သင်တို့အကြွင်းမဲ့ နာခံကြသောအခါ ကျွန်ုပ်တို့သည် မနာခံသောသူအပေါင်းတို့ကို ပြစ်ဒဏ်ပေးရန် အသင့်ရှိမည်။
၂ ကော 2:9 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်စာရေးပို့ရသော အခြားအကြောင်းရင်းမှာ သင်တို့သည် ကျွန်ုပ်၏ ညွှန်ကြားချက်များကို အပြည့်အဝ လိုက်နာသည်၊ မလိုက်နာသည်ကို သိလိုသောကြောင့် ဖြစ်၏။ Common Language Bible ယခင်ကငါစာရေးခဲ့ရသည့်အကြောင်းမှာ သင်တို့သည်စုံစမ်းနှောင့်ယှက်ခြင်းကိုအဘယ် မျှခံနိုင်ရည်ရှိသည်ကိုလည်းကောင်း၊ ငါညွှန် ကြားချက်များကိုလိုက်နာရန်အစဉ်အသင့် ရှိမရှိကိုလည်းကောင်းသိရှိရန်ဖြစ်၏။- Garrad Bible သင် တို့ သည် အ ရာ ရာ၌ လိုက် နာ မည်၊ မ နာ မည် ကို စုံ စမ်း လျက် သိ အံ့ သော ငှါ သာ ငါ ရေး ခဲ့ သည့် အ လျောက် Judson Bible ထိုမှတစ်ပါး၊ သင်တို့သည် အရာရာ၌နားထောင်သည်၊ နားမထောင်သည်ကို ငါသိလို၍၊ သင်တို့ကို စုံစမ်းသောအားဖြင့် အထက်က ရေး၏။- မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် အရာရာ၌ နာခံမှုရှိ၊ မရှိ ငါသိရှိနိုင်ရန်အတွက် သင်တို့ကိုစမ်းသပ်သည့်အနေဖြင့် ထိုစာကိုငါရေးသားခဲ့ခြင်းဖြစ်၏။ |
သင်တို့အကြွင်းမဲ့ နာခံကြသောအခါ ကျွန်ုပ်တို့သည် မနာခံသောသူအပေါင်းတို့ကို ပြစ်ဒဏ်ပေးရန် အသင့်ရှိမည်။
ထို့ကြောင့် ကျွန်ုပ်ရောက်လာသောအခါ ကျွန်ုပ်ကို ဝမ်းမြောက်စေရမည့်သူများက ကျွန်ုပ်ကို ဝမ်းနည်းစေမည်စိုးသဖြင့် ယခင်စာကို ရေးပို့ခဲ့ခြင်းဖြစ်၏။ ကျွန်ုပ် ဝမ်းမြောက်လျှင် သင်တို့အားလုံးသည်လည်း ဝမ်းမြောက်ကြမည်ဟု ကျွန်ုပ်စိတ်ချယုံကြည်ပါ၏။
ကျွန်ုပ်သည် အလွန်စိတ်ဆင်းရဲခြင်းနှင့် ပူဆွေးခြင်းထဲမှ မျက်ရည်များဖြင့် ထိုစာကိုရေးခဲ့၏။ သင်တို့ကို ဝမ်းနည်းစေလိုသောကြောင့် မဟုတ်ဘဲ သင်တို့ကို ကျွန်ုပ် မည်မျှချစ်ကြောင်းကို သိစေလိုသောကြောင့် ရေးခဲ့ခြင်းဖြစ်၏။
သို့ဖြစ်၍ သင်တို့သည် သူ့အပေါ် အမှန်တကယ်မေတ္တာထားကြောင်းကို ရှင်းလင်းစွာ ပြရန် ကျွန်ုပ်တိုက်တွန်းနှိုးဆော်လို၏။
သူတို့သည် ဆင်းရဲဒုက္ခများကို အလူးအလဲ ခံခဲ့ကြရ၏။ သို့ရာတွင် သူတို့သည် အလွန်ပျော်ရွှင်ခဲ့ကြသဖြင့် အလွန်ဆင်းရဲသော်လည်း ရက်ရောစွာ လှူဒါန်းကြ၏။
ထို့ကြောင့် သင်တို့၏ ချစ်ခြင်းမေတ္တာကို သူတို့အား ပြ၍ သင်တို့အကြောင်း ကျွန်ုပ်တို့ ကြွားဝါထားသောအရာများကို အသင်းတော်များ ရှေ့၌ သက်သေပြကြလော့။
ထို့ကြောင့် ချစ်ရသောသူတို့… သင်တို့သည် ကျွန်ုပ်သင်တို့နှင့်အတူ ရှိသောအချိန်၌သာမက အထူးသဖြင့် ယခုကျွန်ုပ်မရှိသောအချိန်၌လည်း ဘုရားသခင်ကို အမြဲတစေ နာခံခဲ့ကြ၏။ ထိုနည်းတူ ကြောက်ရွံ့ရိုသေသောစိတ်ဖြင့် မိမိတို့သည် ကယ်တင်ခံရပြီးသောသူများဖြစ်ကြောင်း ပေါ်လွင်စေရန် ကြိုးစားအားထုတ်ကြလော့။
သို့သော် တိမောသေကမူ သတင်းကောင်းကို ဟောပြောရာတွင် ကျွန်ုပ်နှင့်အတူ သားအဖကဲ့သို့ သစ္စာရှိစွာ အစေခံပြီး ခရစ်တော်၏ အကျိုးကိုသာ ရှာကြောင်း သက်သေပြခဲ့သည်ကို သင်တို့သိကြ၏။
တစ်စုံတစ်ယောက်သည် ဤစာတွင် ပါသော ညွှန်ကြားချက်များကို နားမထောင်လျှင် ထိုသူကို အရှက်ရစေရန် မှတ်သားထား၍ ထိုသူနှင့် မပေါင်းဖော်ကြနှင့်။
သင်သည် ကျွန်ုပ်၏တောင်းဆိုမှုကိုပင် ကျော်လွန်၍ နာခံလုပ်ဆောင်မည်ဟု စိတ်ချယုံကြည်လျက် သင့်ထံ ကျွန်ုပ်စာရေးလိုက်၏။