မျှော်လင့်လျက် ဝမ်းမြောက်ကြလော့။ ဆင်းရဲဒုက္ခရောက်သောအခါ၌ သည်းခံ၍ မပျက်မကွက်ဆုတောင်းကြလော့။
၂ သက် 1:4 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် သင်တို့သည် ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ဆင်းရဲဒုက္ခအားလုံးကြားကပင် သည်းခံ၍ ယုံကြည်သဖြင့် ဘုရားသခင်၏ အသင်းတော်များအလယ်၌ သင်တို့အကြောင်း ကျွန်ုပ်တို့ကိုယ်တိုင် ဂုဏ်ယူဝင့်ကြွားကြ၏။ Common Language Bible ထို့ကြောင့်ငါတို့ကိုယ်တိုင်ပင်လျှင်သင်တို့ အကြောင်းကိုဘုရားသခင်၏အသင်းတော် များတွင်ဂုဏ်ယူပြောဆိုကြ၏။ သင်တို့သည် ညှဉ်းဆဲနှိပ်စက်ခြင်းနှင့်ဆင်းရဲဒုက္ခများကို ခံရသော်လည်းကြံ့ခိုင်လျက်၊ ယုံကြည်ခြင်း ခိုင်မြဲလျက်ရှိသည်ကိုထောက်၍ငါတို့ ဂုဏ်ယူပြောဆိုကြ၏။ Garrad Bible သို့ နှင့် အ ညီ တွေ့ ကြုံ ရ သော နှိပ် စက် ခြင်း၊ ဒု က္ခ ရောက် ခြင်း ရှိ သ မျှ တွင် သင် တို့ တည် ကြည် လျက်၊ ယုံ ကြည် လျက် နေ ကြ သည် ကို အ ကြောင်း ပြု၍ ဘု ရား သ ခင့် အ သင်း တော် များ၌ ငါ တို့ ကိုယ် တိုင် ဂုဏ် တင် ခွင့် ရ ကြ၏။ Judson Bible သို့ဖြစ်၍၊ သင်တို့သည် ညှဉ်းဆဲခြင်း၊ ဒုက္ခဆင်းရဲခြင်းကို ခံရသမျှတို့၌ သည်းခံ၍ ယုံကြည်ခြင်းရှိသည်ကို ငါတို့သည် ထောက်၍၊ ဘုရားသခင်၏ အသင်းတော်များတွင် သင်တို့ကြောင့် ဝါကြွားကြ၏။- မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ သင်တို့ခံရသော ညှဉ်းဆဲခြင်းနှင့်ဒုက္ခဆင်းရဲခြင်းရှိသမျှတို့၌ထင်ရှားသော သင်တို့၏သည်းခံခြင်းနှင့် ယုံကြည်ခြင်းတို့အတွက် ငါတို့ကိုယ်တိုင် ဘုရားသခင်၏အသင်းတော်များတွင် သင်တို့အကြောင်းကို ဝါကြွားကြ၏။ |
မျှော်လင့်လျက် ဝမ်းမြောက်ကြလော့။ ဆင်းရဲဒုက္ခရောက်သောအခါ၌ သည်းခံ၍ မပျက်မကွက်ဆုတောင်းကြလော့။
ကောင်းမှုကို အစဉ်တစိုက်ပြု၍ ဘုန်းအသရေ၊ ဂုဏ်အသရေနှင့် မပျက်စီးမယိုယွင်းသောဘဝကို ရှာသောသူတို့အား ထာဝရအသက်ကို ပေးတော်မူလိမ့်မည်။
သို့သော် ကျွန်ုပ်တို့မတွေ့မြင်ရသေးသောအရာကို မျှော်လင့်ကြလျှင်မူ ထိုအရာကို သည်းခံသောစိတ်နှင့် စောင့်မျှော်ကြ၏။
သင်တို့တစ်ဦးစီသည် ဘုရားသခင် ထားတော်မူသော မည်သည့် အခြေအနေတွင်မဆို ဆက်လက်ပြုမူနေထိုင်၍ သင်တို့ကို စတင်ရွေးကောက်တော်မူသည့်အချိန်က ကဲ့သို့ပင် ဆက်လက်ရှိနေသင့်၏။ ဤသည်မှာ အသင်းတော်အားလုံးကို ကျွန်ုပ်ညွှန်ကြားသောအချက်ဖြစ်၏။
သို့ဖြစ်၍ ခရစ်တော်အတွက်ကြောင့် ခံရသော အားနည်းခြင်း၊ ကဲ့ရဲ့ခြင်း၊ ကျပ်တည်းခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ခက်ခဲခြင်းတို့ကို ကျွန်ုပ်ကျေနပ်၏။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်သည် အားနည်းသောအခါ ခရစ်တော်၏တန်ခိုးအားဖြင့် အားကြီးလျက်ရှိသောကြောင့်ဖြစ်၏။
ကျွန်ုပ်သည် သင်တို့အကြောင်းကို တိတုအား ကြွားဝါခဲ့သော်လည်း သင်တို့သည် ကျွန်ုပ်ကို အရှက်မရစေခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သင်တို့အား ကျွန်ုပ်ပြောခဲ့သော အရာအားလုံးသည် မှန်နေသကဲ့သို့ တိတုကို ကျွန်ုပ်တို့ကြွားဝါခဲ့သော သင်တို့အကြောင်းသည်လည်း မှန်နေသောကြောင့်ဖြစ်၏။
ကျွန်ုပ်သည် သင်တို့ကို အလွန်ယုံကြည်စိတ်ချ၍ သင်တို့အတွက် ဂုဏ်ယူ၏။ ကျွန်ုပ်သည် နှစ်သိမ့်မှုကို အပြည့်အဝရရှိသဖြင့် ဆင်းရဲဒုက္ခအမျိုးမျိုးနှင့် ရင်ဆိုင်ရသော်လည်း ဝမ်းမြောက်လျက်ရှိ၏။
လှူဒါန်းလိုသော သင်တို့၏စေတနာစိတ်ကို ကျွန်ုပ်သိ၏။ ထိုသို့စေတနာစိတ်ရှိကြောင်းကို မာကေဒေါနိပြည်သားတို့အား “အခါယပြည်၌ရှိသော ညီအစ်ကိုတို့သည် လွန်ခဲ့သောနှစ်ကတည်းကပင် လှူဒါန်းရန် အသင့်ရှိကြပြီ” ဟု ဂုဏ်ယူဝင့်ကြွားစွာ ကျွန်ုပ်ပြောပြထား၏။ ထိုအခါ သင်တို့၏ စေတနာစိတ်သည် သူတို့အားလုံးနီးနီးကို နှိုးဆော်စေခဲ့၏။
ထိုသို့မဟုတ်ဘဲ မာကေဒေါနိပြည်သားတချို့သည် ကျွန်ုပ်နှင့်အတူ သင်တို့ထံရောက်လာ၍ သင်တို့၌ အသင့်ပြင်ဆင်ထားခြင်းမရှိသည်ကို တွေ့ရလျှင် သင်တို့သာမက ဤအမှု၌ သင်တို့ကို စိတ်ချယုံကြည်ထားသော ကျွန်ုပ်တို့သည်လည်း အရှက်ကွဲရကြလိမ့်မည်။
ညီအစ်ကိုမောင်နှမတို့… ယေရှုခရစ်တော်ကို ယုံကြည်သည့် ယုဒပြည်၌ ရှိကြသော ဘုရားသခင်၏အသင်းတော်များ တွေ့ကြုံသကဲ့သို့ သင်တို့တွေ့ကြုံနေကြ၏။ ဂျူးလူမျိုးများလက်တွင် ထိုအသင်းတော်များ ခံစားခဲ့ရသော ဆင်းရဲဒုက္ခမျိုးကို သင်တို့သည်လည်း မိမိတို့လူမျိုးချင်း၏လက်တွင် ခံစားကြရ၏။
သခင်ယေရှု ပြန်ကြွလာသည့်အချိန်တွင် ကိုယ်တော်ရှေ့၌ ကျွန်ုပ်တို့၏ မျှော်လင့်စရာ၊ ဝမ်းမြောက်စရာ၊ ဂုဏ်ယူစရာဆုသရဖူသည် မည်သည့်အရာ ဖြစ်မည်နည်း။ သင်တို့ပင် ဖြစ်သည်မဟုတ်လော။
ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို သင်တို့နားလည်သဘောပေါက်စေရန်နှင့် ခရစ်တော်ကဲ့သို့ သည်းခံတတ်စေရန် သခင်ဘုရားသည် သင်တို့ကို လမ်းညွှန်တော်မူပါစေသော။
ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက်နိုင်ရန်နှင့် ကတိထားသောအရာကို ရရှိနိုင်ရန် သင်တို့သည် သည်းခံစိတ်မွေးရမည်။
ဤသို့ဖြင့် သင်တို့သည် ပျင်းရိသောသူများမဖြစ်ဘဲ ကတိထားတော်မူသောအရာကို ယုံကြည်ခြင်းနှင့် စိတ်ရှည်ခြင်းတို့ဖြင့် ရရှိသောသူတို့အား အတုယူရန်ဖြစ်၏။
ထိုသို့ အာဗြဟံသည် စိတ်ရှည်စွာ စောင့်ဆိုင်းပြီးနောက် ဘုရားသခင်ကတိထားတော်မူသောအရာကို ရရှိခဲ့၏။
အဆုံးတိုင်အောင် စိတ်ရှည်သည်းခံသောသူတို့သည် မင်္ဂလာရှိသည်ဟု ကျွန်ုပ်တို့ယူဆ၏။ ယောဘ၏စိတ်ရှည်သည်းခံမှုအကြောင်းကို သင်တို့အားလုံး ကြားကြပြီ။ ထာဝရဘုရားသည် သနားကြင်နာခြင်းနှင့် ကရုဏာအပြည့်ရှိသောကြောင့် အဆုံးတွင် ယောဘကို မည်သို့ကြည့်ရှုသည်ကိုလည်း သင်တို့သိကြပြီ။
အသိပညာ၌ မိမိကိုယ်ကိုယ်ချုပ်တည်းခြင်းကိုလည်းကောင်း၊ မိမိကိုယ်ကိုယ်ချုပ်တည်းခြင်း၌ သည်းခံခြင်းကိုလည်းကောင်း၊ သည်းခံခြင်း၌ ဘုရားတရားကိုင်းရှိုင်းခြင်းကိုလည်းကောင်း၊
ဤအကြောင်းကြောင့် ဘုရားသခင်၏ပညတ်တော်တို့ကို လိုက်နာ၍ ယေရှုကို စွဲမြဲစွာ ယုံကြည်သည့် သန့်ရှင်းသူတို့သည် သည်းခံရန် လို၏။