ကမ္ဘာဦး 17:16 - Common Language Bible16 ငါသည်သူ့ကိုကောင်းချီးပေးသဖြင့် သင်သည် သူ့အားဖြင့်သားရလိမ့်မည်။ ငါသည်သူ့ကို ကောင်းချီးပေး၍ သူသည်လူအမျိုးမျိုးတို့၏ မိခင်ဖြစ်လိမ့်မည်။ သူ၏အဆက်အနွယ်တို့မှ လူအမျိုးမျိုးတို့၏မင်းများပေါ်ထွန်းလာ လိမ့်မည်'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible16 သူ့ ကို ငါ ကောင်း ကြီး ပေး ၍ သူ့ အား ဖြင့် လည်း သင့် ကို သား ယောက်ျား ပေး မည်။ ငါ မု ချ ကောင်း ကြီး ပေး ၍ သူ့ အား ဖြင့် လူ မျိုး များ ဖြစ် ပွား ကြ လိမ့် မည်။ သူ မှ လည်း ပြည် ထောင် မင်း များ ဆင်း သက် ကြ လိမ့် မည် ဟု အာ ဗြ ဟံ အား မိန့် တော် မူ ရာ၊ အခန်းကိုကြည့်ပါ။Judson Bible16 သူ့ကိုငါကောင်းချီးပေး၍၊ သူ့အားဖြင့်လည်း သင်အားသားကိုပေးမည်။ အကယ်စင်စစ်သူ့ကို ကောင်းချီးပေး၍၊ သူသည် လူအမျိုးမျိုးဖြစ်လိမ့်မည်။ သူ၏အမျိုးအနွယ်၌လည်း၊ အပြည်ပြည်သောရှင်ဘုရင်ဖြစ်ကြလိမ့်မည်ဟု၊ အာဗြဟံအားမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း16 ငါသည် သူ့ကိုကောင်းချီးပေးမည်။ ထိုမျှမက သူ့အားဖြင့် သင့်အား သားကိုပေးမည်။ ငါသည် သူ့ကိုကောင်းချီးပေးသဖြင့် သူသည် လူမျိုးများ၏မိခင်ဖြစ်လာမည်။ သူ့အားဖြင့် လူမျိုးတကာတို့၏ရှင်ဘုရင်များပေါ်ထွန်းလာကြလိမ့်မည်”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ရှင်ဘုရင်များသည်သခင်သဖွယ်သင်တို့ကို စောင့်ရှောက်၍၊ မိဖုရားများသည်လည်းမိခင်သဖွယ် ကျွေးမွေးပြုစုကြလိမ့်မည်။ သူတို့သည်ဦးညွှတ်ပျပ်ဝပ်လျက် သင့်အားအလေးပြုကြလိမ့်မည်။ ထိုအခါငါသည်ထာဝရဘုရား ဖြစ်တော်မူကြောင်းသင်တို့သိရှိကြလိမ့်မည်။ ငါကူမတော်မူမည်ကိုစောင့်မျှော်သူမှန် သမျှသည် စိတ်ပျက်ရလိမ့်မည်မဟုတ်ဟုမိန့်တော်မူ၏။
သူတို့ကိုကောင်းချီးပေးလျက်``သားသမီး များစွာမွေးဖွားကြလော့။ ကမ္ဘာမြေကြီး အရပ်ရပ်တို့တွင် သင်တို့၏အမျိုးစဉ်အမျိုး ဆက်နေထိုင်ကြလော့။ ကမ္ဘာမြေကြီးကိုလည်း စိုးပိုင်ကြလော့။ ရေသတ္တဝါ၊ ငှက်သတ္တဝါနှင့် တိရစ္ဆာန်ရိုင်းအမျိုးမျိုးတို့ကိုအုပ်စိုးကြ လော့'' ဟုမိန့်တော်မူ၏။-
ဣသရေလအမျိုးသားတို့တွင်ဘုရင်များ မပေါ်မရှိမီဧဒုံပြည်ကိုအုပ်စိုးသောမင်း ဆက်တို့ကိုဖော်ပြပေအံ့။ ဗောရ၏သားဗေလာသည်ဒိန္နာဗာမြို့တော်၌ အုပ်စိုး၏။ ဗေလာဘုရင်အနိစ္စရောက်သောအခါဗောဇရ မြို့သား ဇေရ၏သားယောဗပ်မင်းပြု၏။ ယောဗပ်အနိစ္စရောက်သောအခါတေမနိ မြို့သား ဟုရှံမင်းပြု၏။ ဟုရှံအနိစ္စရောက်သောအခါမောဘပြည်တွင် မိဒျန်အမျိုးသားတို့ကို စစ်တိုက်၍အောင်မြင်ခဲ့သူဗေဒဒ်၏သားဟာဒဒ် မင်းပြု၏။ ထိုမင်း၏မြို့တော်မှာအာဝိတ်မြို့ဖြစ်၏။ ဟာဒဒ်အနိစ္စရောက်သောအခါမာသရက် မြို့သား စာမလမင်းပြု၏။ စာမလအနိစ္စရောက်သောအခါမြစ်ကမ်းမြို့ ဖြစ်သော ရဟောဘုတ်မြို့သားရှောလမင်းပြု၏။ ရှောလအနိစ္စရောက်သောအခါအာခဗော် ၏သား ဗာလဟာနန်မင်းပြု၏။ ဗာလဟာနန်အနိစ္စရောက်သောအခါဟာဒါ မင်းပြု၏။ ထိုမင်း၏မြို့တော်မှာပေါမြို့ဖြစ်သည်။ (သူ၏ဇနီးမှာမာတရက်၏သမီး၊မေဇဟပ်၏ မြေးမဟေတဗေလဖြစ်၏။)