သို့သော်လည်း သူတို့စိတ်အနှောင့်အယှက်မဖြစ်စေရန် အိုင်သို့ သွား၍ ငါးမျှားလော့။ အဦးဆုံးရသောငါးကို ယူ၍ ပါးစပ်ကို ဖွင့်လျှင် ငွေဒင်္ဂါးတစ်ပြားကို တွေ့လိမ့်မည်။ ထိုငွေကိုယူ၍ ငါနှင့် သင့်အတွက် အခွန်ကို ပေးဆောင်လော့” ဟု မိန့်တော်မူ၏။
၂ ကော 6:3 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အမှုတော်လုပ်ငန်းတွင် အပြစ်တင်စရာအကြောင်း တစ်စုံတစ်ခုမျှ မရှိစေရန် ကျွန်ုပ်တို့သည် သူတစ်ပါးရှေ့၌ ထိမိ၍ လဲစရာမဖြစ်စေကြ။ Common Language Bible ငါတို့၏အလုပ်နှင့်ပတ်သက်၍အဘယ်သူမျှ အပြစ်မရှာနိုင်စေရန်ငါတို့သည်သူတစ်ပါး တို့ရှေ့၌အနှောင့်အယှက်တစ်စုံတစ်ခုကိုမျှ မပြု။- Garrad Bible အ မှု တော် ဆောင် ရာ ထူး၌ အ ပြစ် တင် ခွင့် မ ရှိ စေ ခြင်း ငှာ မှောက် မှား ရန် အ ကြောင်း ကို မျှ မ ပြု ဘဲ၊ Judson Bible တရားဟောခြင်းအခွင့်အရာကို အပြစ်တင်ခြင်းနှင့် ကင်းလွတ်စိမ့်သောငှာ၊ ထိမိ၍လဲစရာအကြောင်း တစ်စုံတစ်ခုကိုမျှမပြု။- မြန်မာ့စံမီသမ္မာကျမ်း အမှုတော်လုပ်ငန်းသည် ပြစ်တင်ဝေဖန်ခြင်းမခံရစေရန် ငါတို့သည် မည်သည့်အမှုအရာ၌မျှ လူတို့အတွက် ခလုတ်တံသင်းမဖြစ်စေဘဲ |
သို့သော်လည်း သူတို့စိတ်အနှောင့်အယှက်မဖြစ်စေရန် အိုင်သို့ သွား၍ ငါးမျှားလော့။ အဦးဆုံးရသောငါးကို ယူ၍ ပါးစပ်ကို ဖွင့်လျှင် ငွေဒင်္ဂါးတစ်ပြားကို တွေ့လိမ့်မည်။ ထိုငွေကိုယူ၍ ငါနှင့် သင့်အတွက် အခွန်ကို ပေးဆောင်လော့” ဟု မိန့်တော်မူ၏။
ငါ့ကိုယုံကြည်သော ကလေးငယ်တစ်စုံတစ်ယောက်အား မှားယွင်းစေသောသူသည် ကြီးသောကြိတ်ဆုံကျောက်ကို လည်၌ ဆွဲလျက် နက်သောပင်လယ်ထဲသို့ ပစ်ချခံရလျှင် ပို၍ကောင်း၏။
ဤသို့ဖြင့် ကျွန်ုပ်တို့၏စီးပွားလုပ်ငန်းသည် နာမည်ပျက်နိုင်ချေရှိမည်။ ထိုမျှမက ကြီးမြတ်သောအာတေမိနတ်ဘုရားမ၏ဗိမာန်ကျောင်းကို ဂရုမပြုတော့ဘဲ အာရှပြည်တစ်ပြည်လုံးနှင့် ကမ္ဘာတစ်ဝန်းလုံးရှိသူများ ယုံကြည်ကိုးကွယ်သော ထိုနတ်ဘုရားမ၏ထည်ဝါမှုပင် ကျဆင်းနိုင်ချေရှိမည်ကိုလည်း စိုးရိမ်ဖွယ်ရှိပါသည်” ဟု ပြောလေ၏။
ထို့ကြောင့် အချင်းချင်း အပြစ်မတင်ဘဲ နေကြပါစို့။ အပြစ်တင်မည့်အစား အခြားယုံကြည်သောသူတစ်ယောက်အတွက် ဆူးငြောင့်ခလုတ် သို့မဟုတ် ထိမိ၍ လဲစရာမဖြစ်စေရန် ဆင်ခြင်ကြပါစို့။
အခြားသူတို့သည် သင်တို့ထံမှ ဤခံစားခွင့်ကို ရလျှင် ကျွန်ုပ်တို့သည် ပို၍ ရထိုက်သည်မဟုတ်လော။ သို့ရာတွင် ကျွန်ုပ်တို့သည် ဤခံစားခွင့်ကို မယူခဲ့ကြ။ ခရစ်တော်၏ သတင်းကောင်းကို အဆီးအတားမရှိစေရန်အတွက် မည်သည့်အခက်အခဲကိုမဆို သည်းခံကြ၏။
အားနည်းသောသူတို့နှင့်အတူရှိစဉ်က အားနည်းသောသူတို့ကို ကယ်တင်နိုင်ရန် အားနည်းသောသူဖြစ်လာ၏။ တတ်နိုင်သမျှ လူတချို့ကို ကယ်တင်နိုင်ရန် ထိုသူတို့နှင့် တူသောအချက်ကို ရှာ၍ နေထိုင်၏။
ကျွန်ုပ်တို့ လိပ်ပြာသန့်စွာ သက်သေခံသည့် ကြွားဝါစရာအကြောင်းမှာ ကျွန်ုပ်တို့သည် ဤလောက၌ အထူးသဖြင့် သင်တို့ရှေ့၌ လူ့ဉာဏ်ကို အမှီမပြုဘဲ ဘုရားသခင်၏ ကျေးဇူးတော်ကို အမှီပြု၍ ဘုရားသခင်ထံမှလာသော ရိုးသားဖြူစင်ခြင်းတို့ဖြင့် နေထိုင်ခဲ့ကြောင်းဖြစ်၏။
ဤသို့ ရက်ရောစွာ လှူဒါန်းကြသော အလှူငွေကို ကိုင်တွယ်စီမံခြင်းနှင့်ပတ်သက်၍ ကျွန်ုပ်တို့ကို မည်သူမျှ အပြစ်မတင်စေရန် ကျွန်ုပ်တို့သတိနှင့် ဆောင်ရွက်လျက် ရှိကြ၏။