Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ကမ္ဘာ​ဦး 35:11 - Common Language Bible

11 တစ်​ဖန်​ဘု​ရား​သ​ခင်​က​သူ့​အား``ငါ​သည် အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​ဖြစ်​၏။ သား သ​မီး​များ​စွာ​မွေး​ဖွား​လော့။ လူ​အ​မျိုး​မျိုး တို့​သည်​သင်​မှ​ဆင်း​သက်​ကြ​လိမ့်​မည်။ သင် ၏​အ​မျိုး​အ​နွယ်​မှ​ဘု​ရင်​များ​ပေါ်​ထွန်း လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11 တစ် ဖန် ဘု ရား သ ခင် က ငါ သည် အ န န္တ တန် ခိုး ရှင် ဘု ရား သ ခင် ပေ တည်း။ များ ပြား စွာ မွေး ဖွား လော့။ လူ တစ် မျိုး မ က လူ မျိုး များ စွာ သင့် အား ဖြင့် ဖြစ် ပွား ၍ မင်း များ တို့ လည်း သင် မှ ဆင်း သက် ကြ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 တစ်​ဖန်​ဘု​ရား​သ​ခင်​က၊ ငါ​သည်​အ​န​န္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင် ဖြစ်၏။ တိုး​ပွား​များ​ပြား​လော့။ လူ​တစ်​မျိုး​မ​က၊ အ​မျိုး​မျိုး​တို့​သည် သင်၌​ဖြစ်​ကြ​လိမ့်​မည်။ ရှင်​ဘု​ရင်​တို့​သည် သင်၏​အ​မျိုး​အ​နွယ်၌ ဖြစ်​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 တစ်ဖန် ဘုရားသခင်​က “​ငါ​သည် အနန္တတန်ခိုးရှင်​ဘုရားသခင်​ဖြစ်​၏​။ တိုးပွား​များပြား​လော့​။ သင့်​ထံမှ လူမျိုး​တစ်​မျိုး​သာမက လူမျိုးပေါင်း​များစွာ ဆင်းသက်​လာ​ကြ​လိမ့်မည်​။ သင်​၏​အမျိုးအနွယ်​ထဲမှ ရှင်ဘုရင်​များ​လည်း ပေါ်ထွန်း​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမ္ဘာ​ဦး 35:11
30 ပူးပေါင်းရင်းမြစ်များ  

ငါ​သည်​သင်​၏​သား​မြေး​တို့​ကို​များ​ပြား​စေ မည်။ သူ​တို့​အား​လူ​မျိုး​ကြီး​ဖြစ်​စေ​မည်။ ငါ သည်​သင့်​ကို​ကောင်း​ချီး​ပေး​၍​သင်​၏​နာ​မ ကို​ကြီး​မြတ်​စေ​သ​ဖြင့် လူ​တို့​သည်​သင့်​အား ဖြင့်​ကောင်း​ချီး​ခံ​စား​ရ​ကြ​မည်။


မြေ​ကြီး​ပေါ်​ရှိ​မြေ​မှုန့်​ကို​ရေ​တွက်​နိုင်​ပါ​မှ သင်​၏​အ​ဆက်​အ​နွယ်​များ​ကို​ရေ​တွက်​နိုင်​မည်။-


အာ​ဗြံ​ကို​အ​ပြင်​သို့​ခေါ်​ဆောင်​လျက်``မိုး​ကောင်း ကင်​ကို​မော်​ကြည့်​၍​ကြယ်​များ​ကို​ရေ​တွက်​လော့။ သင်​၏​အ​မျိုး​အ​နွယ်​တို့​သည်​ထို​မျှ​လောက်​များ ပြား​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​သည်။


အာ​ဗြံ​အ​သက်​ကိုး​ဆယ့်​ကိုး​နှစ်​ရှိ​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည်​အာ​ဗြံ​အား​ကိုယ်​ထင်​ပြ ၍``ငါ​သည်​အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​ဖြစ် ၏။ ငါ့​စ​ကား​ကို​နား​ထောင်​၍​မှန်​ရာ​ကို​အ​စဉ် ပြု​လုပ်​လော့။-


ငါ​သည်​သူ့​ကို​ကောင်း​ချီး​ပေး​သ​ဖြင့် သင်​သည် သူ့​အား​ဖြင့်​သား​ရ​လိမ့်​မည်။ ငါ​သည်​သူ့​ကို ကောင်း​ချီး​ပေး​၍ သူ​သည်​လူ​အ​မျိုး​မျိုး​တို့​၏ မိ​ခင်​ဖြစ်​လိမ့်​မည်။ သူ​၏​အ​ဆက်​အ​နွယ်​တို့​မှ လူ​အ​မျိုး​မျိုး​တို့​၏​မင်း​များ​ပေါ်​ထွန်း​လာ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။


``သင်​နှင့်​ငါ​ပြု​မည့်​ပ​ဋိ​ညာဉ်​မှာ​ဤ​သို့​ဖြစ် ၏။ သင့်​အား​လူ​များ​စွာ​တို့​၏​ဖ​ခင်​ဖြစ်​စေ​မည်။-


ထာ​ဝ​ရ​ဘု​ရား​မ​တတ်​နိုင်​သော​အ​ရာ​ဟူ​၍​ရှိ ပါ​သ​လော။ ငါ​ပြော​ခဲ့​ပြီး​သည့်​အ​တိုင်း​နောက် ကိုး​လ​ကြာ​လျှင် ငါ​ပြန်​လာ​ဦး​မည်။ ထို​အ​ခါ စာ​ရာ​သည်​သား​ကို​ရ​လိမ့်​မည်'' ဟု​အာ​ဗြ​ဟံ အား​မိန့်​တော်​မူ​၏။


သူ​၏​အ​ဆက်​အ​နွယ်​တို့​သည်​တန်​ခိုး​အင်​အား ကြီး​သော​လူ​မျိုး​ဖြစ်​မည်။ ငါ​သည်​သူ့​အား​ဖြင့် ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​အ​ပေါင်း​တို့​အား​ကောင်း ချီး​ပေး​မည်။-


သင်​၏​အ​ဆက်​အ​နွယ်​ကို​မိုး​ကောင်း​ကင်​ရှိ ကြယ်​များ​ကဲ့​သို့​လည်း​ကောင်း၊ ပင်​လယ်​ကမ်း​ခြေ ရှိ​သဲ​ပွင့်​များ​ကဲ့​သို့​လည်း​ကောင်း​များ​ပြား စေ​မည်။ သင်​၏​အ​ဆက်​အ​နွယ်​တို့​သည်​သူ​တို့ ၏​ရန်​သူ​များ​ကို​တိုက်​ခိုက်​အောင်​မြင်​လိမ့် မည်။-


သင်​၏​အ​ဆက်​အ​နွယ်​တို့​သည်​မြေ​မှုန့်​ကဲ့​သို့ များ​ပြား​လိမ့်​မည်။ သူ​တို့​၏​နယ်​မြေ​သည်​အ​ရပ် လေး​မျက်​နှာ​သို့​ကျယ်​ပြန့်​လိမ့်​မည်။ ငါ​သည် သင်​နှင့်​သင်​၏​အ​ဆက်​အ​နွယ်​တို့​အား​ဖြင့် ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​အ​ပေါင်း​တို့​အား​ကောင်း ချီး​ပေး​မည်။-


ကိုယ်​တော်​က`သင့်​ကို​ကြီး​ပွား​စေ​မည်။ သင်​၏ အ​ဆက်​အ​နွယ်​များ​ကို​ပင်​လယ်​ကမ်း​ခြေ​ရှိ သဲ​ပွင့်​များ​ကဲ့​သို့ မ​ရေ​မ​တွက်​နိုင်​အောင်​များ ပြား​စေ​မည်' ဟူ​သော​ကတိ​တော်​ကို​သ​တိ​ရ တော်​မူ​ပါ'' ဟု​တောင်း​လျှောက်​လေ​သည်။


ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင်​ဘု​ရင်​များ မ​ပေါ်​မ​ရှိ​မီ​ဧ​ဒုံ​ပြည်​ကို​အုပ်​စိုး​သော​မင်း ဆက်​တို့​ကို​ဖော်​ပြ​ပေ​အံ့။ ဗော​ရ​၏​သား​ဗေ​လာ​သည်​ဒိန္နာ​ဗာ​မြို့​တော်​၌ အုပ်​စိုး​၏။ ဗေ​လာ​ဘု​ရင်​အ​နိစ္စ​ရောက်​သော​အ​ခါ​ဗော​ဇ​ရ မြို့​သား ဇေ​ရ​၏​သား​ယော​ဗပ်​မင်း​ပြု​၏။ ယော​ဗပ်​အ​နိစ္စ​ရောက်​သော​အ​ခါ​တေ​မ​နိ မြို့​သား ဟု​ရှံ​မင်း​ပြု​၏။ ဟု​ရှံ​အ​နိစ္စ​ရောက်​သော​အ​ခါ​မော​ဘ​ပြည်​တွင် မိ​ဒျန်​အ​မျိုး​သား​တို့​ကို စစ်​တိုက်​၍​အောင်​မြင်​ခဲ့​သူ​ဗေ​ဒဒ်​၏​သား​ဟာ​ဒဒ် မင်း​ပြု​၏။ ထို​မင်း​၏​မြို့​တော်​မှာ​အာ​ဝိတ်​မြို့​ဖြစ်​၏။ ဟာ​ဒဒ်​အ​နိစ္စ​ရောက်​သော​အ​ခါ​မာ​သ​ရက် မြို့​သား စာ​မ​လ​မင်း​ပြု​၏။ စာ​မ​လ​အ​နိစ္စ​ရောက်​သော​အ​ခါ​မြစ်​ကမ်း​မြို့ ဖြစ်​သော ရ​ဟော​ဘုတ်​မြို့​သား​ရှော​လ​မင်း​ပြု​၏။ ရှော​လ​အ​နိစ္စ​ရောက်​သော​အ​ခါ​အာ​ခ​ဗော် ၏​သား ဗာ​လ​ဟာ​နန်​မင်း​ပြု​၏။ ဗာ​လ​ဟာ​နန်​အ​နိစ္စ​ရောက်​သော​အ​ခါ​ဟာ​ဒါ မင်း​ပြု​၏။ ထို​မင်း​၏​မြို့​တော်​မှာ​ပေါ​မြို့​ဖြစ်​သည်။ (သူ​၏​ဇနီး​မှာ​မာ​တ​ရက်​၏​သ​မီး၊မေ​ဇ​ဟပ်​၏ မြေး​မ​ဟေ​တ​ဗေ​လ​ဖြစ်​၏။)


ထို​သူ​သည်​ဗင်္ယာ​မိန်​နှင့်​ရှိ​မောင်​တို့​ကို​သင်​တို့ အား​ပြန်​အပ်​စေ​ရန် အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​သည်​ထို​သူ​၏​စိတ်​ကို​ပြု​ပြင်​ပေး​တော် မူ​ပါ​စေ​သော။ အ​ကယ်​၍​ငါ​သည်​သား​တို့ ကို​ဆုံး​ရှုံး​ရ​မည်​ဆို​လျှင်​ဆုံး​ရှုံး​ရ​မည်​သာ ဖြစ်​သည်'' ဟု​ဆို​၏။


ဘု​ရား​သ​ခင်​က``ငါ​သည်​ဘု​ရား​သ​ခင်​ဖြစ် ၏။ သင့်​အ​ဖ​၏​ဘု​ရား​သ​ခင်​ဖြစ်​၏။ သင်​သည် အီ​ဂျစ်​ပြည်​သို့​သွား​ရ​မည်​ကို​မ​စိုး​ရိမ်​နှင့်။ ထို​ပြည်​တွင်​ငါ​သည်​သင်​၏​အ​ဆက်​အ​နွယ် တို့​အား​လူ​မျိုး​ကြီး​ဖြစ်​လာ​စေ​မည်။-


ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အီ​ဂျစ် ပြည်​ဂေါ​ရှင်​အ​ရပ်​၌​နေ​ထိုင်​ကြ​စဉ်​ကြီး ပွား​တိုး​တက်​၍​လူ​ဦး​ရေ​အ​လွန်​များ​ပြား လာ​လေ​သည်။-


ဘု​ရား​သ​ခင်​သည်​နော​ဧ​နှင့်​သူ​၏​သား​တို့​အား​ကောင်း​ချီး​ပေး​၍``သင်​တို့​၏​သား​စဉ်​မြေး​ဆက်​တို့​သည်​မြေ​ကြီး​ပေါ်​တွင် နေ​ရာ​အ​နှံ့​အ​ပြား​နေ​ထိုင်​နိုင်​ကြ​စေ​ရန်​သား​သ​မီး​မြောက်​မြား​စွာ​မွေး​ဖွား​ကြ​လော့။-


``သင်​တို့​၏​သား​စဉ်​မြေး​ဆက်​တို့​သည်​ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင် နေ​ရာ​အ​နှံ့​အ​ပြား​နေ​ထိုင်​နိုင်​စေ​ရန်​သား​သ​မီး​မြောက်​မြား​စွာ​မွေး​ဖွား​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။


ထာ​ဝ​ရ​ဘု​ရား​သည်​ထာ​ဝ​စဉ်​တည်​မြဲ​မည့် ပ​ဋိ​ညာဉ်​တော်​ကို​ယာ​ကုပ်​နှင့်​ပြု​တော်​မူ​ခဲ့​၏။


ကိုယ်​တော်​က``ခါ​နာန်​ပြည်​ကို​သင့်​အား​ငါ​ပေး​မည်။ သင်​သည်​ထို​ပြည်​ကို​အ​ပိုင်​ရ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။


သို့​ရာ​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​သား​သ​မီး​မြောက်​မြား​စွာ​မွေး​ဖွား​၍ အ​လွန်​တိုး​ပွား​များ​ပြား​လာ​သ​ဖြင့်၊ တစ်​တိုင်း​တစ်​ပြည်​လုံး​တွင်​အ​နှံ့​အ​ပြား​နေ​ထိုင်​ကြ​လေ​သည်။


ထာ​ဝ​ရ​ဘု​ရား​သ​ခင်​သည်​သူ​တို့​၏​ညည်း ညူ​သံ​ကို​ကြား​တော်​မူ​၍​အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​နှင့်​ပြု​ထား​သော​ပ​ဋိ​ညာဉ်​ကို သတိ​ရ​လျက်၊-


အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​အား​ငါ​သည်​အ​နန္တ တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​အ​ဖြစ်​နှင့်​ထင်​ရှား​ခဲ့ သော်​လည်း ထာ​ဝ​ရ​ဘု​ရား​ဟူ​သော​နာ​မ​ဖြင့် သူ​တို့​သည်​ငါ့​ကို​မ​သိ​ကြ။-


ငါ​သည်​ယာ​ကုပ်၊ ဣဇက်၊ အာ​ဗြ​ဟံ​တို့​နှင့်​ပြု ခဲ့​သော​ပ​ဋိ​ညာဉ်​ကို​သ​တိ​ရ​၍ ထို​ပ​ဋိ​ညာဉ် အ​တိုင်း​ငါ​၏​လူ​မျိုး​တော်​အား​ခါ​နာန်​ပြည် ကို​ပေး​တော်​မူ​၏။-


ငါ​သည်​သင်​တို့​၏​အ​ဖ​ဖြစ်​မည်။ သင်​တို့​သည် လည်း​ငါ​၏​သား​သ​မီး​များ​ဖြစ်​ကြ​လိမ့်​မည်​ဟု အနန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏'' ဟု​မြွက်​ဆို​တော်​မူ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ