ကမ္ဘာဦး 32:12 - Common Language Bible12 ကိုယ်တော်က`သင့်ကိုကြီးပွားစေမည်။ သင်၏ အဆက်အနွယ်များကိုပင်လယ်ကမ်းခြေရှိ သဲပွင့်များကဲ့သို့ မရေမတွက်နိုင်အောင်များ ပြားစေမည်' ဟူသောကတိတော်ကိုသတိရ တော်မူပါ'' ဟုတောင်းလျှောက်လေသည်။ အခန်းကိုကြည့်ပါ။Garrad Bible12 ကိုယ် တော် က လည်း ငါ သည် သင့် အား အ မှန် ကျေး ဇူး ပြု ၍၊ မ ရေ တွက် နိုင် အောင် များ ပြား သော သ မု ဒ္ဒ ရာ သဲ လုံး နှင့် အ မျှ သင့် အ မျိုး အ နွယ် ကို ဖြစ် စေ မည် ဟူ၍ က တိ ထား တော် မူ ခဲ့ ပါ ပြီ ဟု တောင်း လျှောက် လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible12 ကိုယ်တော်က၊ ငါသည်သင်၌ အမှန်ကျေးဇူးပြု၍၊ မရေတွက်နိုင်အောင် များပြားသော သမုဒ္ဒရာသဲလုံးနှင့်အမျှ၊ သင်၏အမျိုးအနွယ်ကို ငါဖြစ်စေမည်ဟု မိန့်တော်မူပါပြီဟု တောင်းလျှောက်လေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း12 သို့သော် ကိုယ်တော်က ‘ငါသည် သင့်ကိုအမှန်ပင်ကောင်းစားစေ၍ သင်၏သားစဉ်မြေးဆက်တို့ကို မရေတွက်နိုင်အောင် များပြားသောပင်လယ်သဲပွင့်ကဲ့သို့ဖြစ်စေမည်’ဟူ၍ မိန့်တော်မူခဲ့ပါပြီ”ဟု လျှောက်လေ၏။ အခန်းကိုကြည့်ပါ။ |
ကိုယ်တော်၏ကျွန်အာဗြဟံ၊ ဣဇာက်နှင့် ယာကုပ်တို့ကိုအောက်မေ့သတိရတော်မူ ပါ။ ကိုယ်တော်သည်သူတို့၏အဆက်အနွယ် တို့ကိုမိုးကောင်းကင်ကြယ်များကဲ့သို့ ပွား များစေမည်ဖြစ်ကြောင်းနှင့်ကိုယ်တော်ရှင် ကတိထားတော်မူသော ထိုပြည်အားလုံး ကိုသူတို့၏အဆက်အနွယ်တို့အား ထာဝစဉ်ပိုင်ဆိုင်ရန်ပေးမည်ဖြစ်ကြောင်း ကိုသတိရတော်မူပါ။-''
ဣသရေလပြည်သားတို့သည်ပင်လယ်ထဲမှ သဲပွင့်များကဲ့သို့ မရေမတွက်မတိုင်းမတာ နိုင်လောက်အောင်များပြားကြလိမ့်မည်။ ယခု အခါ၌ဘုရားသခင်ကသူတို့အား``သင် တို့သည်ငါ၏လူစုမဟုတ်'' ဟုမိန့်တော်မူ သော်လည်းနောင်တစ်နေ့တွင်``သင်တို့သည် အသက်ရှင်တော်မူသောဘုရားသခင်၏ သားသမီးများဖြစ်ကြ၏'' ဟုမိန့်တော် မူလိမ့်မည်။-