Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 23:23 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

23 သူတော်ကောင်း​ယောင်ဆောင်သော ကျမ်းတတ်ဆရာများ​နှင့် ဖာရိရှဲတို့… သင်တို့​သည် အမင်္ဂလာ​ရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့​သည် ပင်စိမ်းရွက်၊ စမုန်စပါး​နှင့် ဇီရာစေ့​တို့​ကို ဆယ်ပုံတစ်ပုံ​လှူဒါန်းကြ​သော်လည်း ပညတ်ကျမ်း​ထဲမှ ပို၍​အရေးကြီးသော တရားမျှတခြင်း၊ သနားကြင်နာခြင်း​နှင့် ယုံကြည်ခြင်း​တို့​ကိုမူ လျစ်လျူရှုထားကြ​သောကြောင့်​ဖြစ်၏။ ဆယ်ပုံတစ်ပုံ​ကို လှူဒါန်းကြရမည်​မှန်​သော်လည်း ထို​ထက်​အရေးကြီးသော အချက်တို့​ကို လျစ်လျူမရှုသင့်ပေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

23 ``ကြောင်​သူ​တော်​ဖာ​ရိ​ရှဲ​နှင့်​ကျမ်း​တတ်​ဆ​ရာ​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​သည် ပင်​စိမ်း၊စ​မွတ်​နှင့်​ဇီ​ယာ​တို့​ကို​ဆယ်​ဖို့​တစ်​ဖို့ ပေး​လှူ​ကြ​သော်​လည်း​တ​ရား​မျှ​တ​မှု၊ သ​နား ကြင်​နာ​မှု၊ ရိုး​သား​ဖြောင့်​မတ်​မှု​စ​သည့်​ပ​ညတ် ကျမ်း​မှ​အ​ကယ်​ပင်​အ​ရေး​ကြီး​သော​သွန်​သင် ချက်​များ​ကို​မူ​ကား​လျစ်​လူ​ပြု​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

23 သီ လ ကြောင် ဖြစ် သူ ကျမ်း တတ် ဆ ရာ နှင့် ဖာ ရိ ရှဲ တို့၊ သင် တို့၌ အ မင်္ဂ လာ ရှိ၏။ သင် တို့ သည် ပင် စိမ်း၊ စ မွတ်၊ ဇီ ယာ၊ ဆယ် ဖို့ တစ် ဖို့ ကို လှူ လျက် ပ ညတ် တ ရား တော်၌ အ ရေး ကြီး သော တ ရား စောင့် ခြင်း၊ က ရု ဏာ ရှိ ခြင်း၊ သ စ္စာ တည် ခြင်း များ ကို လှပ် ထား ကြ သည် တ ကား။ ဆို ခဲ့ သော အ လှူ များ ကို မ လှပ် ထား ဘဲ အ ရေး ကြီး သော အ ရာ များ ကို စောင့် သင့်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

23 လျှို့​ဝှက်​သော​ကျမ်း​ပြု​ဆ​ရာ၊ ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ပင်​စိမ်း၊ စ​မွှတ်၊ ဇီ​ယာ၊ အ​သီး​အ​ရွက်​တို့​ကို ဆယ်​ဖို့​တစ်​ဖို့ လှူ​ကြ​သည်​တွင် တ​ရား​သ​ဖြင့်​စီ​ရင်​ခြင်း၊ သူ​တစ်​ပါး​ကို သ​နား​ခြင်း၊ သ​စ္စာ​စောင့်​ခြင်း​တည်း​ဟူ​သော ပ​ညတ်​တ​ရား​တွင် လေး​သော​အ​ရာ​တို့​ကို​ကား လှပ်၍​ထား​ကြ၏။ အ​ရင်​ဆို​သော​အ​ရာ​တို့​ကို မ​လှပ်​မ​ထား၊ နောက်​ဆို​သော​အ​ရာ​တို့​ကို ကျင့်​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

23 သူတော်ကောင်း​ယောင်ဆောင်​သော ကျမ်းပြု​ဆရာ​နှင့်​ဖာရိရှဲ​တို့၊ သင်​တို့​သည် အမင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သင်​တို့​သည် ပင်စိမ်း၊ စမုန်စပါး​နှင့် ဇီရာ​တို့​ကို ဆယ်ဖို့တစ်ဖို့​ပေးလှူ​ကြ​၏။ သို့သော် ပညတ်​တရား​ထဲမှ ပို၍​အရေးကြီး​သော တရားမျှတ​ခြင်း၊ ကရုဏာ​ထား​ခြင်း​နှင့် သစ္စာစောင့်​ခြင်း​တို့​ကို ချန်လှပ်​ထား​ကြ​၏။ ဤ​အရာ​များ​ကို ပြု​ရ​မည်​ဖြစ်​ပြီး အထက်​တွင်​ဆို​သော​အရာ​များ​ကို​လည်း ချန်လှပ်​မ​ထား​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

23 လျှို့​ဝှက်​သော​ကျမ်း​ပြု​ဆ​ရာ၊ ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ပင်​စိမ်း၊ စ​မွှတ်၊ ဇီ​ယာ၊ အ​သီး​အ​ရွက်​တို့​ကို ဆယ်​ဖို့​တစ်​ဖို့ လှူ​ကြ​သည်​တွင် တ​ရား​သ​ဖြင့်​စီ​ရင်​ခြင်း၊ သူ​တစ်​ပါး​ကို သ​နား​ခြင်း၊ သ​စ္စာ​စောင့်​ခြင်း​တည်း​ဟူ​သော ပ​ညတ်​တ​ရား​တွင် လေး​သော​အ​ရာ​တို့​ကို​ကား လှပ်၍​ထား​ကြ၏။ အ​ရင်​ဆို​သော​အ​ရာ​တို့​ကို မ​လှပ်​မ​ထား၊ နောက်​ဆို​သော​အ​ရာ​တို့​ကို ကျင့်​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 23:23
16 ပူးပေါင်းရင်းမြစ်များ  

သို့သော် ‘ယဇ်ပူဇော်ခြင်း​ထက် သနားကြင်နာတတ်ခြင်း​ကို ငါ​ပို၍​အလိုရှိ၏’ ဟူသည့် ကျမ်းစာ​၏ အဓိပ္ပာယ်​ကို သင်တို့ သိရှိ​ပါက အပြစ်မရှိသော ငါ​၏​တပည့်တော်တို့​ကို ပြစ်တင်ရှုတ်ချ​လိမ့်မည် မဟုတ်။


သူတော်ကောင်း​ယောင်ဆောင်သော ကျမ်းတတ်ဆရာများ​နှင့် ဖာရိရှဲတို့… သင်တို့​သည် အမင်္ဂလာ​ရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့​သည် ကောင်းကင်​နိုင်ငံတော်​၏​တံခါး​ကို လူတို့​ရှေ့​မှ ပိတ်ထား​၍ သင်တို့​ကိုယ်တိုင်​လည်း​မဝင်၊ ဝင်လိုသည့်​သူများ​ကိုလည်း ဝင်ခွင့်​မပေးဘဲ နေကြ​သောကြောင့်​ဖြစ်၏။


‘ယဇ်ပူဇော်ခြင်း​ထက် သနားကြင်နာတတ်ခြင်း​ကို ငါ​ပို၍​အလိုရှိ၏’ ဟူသည့် ကျမ်းစကား​ကို သင်တို့ သွား​၍ သင်ယူကြလော့။ ဖြောင့်မတ်သောသူတို့​ကို နောင်တရ​စေရန်​အတွက် ငါ​လာ​၍ ခေါ်သည်​မဟုတ်။ အပြစ်သားများ​ကို နောင်တရ​စေရန်​အတွက် လာ​၍ ခေါ်သည်” ဟု မိန့်တော်မူ၏။


ဖာရိရှဲတို့… သင်တို့​သည် အမင်္ဂလာ​ရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့​သည် ပင်စိမ်းရွက်၊ စမုန်စပါး​နှင့် ဟင်းခတ်ရွက်တို့​ကို ဆယ်ပုံတစ်ပုံ​လှူဒါန်းကြ​သော်လည်း တရားမျှတခြင်း​နှင့် ဘုရားသခင်​ကို​ချစ်ခြင်း စသည့်​အမှုတို့​ကို လျစ်လျူရှုကြ​သောကြောင့်​ဖြစ်၏။ ဆယ်ပုံတစ်ပုံ​ကို လှူဒါန်းကြရမည်​မှန်​သော်လည်း ထို​ထက်​အရေးကြီးသော အချက်တို့​ကို လျစ်လျူမရှုသင့်ပေ။


အကျွန်ုပ်​သည် တစ်ပတ်​လျှင်​နှစ်ကြိမ် အစာရှောင်ပါ၏။ ရရှိသော​အရာများ​ထဲမှ ဆယ်ပုံတစ်ပုံ​ကိုလည်း လှူဒါန်းပါ၏’ ဟု ဆုတောင်း၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ