ကမ္ဘာဦး 28:3 - Common Language Bible3 အနန္တတန်ခိုးရှင်ဘုရားသခင်သည်သင့်ကို ကောင်းချီးပေး၍သားသမီးများစွာထွန်း ကားစေသဖြင့် သင်သည်လူမျိုးများစွာတို့ ၏ဖခင်ဖြစ်ပါစေသော။- အခန်းကိုကြည့်ပါ။Garrad Bible3 အ န န္တ တန် ခိုး ရှင် ဘု ရား သ ခင် သည် သင့် ကို ကောင်း ကြီး ပေး၍ လူ မျိုး အ မြောက် အ မြား ဖြစ် စေ ရန် တိုး ပွား စေ တော် မူ သ တည်း။ အခန်းကိုကြည့်ပါ။Judson Bible3 အနန္တတန်ခိုးရှင် ဘုရားသခင်သည် ကောင်းချီးပေး၍တိုးပွားစေသဖြင့်၊ သင်သည် အမျိုးကြီးဖြစ်မည်အကြောင်းနှင့် များပြားစေတော်မူစေသတည်း။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း3 သင်သည် လူမျိုးကြီးဖြစ်လာသည့်တိုင်အောင် အနန္တတန်ခိုးရှင်ဘုရားသခင်သည် သင့်ကိုကောင်းချီးပေး၍ သင့်ကို တိုးပွားများပြားစေတော်မူပါစေသော။ အခန်းကိုကြည့်ပါ။ |
သူတို့ကိုကောင်းချီးပေးလျက်``သားသမီး များစွာမွေးဖွားကြလော့။ ကမ္ဘာမြေကြီး အရပ်ရပ်တို့တွင် သင်တို့၏အမျိုးစဉ်အမျိုး ဆက်နေထိုင်ကြလော့။ ကမ္ဘာမြေကြီးကိုလည်း စိုးပိုင်ကြလော့။ ရေသတ္တဝါ၊ ငှက်သတ္တဝါနှင့် တိရစ္ဆာန်ရိုင်းအမျိုးမျိုးတို့ကိုအုပ်စိုးကြ လော့'' ဟုမိန့်တော်မူ၏။-
ဣရှမေလအတွက်သင်၏လိုအင်ဆန္ဒကိုလည်း ငါကြားရပြီ။ ထို့ကြောင့်ငါသည်သူ့ကိုကောင်း ချီးပေး၍ သူ၌သားသမီးများစွာထွန်းကား စေမည်။ သူ၏အဆက်အနွယ်တို့ကိုများပြား စေမည်။ သူသည်မင်းသားတစ်ဆယ့်နှစ်ပါးတို့ ၏ဖခင်ဖြစ်လိမ့်မည်။ သူ၏အဆက်အနွယ်တို့ ကိုလူမျိုးကြီးဖြစ်စေမည်။-
ထိုညမှာထာဝရဘုရားသည်သူ့အားကိုယ် ထင်ပြ၍``ငါသည်သင်၏အဖအာဗြဟံ၏ ဘုရားဖြစ်၏။ မစိုးရိမ်နှင့်။ ငါသည်သင်တို့နှင့် အတူရှိ၏။ ငါ၏ကျွန်အာဗြဟံအားထား သောကတိတော်ကိုထောက်၍သင့်ကိုကောင်းချီး ပေးမည်။ သင်၏အဆက်အနွယ်တို့ကိုလည်းများ ပြားစေမည်'' ဟုမိန့်တော်မူသည်။-
အချိန်အနည်းငယ်ကြာသောအခါ ဗောဇ ကိုယ်တိုင်ပင်ဗက်လင်မြို့မှရောက်ရှိလာလျက် မိမိ၏အလုပ်သမားများအား``ထာဝရ ဘုရားသည်သင်တို့နှင့်အတူရှိတော်မူ ပါစေသော'' ဟုဆို၍နှုတ်ဆက်၏။ ကောက်ရိတ်သမားများက``ထာဝရဘုရား သည် အရှင့်အားကောင်းချီးပေးတော်မူပါစေ သော'' ဟုပြန်ပြောကြ၏။