ယေရှုကလည်း “ဘုရားသခင်၏နှုတ်ကပတ်တရားတော်ကို ကြား၍ လိုက်နာသောသူသည် ပို၍ မင်္ဂလာရှိ၏” ဟု မိန့်တော်မူ၏။
၂ တိ 4:7 - ခေတ်သစ်မြန်မာ သမ္မာကျမ်း တိုက်ပွဲကောင်းကို ကျွန်ုပ်တိုက်ခဲ့ပြီ။ တာအဆုံးတိုင်အောင် ပြေးခဲ့ပြီ။ ယုံကြည်ခြင်းတရားကို စောင့်ထိန်းခဲ့ပြီ။ Common Language Bible ငါသည်ပြေးပွဲတွင်အစွမ်းကုန်ကြိုးစားခဲ့ပြီ။ တာအဆုံးတိုင်အောင်ပြေးခဲ့ပြီ။ ယုံကြည်ခြင်း တရားကိုစောင့်ထိန်းခဲ့ပြီ။- Garrad Bible ပြေး ပွဲ မြတ်၌ ငါ့ လုံ့ လ ထုတ် ပြီ။ တာ အ ဆုံး တိုင် ရောက် ပြီ။ ယုံ ကြည် ခြင်း တ ရား ကို စောင့် ထိန်း ခဲ့ ပြီ။ Judson Bible ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည် ခြင်းတရားကို စောင့်ရှောက်ပြီ။- မြန်မာ့စံမီသမ္မာကျမ်း ငါသည် ကောင်းသောတိုက်ပွဲကို တိုက်ခဲ့ပြီ။ ပြေးရမည့်တာကို အဆုံးတိုင်အောင်ပြေးခဲ့ပြီ။ ယုံကြည်ခြင်းကို စောင့်ထိန်းခဲ့ပြီ။ |
ယေရှုကလည်း “ဘုရားသခင်၏နှုတ်ကပတ်တရားတော်ကို ကြား၍ လိုက်နာသောသူသည် ပို၍ မင်္ဂလာရှိ၏” ဟု မိန့်တော်မူ၏။
ကောင်းသောမြေ၌ ကျသည့်မျိုးစေ့မှာ တရားစကားကို ကြားသောအခါ စစ်မှန်ကောင်းမွန်သောစိတ်နှလုံးနှင့် စွဲမြဲစွာခံယူ၍ တည်ကြည်စွာ အသီးသီးသောသူကို ဆိုလို၏။
ဤလောကထဲမှ ရွေးကောက်၍ အကျွန်ုပ်ထံ ပေးအပ်တော်မူသောသူတို့အား ကိုယ်တော်အကြောင်းကို အကျွန်ုပ်ဖော်ပြခဲ့ပါပြီ။ ကိုယ်တော်သည် ထိုသူတို့ကို ပိုင်တော်မူ၍ အကျွန်ုပ်အား ပေးအပ်တော်မူပြီ။ သူတို့သည်လည်း ကိုယ်တော်၏ နှုတ်ကပတ်တရားတော်ကို လိုက်နာကြပါပြီ။
ယေရှုက “ငါ့ကို စေလွှတ်တော်မူသောဘုရားသခင်၏ အလိုတော်ကို လိုက်နာ၍ ထိုအရှင်၏ အမှုတော်ကို ပြီးဆုံးသည်အထိ ဆောင်ရွက်ခြင်းသည် ငါ့စားစရာဖြစ်၏။
မိမိလုပ်ငန်း ပြီးမြောက်ချိန်နီးသောအခါ ယောဟန်က ‘သင်တို့သည် ငါ့အားမည်သူဖြစ်သည်ဟု ထင်မြင်ကြသနည်း။ ငါသည် ထိုအရှင်မဟုတ်ပါ။ ထိုအရှင်သည် ငါ့နောက်တွင် ကြွလာလိမ့်မည်။ ငါသည် ထိုအရှင်၏ခြေတော်မှ ဖိနပ်ကြိုးကို ဖြေပေးရန်ပင် မထိုက်တန်ပါ’ ဟု ဆိုလေ၏။
သို့ရာတွင် ဘုရားသခင်၏ကျေးဇူးတော်နှင့်ဆိုင်သည့် သတင်းကောင်းကို သက်သေခံရန်အတွက် သခင်ယေရှုထံမှ လက်ခံရရှိသည့် အလုပ်တာဝန်နှင့် အမှုတော်ကို ပြီးစီးနိုင်မည်ဆိုလျှင် ကျွန်ုပ်သည် မိမိအသက်ကိုပင် မနှမြောပါ။
ဤသို့သွားသည်မှာ ဘုရားသခင်၏ ဗျာဒိတ်တော်အရ သွားခြင်းဖြစ်၏။ ထိုမြို့၌ ရှိစဉ် ခေါင်းဆောင်ဖြစ်သူများနှင့် သီးသန့်တွေ့ဆုံစည်းဝေးကာ လူမျိုးခြားတို့အား ဟောပြောခဲ့သောသတင်းကောင်းနှင့် ပတ်သက်၍ သူတို့ထံ တင်ပြခဲ့၏။ ဤသို့ တင်ပြရခြင်းမှာ ကျွန်ုပ်ကြိုးစားအားထုတ်ခဲ့ရသောအရာနှင့် ကြိုးစားအားထုတ်နေသောအရာတို့ကို အချည်းနှီး မဖြစ်စေလိုသောကြောင့် ဖြစ်၏။
ကျွန်ုပ်၏သား တိမောသေ… ယခင်က သင့်ကို ရည်စူး၍ ပရောဖက်တို့ဟောပြောခဲ့သော အရာများကို အခြေခံ၍ သင့်ကို ကျွန်ုပ်ညွှန်ကြားလိုက်၏။ ထိုဟောပြောချက်များကို လိုက်နာခြင်းဖြင့် တိုက်ပွဲကို ကောင်းစွာ တိုက်ခိုက်နိုင်ရန် ဖြစ်၏။
ယုံကြည်ခြင်းဆိုင်ရာ တိုက်ပွဲကောင်းကို တိုက်၍ ထာဝရအသက်ကို အရယူလော့။ ထာဝရအသက် ရရန် ဘုရားသခင်သည် သင့်ကို ခေါ်တော်မူပြီး သင်သည်လည်း ခရစ်တော်ကို ယုံကြည်ကြောင်း သက်သေများစွာရှေ့တွင် ကောင်းစွာ ဝန်ခံခဲ့၏။
တိမောသေ… သင့်ထံ အပ်နှင်းထားသည့်အရာကို စောင့်ရှောက်လော့။ ဘုရားတရားမဲ့သည့် အကျိုးမရှိသောစကားများနှင့် အသိပညာဟု လွဲမှားစွာ ခေါ်ဝေါ်သည့် ဆန့်ကျင်ဘက်အယူအဆများကို ရှောင်ကြဉ်လော့။
သင့်ထံ၌ အပ်ထားသောသတင်းကောင်းတရားကို ကျွန်ုပ်တို့ထဲ၌ ကိန်းဝပ်တော်မူသည့်သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကာကွယ်စောင့်ရှောက်လော့။
သို့သော် သင်သည် ကျွန်ုပ်၏သွန်သင်ခြင်း၊ ကျင့်ကြံနေထိုင်ခြင်း၊ ကြံစည်ခြင်း၊ ယုံကြည်ခြင်း၊ စိတ်ရှည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်းတို့ကို သိ၏။
သင်သည် ငါသွန်သင်သည့်အတိုင်း သည်းခံလျက်နေခဲ့၏။ ထို့ကြောင့် ကမ္ဘာလောက၌ နေထိုင်ကြသောသူတို့ကို စစ်ဆေးရန်အတွက် ကမ္ဘာတစ်ဝန်းလုံးအပေါ် ကျရောက်မည့်စုံစမ်းနှောင့်ယှက်ခြင်းကာလမှ သင်တို့ကို ငါကယ်တင်မည်။
သင်၏လုပ်ဆောင်မှုကို ငါသိ၏။ သင်သည် အားနည်းသော်လည်း ငါ၏သွန်သင်ချက်ကို လိုက်နာ၍ ငါ၏တပည့်တော်ဖြစ်ကြောင်းကို မငြင်းပယ်ခဲ့။ ထို့ကြောင့် သင့်ရှေ့မှာ တံခါးကို ငါဖွင့်ထားပြီ။ ထိုတံခါးကို မည်သူမျှမပိတ်နိုင်။
ထို့နောက် သူတို့တစ်ဦးစီအား ဝတ်ရုံဖြူများကို ပေးတော်မူ၏။ သူတို့နည်းတူ အသတ်ခံရမည့် သူတို့၏အစေခံချင်း၊ သူတို့၏ညီအစ်ကိုမောင်နှမချင်း အရေအတွက်ပြည့်သည်အထိ အနည်းငယ်စောင့်ကြရန် သူတို့အား မိန့်တော်မူ၏။