကိုလည်းလူမျိုး ကြီးဖြစ်စေမည်'' ဟုမိန့်တော်မူ၏။
သင်၏အဆက်အနွယ်ကိုမိုးကောင်းကင်ရှိ ကြယ်များကဲ့သို့လည်းကောင်း၊ ပင်လယ်ကမ်းခြေ ရှိသဲပွင့်များကဲ့သို့လည်းကောင်းများပြား စေမည်။ သင်၏အဆက်အနွယ်တို့သည်သူတို့ ၏ရန်သူများကိုတိုက်ခိုက်အောင်မြင်လိမ့် မည်။-
သင်၏အဆက်အနွယ်တို့ကိုကောင်းကင်ကြယ် ကဲ့သို့များပြားစေ၍ သူတို့အားဤဒေသ အားလုံးကိုပေးမည်။ သင်၏အဆက်အနွယ် တို့အားငါကောင်းချီးပေးသည့်နည်းတူ ကမ္ဘာ ပေါ်ရှိလူမျိုးအပေါင်းတို့ကလည်းငါ့ထံ မှကောင်းချီးကိုတောင်းလျှောက်ကြလိမ့် မည်။-
သင်၏အဆက်အနွယ်တို့သည်မြေမှုန့်ကဲ့သို့ များပြားလိမ့်မည်။ သူတို့၏နယ်မြေသည်အရပ် လေးမျက်နှာသို့ကျယ်ပြန့်လိမ့်မည်။ ငါသည် သင်နှင့်သင်၏အဆက်အနွယ်တို့အားဖြင့် ကမ္ဘာပေါ်ရှိလူမျိုးအပေါင်းတို့အားကောင်း ချီးပေးမည်။-
အနန္တတန်ခိုးရှင်ဘုရားသခင်သည်သင့်ကို ကောင်းချီးပေး၍သားသမီးများစွာထွန်း ကားစေသဖြင့် သင်သည်လူမျိုးများစွာတို့ ၏ဖခင်ဖြစ်ပါစေသော။-
ကိုယ်တော်က`သင့်ကိုကြီးပွားစေမည်။ သင်၏ အဆက်အနွယ်များကိုပင်လယ်ကမ်းခြေရှိ သဲပွင့်များကဲ့သို့ မရေမတွက်နိုင်အောင်များ ပြားစေမည်' ဟူသောကတိတော်ကိုသတိရ တော်မူပါ'' ဟုတောင်းလျှောက်လေသည်။
ယာကုပ်သည်ထိုအရပ်တွင်တစ်ညတည်းခို ပြီးနောက် အစ်ကိုဧသောအားလက်ဆောင်ပေး ရန် မိမိ၏တိရစ္ဆာန်အုပ်ထဲမှဆိတ်မနှစ်ရာ နှင့်ဆိတ်ထီးနှစ်ဆယ်၊ သိုးမနှစ်ရာနှင့်သိုး ထီးနှစ်ဆယ်၊ နို့စားကုလားအုတ်မသုံးဆယ် နှင့်သားကောင်ငယ်များ၊ နွားမလေးဆယ်နှင့် နွားထီးဆယ်ကောင်၊ မြည်းမနှစ်ဆယ်နှင့် မြည်းထီးဆယ်ကောင်တို့ကိုရွေးယူလေ၏။-
တစ်ဖန်ဘုရားသခင်ကသူ့အား``ငါသည် အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်၏။ သား သမီးများစွာမွေးဖွားလော့။ လူအမျိုးမျိုး တို့သည်သင်မှဆင်းသက်ကြလိမ့်မည်။ သင် ၏အမျိုးအနွယ်မှဘုရင်များပေါ်ထွန်း လိမ့်မည်။-
ဘုရားသခင်က``ငါသည်ဘုရားသခင်ဖြစ် ၏။ သင့်အဖ၏ဘုရားသခင်ဖြစ်၏။ သင်သည် အီဂျစ်ပြည်သို့သွားရမည်ကိုမစိုးရိမ်နှင့်။ ထိုပြည်တွင်ငါသည်သင်၏အဆက်အနွယ် တို့အားလူမျိုးကြီးဖြစ်လာစေမည်။-
ယခုအခါအကျွန်ုပ်သည်ကိုယ်တော်ရွေးချယ် တော်မူသောလူမျိုးကြီးအလယ်တွင်ရှိပါ၏။ ထိုသူတို့သည်ရေတွက်၍မရနိုင်အောင်ပင် များပြားပါ၏။-
ယုဒနှင့်ဣသရေလပြည်သူပြည်သားတို့သည် သမုဒ္ဒရာကမ်းခြေသဲလုံးနှင့်အမျှများပြား ကြ၏။ သူတို့သည်ရွှင်လန်းစွာစားသောက် နေထိုင်ကြ၏။-
သို့ရာတွင်ထာဝရဘုရားသည်သနား ကြင်နာတော်မူသဖြင့် သူတို့အားဆုံးပါး ပျက်စီးစေတော်မမူ။ ကိုယ်တော်သည် အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့နှင့်ပြုတော် မူခဲ့သည့်ပဋိညာဉ်တော်ကိုထောက်၍ သူ တို့အားကူမတော်မူ၏။ မိမိ၏လူမျိုး တော်အား အဘယ်အခါ၌မျှမေ့လျော့ တော်မမူ။
သူသည်စစ်မှုထမ်းနိုင်သူလူပေါင်းဣသ ရေလပြည်မှ တစ်သန်းတစ်သိန်းနှင့်ယုဒ ပြည်မှလေးသိန်းခုနစ်သောင်းရှိကြောင်း ဒါဝိဒ်မင်းအားအစီရင်ခံလေသည်။-
ထာဝရဘုရားက ဣသရေလပြည်သားတို့ အား ကောင်းကင်ကြယ်များကဲ့သို့များပြား စေတော်မူမည်ဟုကတိတော်ရှိသဖြင့် ဒါဝိဒ်မင်းသည်အသက်နှစ်ဆယ်အောက်ရှိ သူတို့အားသန်းခေါင်စာရင်းကောက်ယူ တော်မမူ။-
အို ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော် သည်ခမည်းတော်အားပေးတော်မူသောကတိ တော်ကိုတည်စေတော်မူပါ။ အကျွန်ုပ်အား မရေမတွက်နိုင်အောင်များပြားသည့်ဤ လူမျိုး၏ဘုရင်ဖြစ်စေတော်မူပါပြီ။-
သင်၌သားသမီးများပြား၍၊ သင့်အမျိုးအနွယ်သည် မြေပေါ်မှာ မြက်ပင်နှင့်အမျှ ဖြစ်ကြောင်းကို တွေ့မြင်ရလိမ့်မည်။
သို့ရာတွင်ဣသရေလအမျိုးသားတို့သည်သားသမီးမြောက်မြားစွာမွေးဖွား၍ အလွန်တိုးပွားများပြားလာသဖြင့်၊ တစ်တိုင်းတစ်ပြည်လုံးတွင်အနှံ့အပြားနေထိုင်ကြလေသည်။
ကိုယ်တော်၏ကျွန်အာဗြဟံ၊ ဣဇာက်နှင့် ယာကုပ်တို့ကိုအောက်မေ့သတိရတော်မူ ပါ။ ကိုယ်တော်သည်သူတို့၏အဆက်အနွယ် တို့ကိုမိုးကောင်းကင်ကြယ်များကဲ့သို့ ပွား များစေမည်ဖြစ်ကြောင်းနှင့်ကိုယ်တော်ရှင် ကတိထားတော်မူသော ထိုပြည်အားလုံး ကိုသူတို့၏အဆက်အနွယ်တို့အား ထာဝစဉ်ပိုင်ဆိုင်ရန်ပေးမည်ဖြစ်ကြောင်း ကိုသတိရတော်မူပါ။-''
ငါသည်မိုးကောင်းကင်ကြယ်တာရာများနှင့် ပင်လယ်ကမ်းခြေသဲလုံးများကဲ့သို့ရေတွက် ၍မရနိုင်အောင် ငါ၏အစေခံဒါဝိဒ်၏သား မြေးများနှင့်ငါ၏အမှုတော်ဆောင်လေဝိ အနွယ်ဝင်ယဇ်ပုရောဟိတ်တို့၏အရေ အတွက်ကိုတိုးပွားများပြားစေမည်'' ဟုမိန့်တော်မူ၏။
ဣသရေလအဆက်အနွယ်တို့သည်များပြား လှသဖြင့် မြေမှုန့်ကိုမရေမတွက်နိုင်သကဲ့သို့၊ သူတို့ကိုမရေမတွက်နိုင်။ ဘုရားသခင်၏လူစုဝင်တစ်ယောက်ကဲ့သို့ သေရပါလို၏။ ဖြောင့်မတ်သောသူကဲ့သို့ငြိမ်းချမ်းစွာသေရ ပါလို၏။''
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် မိုးကောင်းကင်ရှိကြယ်များနှင့်အမျှသင်တို့ ကိုများပြားစေတော်မူပြီ။-
အာဗြဟံသည်သူသေနှင့်မထူးခြား သော်လည်း သူတစ်ယောက်မှပေါက်ဖွားလာ သောသားမြေးများမှာကောင်းကင်ကြယ် များကဲ့သို့လည်းကောင်း၊ မရေမတွက်နိုင် သောပင်လယ်ကမ်းခြေသဲလုံးများကဲ့သို့ လည်းကောင်းများပြားသတည်း။
ထိုနောက်ငါကြည့်လိုက်သောအခါ အဘယ် သူမျှမရေမတွက်နိုင်သောလူအုပ်ကြီး ကိုတွေ့ရ၏။ သူတို့သည်ဘာသာစကား အမျိုးမျိုးကိုပြောဆိုသော လူမျိုးအနွယ် ခပ်သိမ်းတို့မှလာရောက်ကြသူများဖြစ် ကြ၏။ သူတို့သည်ဝတ်လုံဖြူများကိုဝတ် လျက်စွန်ပလွန်ခက်များကိုကိုင်ကာ ပလ္လင် တော်နှင့်သိုးသူငယ်တော်၏ရှေ့တွင်ရပ် လျက်နေကြ၏။-
ကောက်ပဲသီးနှံများကိုဣသရေလအမျိုးသား တို့စိုက်ပျိုးသည့်အခါတိုင်း မိဒျန်အမျိုးသား တို့သည်အာမလက်အမျိုးသားနှင့် သဲကန္တာရ တွင်နေထိုင်သောလူမျိုးများနှင့်အတူလာ၍ တိုက်ခိုက်တတ်ကြ၏။-
သူတို့သည်မိမိတို့၏တဲရှင်များ၊ သိုးနွားများ နှင့်ပြန်လာတတ်ကြ၏။ သူတို့၏အရေအတွက် မှာကျိုင်းကောင်အုပ်ကဲ့သို့များသတည်း။ သူတို့ နှင့်သူတို့၏ကုလားအုတ်များမှာလည်းမရေ မတွက်နိုင်အောင်များပြားသည်။ သူတို့သည် ဝင်ရောက်လာ၍ရှိသမျှကိုဖျက်ဆီးပစ် ကြ၏။-