ယေရှုက “အို ယုံကြည်ခြင်းမဲ့၍ ဖောက်ပြန်သောအမျိုး… ငါသည် သင်တို့နှင့် မည်မျှကြာကြာ အတူနေရမည်နည်း။ ငါသည် သင်တို့ကို မည်မျှကြာကြာ သည်းခံရမည်နည်း။ သူငယ်ကို ငါ့ထံ ခေါ်ဆောင်ခဲ့ကြလော့” ဟု မိန့်တော်မူ၏။
၂ သက် 3:2 - ခေတ်သစ်မြန်မာ သမ္မာကျမ်း လူတိုင်းသည် ခရစ်တော်ကို ယုံကြည်သည် မဟုတ်သောကြောင့် ဘုရားသခင်သည် ကျွန်ုပ်တို့ကို ယုတ်မာဆိုးညစ်သူတို့လက်က ကယ်တင်ပေးတော်မူရန် ဆုတောင်းပေးကြလော့။ Common Language Bible ဘုရားသခင်သည်ငါတို့အားသူယုတ်မာ များနှင့်ဆိုးညစ်သူတို့၏ဘေးအန္တရာယ်မှ ကယ်ဆယ်တော်မူရန်ကိုလည်းဆုတောင်းကြ လော့။ အဘယ်ကြောင့်ဆိုသော်တရားတော် ကိုလူတိုင်းပင်မယုံကြည်သောကြောင့်ဖြစ် သည်။ Garrad Bible ယုံ ကြည် ခြင်း တ ရား ကို လူ တိုင်း မ ရ သော ကြောင့် လူ ဆိုး လူ သွမ်း တို့ လက် မှ လွတ် ခွင့် ရ စေ တော် မူ ပါ မည့် အ ကြောင်း ငါ တို့ အ ဖို့ ပ ဌ နာ ပြု ကြ လော့။ Judson Bible အကျိုးအကြောင်းကို မသိမမှတ်၊ ဆိုးညစ်သော သူတို့လက်မှငါတို့ကို ကယ်လွှတ်တော်မူမည်အကြောင်း၊ ငါတို့အဖို့ ဆုတောင်းကြလော့။ လူတိုင်း သစ္စာရှိသည်မဟုတ်။- မြန်မာ့စံမီသမ္မာကျမ်း ငါတို့သည် ကောက်ကျစ်၍ဆိုးညစ်သောလူတို့လက်မှ ကယ်နုတ်ခြင်းခံရမည့်အကြောင်း ငါတို့အတွက် ဆုတောင်းပေးကြလော့။ အကြောင်းမူကား လူတိုင်း၌ ယုံကြည်ခြင်းရှိသည်မဟုတ်။ |
ယေရှုက “အို ယုံကြည်ခြင်းမဲ့၍ ဖောက်ပြန်သောအမျိုး… ငါသည် သင်တို့နှင့် မည်မျှကြာကြာ အတူနေရမည်နည်း။ ငါသည် သင်တို့ကို မည်မျှကြာကြာ သည်းခံရမည်နည်း။ သူငယ်ကို ငါ့ထံ ခေါ်ဆောင်ခဲ့ကြလော့” ဟု မိန့်တော်မူ၏။
သူတော်ကောင်းယောင်ဆောင်သော ကျမ်းတတ်ဆရာများနှင့် ဖာရိရှဲတို့… သင်တို့သည် အမင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ပင်စိမ်းရွက်၊ စမုန်စပါးနှင့် ဇီရာစေ့တို့ကို ဆယ်ပုံတစ်ပုံလှူဒါန်းကြသော်လည်း ပညတ်ကျမ်းထဲမှ ပို၍အရေးကြီးသော တရားမျှတခြင်း၊ သနားကြင်နာခြင်းနှင့် ယုံကြည်ခြင်းတို့ကိုမူ လျစ်လျူရှုထားကြသောကြောင့်ဖြစ်၏။ ဆယ်ပုံတစ်ပုံကို လှူဒါန်းကြရမည်မှန်သော်လည်း ထိုထက်အရေးကြီးသော အချက်တို့ကို လျစ်လျူမရှုသင့်ပေ။
သင်တို့အား ငါပြောဆိုသည်မှာ ဘုရားသခင်သည် သူတို့အတွက် လျင်မြန်စွာ တရားမျှတစွာ စီရင်ပေးလိမ့်မည်။ သို့ရာတွင် လူသားပြန်လည်ကြွလာသောအခါ သူသည် ကမ္ဘာမြေကြီးပေါ်၌ ယုံကြည်ခြင်းရှိသူကို တွေ့ရပါမည်လော” ဟု မိန့်တော်မူ၏။
သို့သော် ဂျူးတို့သည် ထိုလူအုပ်ကို မြင်သောအခါ မနာလိုစိတ်နှင့် ပြည့်ကြသဖြင့် ပေါလုဟောပြောသောအရာများကို ဆန့်ကျင်၍ ပေါလုအား စော်ကားပြောဆိုကြ၏။
သို့သော် ဂျူးတို့သည် ဘုရားတရားကိုင်းရှိုင်းသော ဂုဏ်သရေရှိအမျိုးသမီးများနှင့် မြို့၌အရေးပါသောအမျိုးသားများအား လှုံ့ဆော်ကာ ပေါလုနှင့် ဗာနဗကို ဆန့်ကျင်၍ ညှဉ်းပန်းနှိပ်စက်စေပြီး သူတို့ကို မိမိတို့၏နယ်များမှ နှင်ထုတ်ကြ၏။
သို့ရာတွင် ယုံကြည်သက်ဝင်မှုမရှိသောဂျူးများက လူမျိုးခြားတို့ကို သွေးထိုးလှုံ့ဆော်၍ ယုံကြည်သူများအပေါ် မုန်းတီးစိတ်ဖြစ်စေကြ၏။
သို့သော် ဂျူးလူမျိုးတချို့သည် မနာလိုသဖြင့် ဈေးအရပ်များရှိ ဆိုးသွမ်းသူများကို စုစည်း၍ မြို့ထဲ၌ ရုန်းရင်းဆန်ခတ်ဖြစ်စေကြ၏။ ယာသုန်၏အိမ်ကိုလည်း နိုင်ထက်စီးနင်းပြု၍ ပေါလုနှင့် သိလတို့ကို လူများရှေ့သို့ ဆွဲခေါ်လာရန် ရှာဖွေကြလေ၏။
အဘယ်ကြောင့်ဆိုသော် အကျဉ်းသားတစ်ဦးအား စွပ်စွဲရသည့်အကြောင်းရင်းတစ်စုံတစ်ရာကို မဖော်ပြဘဲ ပို့ပေးလိုက်ခြင်းသည် မသင့်လျော်ပါဟု ကျွန်ုပ်ယူဆပါသည်” ဟူ၍ ဆိုလေ၏။
တချို့သည် ပေါလု၏ဟောပြောချက်များကို လက်ခံယုံကြည်၍ တချို့မှာမယုံကြည်ဘဲ နေကြ၏။
သို့သော်လည်း သတင်းကောင်းကို လူတိုင်း လက်ခံသည် မဟုတ်။ ပရောဖက်ဟေရှာယက “အို ထာဝရဘုရား… အကျွန်ုပ်တို့ဟောပြောသော သတင်းစကားကို မည်သူယုံပါသနည်း” ဟု ဆိုခဲ့၏။
ယေရှုခရစ်တော်ကို မယုံကြည်သော ယုဒပြည်၌ရှိသည့် လူတို့၏ လက်မှ ကျွန်ုပ်လွတ်ရန်နှင့် ဂျေရုဆလင်မြို့၌ ရှိသည့် ယုံကြည်သူများသည် ကျွန်ုပ်ယူဆောင်လာမည့် အလှူကို လက်ခံလိုသောစိတ် ရှိစေရန် ဆုတောင်းကြလော့။
ကျွန်ုပ်သည် လူ့သဘောဖြင့် ဧဖက်မြို့၌ သားရဲတိရစ္ဆာန်များနှင့် တိုက်ခိုက်ခဲ့မည်ဆိုလျှင် ကျွန်ုပ်အတွက် မည်သည့်အကျိုး ရှိမည်နည်း။ သေလွန်သောသူတို့ မထမြောက်လျှင် “ကျွန်ုပ်တို့သည် မနက်ဖြန် သေကြမည်ဖြစ်၍ စားသောက်လျက် နေကြစို့” ဟူ၍ ဆိုထားသည့်အတိုင်း ပြုကြစို့။
ထိုသို့ ကျွန်ုပ်တို့သည် သင်တို့ထံသို့ ပြန်လာချင်သောကြောင့် ကျွန်ုပ် ပေါလုကိုယ်တိုင် အကြိမ်ကြိမ်ကြိုးစားခဲ့၏။ သို့သော် စာတန်သည် ကျွန်ုပ်တို့ကို တားဆီးခဲ့၏။
သို့သော်လည်း ကျွန်ုပ်သည် လူမျိုးခြားတို့အား သတင်းကောင်းကို ပြည့်စုံစွာ ဟောပြောရန်အတွက် သခင်ဘုရားသည် ကျွန်ုပ်ဘက်မှ ရပ်တည်၍ ခွန်အားပေးတော်မူခဲ့၏။ ဤသို့ဖြင့် ကိုယ်တော်သည် ကျွန်ုပ်ကို ခြင်္သေ့ခံတွင်းမှ ကယ်နှုတ်တော်မူ၏။