တောလည် 23:10 - Common Language Bible10 ဣသရေလအဆက်အနွယ်တို့သည်များပြား လှသဖြင့် မြေမှုန့်ကိုမရေမတွက်နိုင်သကဲ့သို့၊ သူတို့ကိုမရေမတွက်နိုင်။ ဘုရားသခင်၏လူစုဝင်တစ်ယောက်ကဲ့သို့ သေရပါလို၏။ ဖြောင့်မတ်သောသူကဲ့သို့ငြိမ်းချမ်းစွာသေရ ပါလို၏။'' အခန်းကိုကြည့်ပါ။Garrad Bible10 မြေ မုန့် နှင့် အ မျှ များ သော ယာ ကုပ် အ မျိုး ကို မည် သူ ရေ တွက် နိုင် သ နည်း။ ဣ သ ရေ လ အ နွယ် တစ် စိတ် ကို မည် သူ စာ ရင်း ကောက် နိုင် သ နည်း။ ငါ သည် ထို ဖြောင့် သူ တို့ သေ ခြင်း မျိုး ကို လည်း ကောင်း၊ အို ခြင်း မျိုး ကို လည်း ကောင်း ခံ စား ရ ပါ စေ သော ဟု ဆို သော်၊ အခန်းကိုကြည့်ပါ။Judson Bible10 ယာကုပ်အမျိုးမြေမှုန့်ကို အဘယ်သူရေတွက်နိုင်သနည်း။ ဣသရေလအမျိုးလေးစုတစ်စုကိုမျှ အဘယ်သူရေတွက်နိုင်သနည်း။ ဖြောင့်မတ်သောသူသေသကဲ့သို့ ငါသေပါစေသော။ ငါ့အဆုံးသည် သူ၏အဆုံးကဲ့သို့ ဖြစ်ပါစေသောဟု မြွက်ဆို၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း10 ယာကုပ်အမျိုးမြေမှုန့်ကို မည်သူရေတွက်နိုင်မည်နည်း။ အစ္စရေးလူမျိုး၏လေးပုံတစ်ပုံကို မည်သူရေတွက်နိုင်မည်နည်း။ ဖြောင့်မှန်သောသူတို့သေသကဲ့သို့ ငါသေပါရစေ။ ငါ၏နိဂုံးသည်လည်း သူ၏နိဂုံးကဲ့သို့ဖြစ်ပါစေ”ဟု ဆိုလေ၏။ အခန်းကိုကြည့်ပါ။ |
ထိုနောက်ကောင်းကင်မှ``ရေးမှတ်လော့။ ယခုအချိန် မှစ၍သခင်ဘုရား၏အမှုတော်ကိုဆောင်ရွက် လျက် သေဆုံးသူတို့သည်မင်္ဂလာရှိကြ၏'' ဟုဆို သောအသံကိုငါကြားရ၏။ ဝိညာဉ်တော်ကလည်း ``ဤအတိုင်းမှန်ပေ၏။ သူတို့သည်ဆင်းရဲပင်ပန်း စွာလုပ်ဆောင်ခြင်းမှ ရပ်နားခွင့်ကိုရရှိကြလိမ့် မည်။ အဘယ်ကြောင့်ဆိုသော်သူတို့၏လုပ်ဆောင် ချက်အကျိုးသည် သူတို့နှင့်အတူလိုက်ပါ လျက်ရှိသောကြောင့်ဖြစ်၏'' ဟုမိန့်တော်မူ၏။