ကျွန်ုပ်သည် ခရစ်တော်၏ သတင်းကောင်းအတွက် မရှက်ကြောက်။ အဘယ်ကြောင့်ဆိုသော် ထိုသတင်းကောင်းသည် ယုံကြည်သောသူများဖြစ်သည့် ဦးစွာ ဂျူးလူမျိုးများ၊ ထို့နောက် လူမျိုးခြားများကို ကယ်တင်သော ဘုရားသခင်၏ တန်ခိုးတော်ဖြစ်သောကြောင့်ပင်။
၂ ကော 4:2 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့သည် ဆိတ်ကွယ်ရာ၌ ပြုသော ရှက်ရွံ့ဖွယ်အမှုတို့ကို ရှောင်ကြဉ်ကြ၏။ ပရိယာယ်ကို မသုံးကြ။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုလည်း မှောက်လှန်၍ မဟောပြောကြ။ ဘုရားသခင်ရှေ့တော်၌ ကျွန်ုပ်တို့မှာ မည်သို့သောသူများဖြစ်သည်ကို သူတို့စိတ်ထဲက သိနိုင်ရန် အမှန်တရားကိုသာ အတိအလင်းဖော်ပြကြ၏။ Common Language Bible ငါတို့သည်ရှက်ဖွယ်ရာလျှို့ဝှက်မှုအပေါင်း တို့ကိုစွန့်ပယ်ကြ၏။ ငါတို့သည်ကောက်ကျစ် စဉ်းလဲမှုကိုမပြု။ ဘုရားသခင်၏နှုတ်ကပတ် တရားတော်ကိုမှောက်လှန်၍မဟောမပြော။ ငါတို့သည်ဘုရားသခင်၏မျက်မှောက်တော် ၌သမ္မာတရားတော်၏အလင်းတွင် သက်ရှင် လှုပ်ရှား၍လူအပေါင်းတို့သြတ္တပ္ပစိတ် ကြည်လင်အောင်ပြုမူဆောင်ရွက်ကြ၏။- Garrad Bible ရှက် ဖွယ် ရာ လျှို့ ဝှက် မှု များ ကို စွန့် ပယ် ပြီး လျှင် စဉ်း လဲ စွာ ကျင် လည် ခြင်း၊ ဘု ရား သ ခင့် တ ရား တော် ကို ရော စပ် ခြင်း မ ပြု ဘဲ သ မ္မာ တ ရား တော် ကို ဖော် ပြ ခွင့် အား ဖြင့် သာ ဘု ရား သ ခင့် မျက် မှောက် တော် တွင် လူ တိုင်း၏ သြတ္တ ပ္ပ စိတ် ရှေ့ ကိုယ် ကို ထောက် ခံ ကြ၏။ Judson Bible ဆိတ်ကွယ်ရာအရပ်၌ပြုသော ရှက်ဖွယ်သော အမှုများကိုပယ်ကြ၏။ ပရိယာယ်ကိုမသုံး၊ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ထိမ်ဝှက်မှောက်လှန်ခြင်း မရှိ။ သမ္မာတရားကို အတည့်အလင်း ဖော်ပြ၍၊ ဘုရားသခင့်ရှေ့တော်၌ လူအပေါင်းတို့၏ စိတ်အထင်အတိုင်း ချီးမွမ်းဖွယ်သော အကျင့်ဓလေ့ကို ကျင့်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ငါတို့သည် ကွယ်ဝှက်ထားသည့် ရှက်ဖွယ်ရာများကိုစွန့်ပယ်၍ ပရိယာယ်၌ကျင်လည်ခြင်း၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကို မလိမ့်တပတ်လုပ်ခြင်းတို့မရှိဘဲ သမ္မာတရားကို အတိအလင်းဖော်ပြခြင်းအားဖြင့် ဘုရားသခင်၏ရှေ့တော်၌ လူအပေါင်းတို့၏အသိစိတ်တွင် မိမိတို့ကိုယ်ကိုထင်ရှားစေကြ၏။ |
ကျွန်ုပ်သည် ခရစ်တော်၏ သတင်းကောင်းအတွက် မရှက်ကြောက်။ အဘယ်ကြောင့်ဆိုသော် ထိုသတင်းကောင်းသည် ယုံကြည်သောသူများဖြစ်သည့် ဦးစွာ ဂျူးလူမျိုးများ၊ ထို့နောက် လူမျိုးခြားများကို ကယ်တင်သော ဘုရားသခင်၏ တန်ခိုးတော်ဖြစ်သောကြောင့်ပင်။
ထိုစဉ်က ပြုကျင့်ခဲ့သောအရာမှ မည်သည့် အကျိုးကို ရသနည်း။ သင်တို့သည် ယခင်က ကျူးလွန်ခဲ့ဖူးသောအရာများအတွက် ယခုရှက်ကြောက်ရ၏။ ထိုအရာတို့သည် သေခြင်း၌ လမ်းဆုံး၏။
ထို့ကြောင့် သခင်ဘုရား ပြန်လည်ကြွလာတော်မမူမီ မည်သူ့ကိုမျှ ကြိုတင်၍ မစီရင်ကြနှင့်။ အဘယ်ကြောင့်ဆိုသော် အမှောင်၌ ဝှက်ထားသောအရာများကို ကိုယ်တော်သည် အလင်းသို့ ယူလာ၍ ကျွန်ုပ်တို့၏ အတွင်းစိတ် အကြံအစည်များကို ဖော်ထုတ်မည်ဖြစ်သောကြောင့်ဖြစ်၏။ ထို့နောက်တွင်မူ ဘုရားသခင်သည် လူအသီးသီးတို့ကို ချီးမွမ်းတော်မူလိမ့်မည်။
ကျွန်ုပ်တို့ လိပ်ပြာသန့်စွာ သက်သေခံသည့် ကြွားဝါစရာအကြောင်းမှာ ကျွန်ုပ်တို့သည် ဤလောက၌ အထူးသဖြင့် သင်တို့ရှေ့၌ လူ့ဉာဏ်ကို အမှီမပြုဘဲ ဘုရားသခင်၏ ကျေးဇူးတော်ကို အမှီပြု၍ ဘုရားသခင်ထံမှလာသော ရိုးသားဖြူစင်ခြင်းတို့ဖြင့် နေထိုင်ခဲ့ကြောင်းဖြစ်၏။
သို့သော် ဧဝသည် မြွေ၏ ပရိယာယ်ဖြင့် လှည့်ဖြားခံရသကဲ့သို့ သင်တို့၏စိတ်နှလုံးသည်လည်း ခရစ်တော်အား ရိုးသားဖြူစင်စွာ ကိုးကွယ်ရာမှ သွေဖည်စေခြင်းခံရမည်ကို ကျွန်ုပ်စိုးရိမ်၏။
ကျွန်ုပ်သည် အဟောအပြောပိုင်း၌ မကျွမ်းကျင်သော်လည်း ခရစ်တော်အကြောင်းနှင့်ဆိုင်သောအသိပညာပိုင်း၌ မချို့တဲ့။ ဤအချက်နှင့်ပတ်သက်၍ ကျွန်ုပ်တို့သည် နည်းအမျိုးမျိုးဖြင့် သင်တို့အား ရှင်းလင်းစွာ ပြောပြထားပြီဖြစ်၏။
ကျွန်ုပ်တို့သည် လူများစွာကဲ့သို့ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို မိမိကိုယ်ကျိုးအတွက် လှည့်လည်ရောင်းစားသောသူများမဟုတ်ကြပါ။ ကျွန်ုပ်တို့သည် ဘုရားသခင်ထံမှ စေလွှတ်ခံရသူများအဖြစ် ဘုရားသခင်ရှေ့တော်၌ ခရစ်တော်၏ အခွင့်နှင့် ရိုးသားစွာ ဟောပြောကြ၏။
ကျွန်ုပ်တို့သည် အဘယ်ကြောင့် သခင်ဘုရားကို ကြောက်ရွံ့ရကြောင်းကို သိသဖြင့် အခြားသူများအား ဘုရားသခင်ထံတော်သို့ လှည့်ပြန်ရန် တိုက်တွန်းစည်းရုံးကြ၏။ ကျွန်ုပ်တို့အကြောင်းကိုမူ ဘုရားသခင်အကြွင်းမဲ့သိတော်မူ၍ ကျွန်ုပ်တို့မှာ မည်သို့သောသူများဖြစ်သည်ကို သင်တို့၏ စိတ်ထဲက အကြွင်းမဲ့သိကြမည်ဟု မျှော်လင့်၏။
ချီးမွမ်းခံရခြင်းနှင့် ကဲ့ရဲ့ခံရခြင်း၊ အကောင်းပြောခံရခြင်းနှင့် မကောင်းပြောခံရခြင်းအားဖြင့်လည်းကောင်း အရာရာတို့၌ ဘုရားသခင်၏ အစေခံများဖြစ်ကြောင်း ပေါ်လွင်စေကြ၏။ ကျွန်ုပ်တို့သည် လှည့်ဖြားသူများအဖြစ် သတ်မှတ်ခံရသော်လည်း ဖြောင့်မှန်သောသူများဖြစ်ကြ၏။
ကျွန်ုပ်သည် သင်တို့အကြောင်းကို တိတုအား ကြွားဝါခဲ့သော်လည်း သင်တို့သည် ကျွန်ုပ်ကို အရှက်မရစေခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သင်တို့အား ကျွန်ုပ်ပြောခဲ့သော အရာအားလုံးသည် မှန်နေသကဲ့သို့ တိတုကို ကျွန်ုပ်တို့ကြွားဝါခဲ့သော သင်တို့အကြောင်းသည်လည်း မှန်နေသောကြောင့်ဖြစ်၏။
ထိုအခါ ကျွန်ုပ်တို့သည် မရင့်ကျက်သေးသော ကလေးသူငယ်များကဲ့သို့ ဖြစ်တော့မည် မဟုတ်ပေ။ လှေသည် လှိုင်းလေတို့၌ လွန့်လူးနေသကဲ့သို့ ကျွန်ုပ်တို့သည် ပရိယာယ်ဖြင့် လမ်းလွဲစေရန် လှည့်ဖြားတတ်သော သူတို့၏ အမျိုးမျိုးသော သွန်သင်မှုနောက်သို့ ပါသွားမည် မဟုတ်ပေ။
မနာခံသောသူတို့က ဆိတ်ကွယ်ရာတွင် ပြုသောအမှုအကြောင်းကို ကျွန်ုပ်တို့သည် ပြောဆိုရန်ပင် ရှက်ဖွယ်ကောင်း၏။