ဒါဝိဒ်မင်းကိုယ်တိုင် သန့်ရှင်းသောဝိညာဉ်တော်၏လှုံ့ဆော်မှုအားဖြင့် ပြောသောစကားမှာ ‘ထာဝရဘုရားသည် ကျွန်ုပ်၏ သခင်ကို “ငါ၏ လက်ယာဘက်၌ ထိုင်လော့။ ငါ့သည် သင်၏ရန်သူတို့ကို သင်၏ခြေဖဝါးအောက်၌ ချထားလိမ့်မည်” ဟူ၍ မိန့်တော်မူ၏’ ဟု ဆိုခဲ့၏။
၂ ပေ 1:21 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် ပရောဖက်ပြုဟောပြောချက်သည် မည်သည့်အခါမျှ လူ့အလိုအရ ဖြစ်ပေါ်လာသည်မဟုတ်ဘဲ သန့်ရှင်းသောဝိညာဉ်တော်၏ နှိုးဆော်ခြင်းကို ခံရသောသူတို့သည် ဘုရားသခင်ထံမှ လာသောစကားကို ဟောပြောသောကြောင့်ဖြစ်၏။ Common Language Bible အဘယ်ကြောင့်ဆိုသော်မည်သည့်ပရောဖက် ဟောပြောချက်မျှ မိမိ၏အလိုဆန္ဒအရပေါ် ပေါက်လာခြင်းမဟုတ်။ သန့်ရှင်းသောဝိညာဉ်တော် နှိုးဆော်ခြင်းကိုခံရသောသူတို့သည် ဘုရား သခင်၏ထံတော်မှလာသောဗျာဒိတ်တော်ကို ဟောပြောခြင်းဖြစ်သည်။ Judson Bible အကြောင်းမူကား၊ အနာဂတ္တိစကားသည် လူအလိုအားဖြင့် ဖြစ်ဖူးသည်မဟုတ်၊ ဘုရားသခင်၏ သန့်ရှင်းသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ တိုက်တွန်းတော်မူခြင်းကို ခံရ၍ ဟောပြောကြ၏။ မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ပရောဖက်ပြုဟောပြောချက်သည် မည်သည့်အခါမျှ လူ၏အလိုဆန္ဒအရဖြစ်ပေါ်လာသည်မဟုတ်။ သန့်ရှင်းသောဝိညာဉ်တော်၏နှိုးဆော်ခြင်းကို ခံရသောသူတို့သည် ဘုရားသခင်ထံမှလာသောစကားကို ဟောပြောကြခြင်းဖြစ်၏။ |
ဒါဝိဒ်မင်းကိုယ်တိုင် သန့်ရှင်းသောဝိညာဉ်တော်၏လှုံ့ဆော်မှုအားဖြင့် ပြောသောစကားမှာ ‘ထာဝရဘုရားသည် ကျွန်ုပ်၏ သခင်ကို “ငါ၏ လက်ယာဘက်၌ ထိုင်လော့။ ငါ့သည် သင်၏ရန်သူတို့ကို သင်၏ခြေဖဝါးအောက်၌ ချထားလိမ့်မည်” ဟူ၍ မိန့်တော်မူ၏’ ဟု ဆိုခဲ့၏။
“ညီအစ်ကိုမောင်နှမတို့… ယေရှုကို ဖမ်းဆီးသောသူတို့အား ဦးဆောင်လာသည့် ယုဒအကြောင်းနှင့်ပတ်သက်၍ သန့်ရှင်းသောဝိညာဉ်တော်က ဒါဝိဒ်မင်းကြီး၏နှုတ်အားဖြင့် ကြိုတင်ဟောပြောသော ကျမ်းချက်သည် ဖြစ်လာရမည်။
ထို့ကြောင့် သူတို့သည် အချင်းချင်းသဘောထားကွဲလွဲကြ၏။ ထို့နောက် ထိုသူတို့ထွက်သွားကြမည်ပြုစဉ် ပေါလုက “ပရောဖက်ဟေရှာယအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်က သင်တို့ဘိုးဘေးတို့အား မှန်ကန်စွာမိန့်တော်မူသည်မှာ
သို့ရာတွင် ခရစ်တော်သည် ဆင်းရဲဒုက္ခခံစားရမည်ဟု ပရောဖက်အပေါင်းတို့၏နှုတ်အားဖြင့် ဘုရားသခင်ကြိုတင်မှာကြားခဲ့သောအမှုများကို ဤသို့ဖြစ်လာစေတော်မူခဲ့၏။
ထို့ကြောင့် သန့်ရှင်းသောဝိညာဉ်တော်မိန့်တော်မူသည်မှာ “ယနေ့ သင်တို့သည် ကိုယ်တော်၏အသံကို ကြားလျှင်
ဤစည်းမျဉ်းအရ တဲတော်၏ ပထမအခန်း တည်ရှိနေသရွေ့ အသန့်ရှင်းဆုံးဌာနတော်ဖြစ်သည့် ဒုတိယအခန်းသို့ ဝင်သည့်လမ်း မပွင့်သေးကြောင်းကို သန့်ရှင်းသောဝိညာဉ်တော်က ဖော်ပြတော်မူ၏။
ထိုပရောဖက်တို့ထဲ၌ ရှိသော ခရစ်တော်၏ဝိညာဉ်သည် ခရစ်တော်၏ ဆင်းရဲဒုက္ခများအကြောင်းကိုလည်းကောင်း၊ ထိုဆင်းရဲဒုက္ခခံရပြီးနောက် စံစားရမည့်ဘုန်းအသရေအကြောင်းကိုလည်းကောင်း ကြိုတင်သက်သေခံသောအခါ မည်သည့်အချိန်နှင့် မည်သည့်အခြေအနေ၌ဖြစ်ပျက်မည်ကို ရည်ညွှန်းကြောင်း ထိုပရောဖက်တို့က စူးစမ်းခဲ့ကြ၏။
ထိုအခါ ကျွန်ုပ်သည် ထိုကောင်းကင်တမန်ကို ရှိခိုးရန် သူ၏ခြေရင်း၌ ဝပ်တွား၏။ သို့သော် သူက “ထိုသို့မပြုနှင့်။ ငါသည် သင်မှစ၍ ယေရှုအကြောင်း သက်သေခံချက်ကို သစ္စာရှိစွာ ထိန်းသိမ်းသော သင့်ညီအစ်ကိုမောင်နှမများ၏ အစေခံချင်းလည်း ဖြစ်၏။ ဘုရားသခင်ကိုသာ ရှိခိုးလော့။ ပရောဖက်ပြုချက်၏အနှစ်သာရသည် ယေရှုအကြောင်း သက်သေခံချက်ပင် ဖြစ်၏” ဟု ဆို၏။