Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ကော 2:9 - Common Language Bible

9 ယ​ခင်​က​ငါ​စာ​ရေး​ခဲ့​ရ​သည့်​အ​ကြောင်း​မှာ သင်​တို့​သည်​စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို​အ​ဘယ် မျှ​ခံ​နိုင်​ရည်​ရှိ​သည်​ကို​လည်း​ကောင်း၊ ငါ​ညွှန် ကြား​ချက်​များ​ကို​လိုက်​နာ​ရန်​အ​စဉ်​အ​သင့် ရှိ​မ​ရှိ​ကို​လည်း​ကောင်း​သိ​ရှိ​ရန်​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

9 သင် တို့ သည် အ ရာ ရာ၌ လိုက် နာ မည်၊ မ နာ မည် ကို စုံ စမ်း လျက် သိ အံ့ သော ငှါ သာ ငါ ရေး ခဲ့ သည့် အ လျောက်

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

9 ထို​မှ​တစ်​ပါး၊ သင်​တို့​သည် အ​ရာ​ရာ၌​နား​ထောင်​သည်၊ နား​မ​ထောင်​သည်​ကို ငါ​သိ​လို၍၊ သင်​တို့​ကို စုံ​စမ်း​သော​အား​ဖြင့် အ​ထက်​က ရေး၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 သင်​တို့​သည် အရာရာ​၌ နာခံ​မှု​ရှိ​၊ မ​ရှိ ငါ​သိရှိ​နိုင်​ရန်​အတွက် သင်​တို့​ကို​စမ်းသပ်​သည့်​အနေဖြင့် ထို​စာ​ကို​ငါ​ရေးသား​ခဲ့​ခြင်း​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

9 ကျွန်ုပ်​စာရေးပို့ရသော အခြား​အကြောင်းရင်း​မှာ သင်တို့​သည် ကျွန်ုပ်​၏ ညွှန်ကြားချက်များ​ကို အပြည့်အဝ လိုက်နာသည်၊ မလိုက်နာသည်​ကို သိလို​သောကြောင့် ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 2:9
15 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​သည်​ငါ​တို့​စ​ကား​ကို​အ​ကြွင်း​မဲ့​လိုက် နာ​ကြောင်း​ကို​သိ​သည့်​အ​ခါ​၌ ငါ​တို့​သည်​မ လိုက်​နာ​သူ​တို့​အား​အ​ပြစ်​ဒဏ်​စီ​ရင်​ရန် အ​သင့်​ရှိ​မည်။


သင်​သည်​ငါ​မေတ္တာ​ရပ်​ခံ​သည့်​အ​တိုင်း​ပြု​လုပ် လိမ့်​မည်​ဟု​စိတ်​ချ​ယုံ​ကြည်​လျက် ဤ​စာ​ကို​ရေး လိုက်​၏။ အ​မှန်​စင်​စစ်​ထို​ထက်​ပင်​ပို​၍​ပြု​လုပ် လိမ့်​မည်​ကို​ငါ​သိ​ပါ​၏။-


တိ​မော​သေ​နှင့်​ငါ​သည်​သား​အ​ဖ​သ​ဖွယ်​အ​တူ တ​ကွ​သ​တင်း​ကောင်း​ပျံ့​နှံ့​ရေး​အ​တွက် အ​မှု​တော် ကို​အ​ဘယ်​သို့​ဆောင်​ရွက်​ခဲ့​ကြ​ကြောင်း​ကို​သင်​တို့ သိ​ကြ​၏။-


အ​ကယ်​၍​လူ​တစ်​စုံ​တစ်​ယောက်​သည်​ဤ​စာ တွင်​ပါ​ရှိ​သည့်​ညွှန်​ကြား​ချက်​များ​ကို​မ​လိုက် နာ​သော် ထို​သူ​ကို​သ​တိ​ပြု​၍​အ​ရှက်​ရ​စေ ရန်​သူ​နှင့်​မ​ပေါင်း​ဖော်​ကြ​နှင့်။-


သို့​ဖြစ်​၍​ချစ်​ဆွေ​တို့၊ သင်​တို့​နှင့်​ငါ​ရှိ​စဉ်​အ​ခါ က​သင်​တို့​သည်​ငါ့​စ​ကား​ကို​အ​စဉ်​နား​ထောင်​ခဲ့ ကြ​သည်​နည်း​တူ ယ​ခု​လည်း​ငါ​နှင့်​ဝေး​ကွာ​လျက် နေ​ချိန်​၌​ငါ့​စ​ကား​ကို​နား​ထောင်​ရန်​ပို​၍ ပင်​အ​ရေး​ကြီး​ပေ​သည်။ ဘု​ရား​သ​ခင်​၏​အ​ကြံ တော်​အ​တိုင်း​လိုက်​လျှောက်​လို​သော​စိတ်​နှင့်​လိုက် လျှောက်​နိုင်​သော​စွမ်း​အား​ကို သင်​တို့​အ​ထဲ​၌ အ​စဉ်​ပြု​ပြင်​လျက်​ရှိ​သည်​ဖြစ်​၍​သင်​တို့​သည် ကယ်​တင်​ခြင်း​ခံ​ရ​စိမ့်​သော​ငှာ ကြောက်​ရွံ့ တုန်​လှုပ်​သော​စိတ်​နှင့်​လုပ်​ဆောင်​လျက်​နေ ကြ​လော့။


ထို​ကြောင့်​သင်​တို့​အ​ကြောင်း​ငါ​တို့​ဂုဏ်​ယူ ဝါ​ကြွား​သည့်​အ​တိုင်း​မှန်​ကန်​ကြောင်း​ထို သူ​တို့​သည်​လည်း​ကောင်း၊ အ​သင်း​တော်​များ သည်​လည်း​ကောင်း​သိ​ရှိ​နိုင်​ကြ​စေ​ရန်​သူ တို့​အား​မေတ္တာ​ပြ​ကြ​လော့။


ထို​သူ​၏​စ​ကား​ကို​နား​မ​ထောင်​ရ။ သင်​တို့ သည်​ထာ​ဝ​ရ​ဘု​ရား​အား ကိုယ်​စိတ်​နှ​လုံး ဖြင့်​ချစ်​သည်​မ​ချစ်​သည်​ကို​သိ​နိုင်​ရန် သင် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ထို​သူ​အား​ဖြင့်​သင်​တို့​ကို​စစ်​ဆေး​ခြင်း ဖြစ်​၏။-


တော​ကန္တာ​ရ​ထဲ​တွင်​သင်​တို့​၏​ဘိုး​ဘေး​များ​မ​စား ဘူး​သော​မန္န​မုန့်​ကို​ကျွေး​တော်​မူ​၏။ နောက်​ဆုံး​၌ သင်​တို့​ကောင်း​ချီး​ခံ​စား​ရ​စေ​ရန် သင်​တို့​အား ဆင်းရဲ​ဒုက္ခ​ရောက်​စေ​တော်​မူ​၏။ ထို​သို့​ဆင်း​ရဲ​ဒုက္ခ ရောက်​စေ​ရ​ခြင်း​အ​ကြောင်း​မှာ သင်​တို့​ကို​စစ် ဆေး​ရန်​ဖြစ်​၏။-


သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် လွန်​ခဲ့​သော​နှစ်​ပေါင်း​လေး​ဆယ်​ပတ်​လုံး သင်​တို့ အား​တော​ကန္တာ​ရ​ကို​ဖြတ်​၍​ပို့​ဆောင်​တော်​မူ ခဲ့​၏။ ထို​စဉ်​က​သင်​တို့​သည်​ပ​ညတ်​တော်​များ ကို လိုက်​နာ​လို​သော​စိတ်​ဆန္ဒ​ရှိ​သည်​မ​ရှိ​သည် ကို​စစ်​ဆေး​ရန် သင်​တို့​အား​ဆင်း​ရဲ​ဒုက္ခ​အ​မျိုး မျိုး​ရောက်​စေ​ခဲ့​ကြောင်း​ကို​သ​တိ​ရ​ကြ​လော့။-


ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ အား``ငါ​သည်​သင်​တို့​အား​လုံး​အ​တွက်​မိုး ကောင်း​ကင်​မှ​မုန့်​ကို​ချ​ပေး​မည်။ သူ​တို့​သည် နေ့​စဉ်​ထွက်​၍​တစ်​နေ့​စာ​အ​တွက်​မုန့်​ကို​စု သိမ်း​ရ​ကြ​မည်။ ဤ​နည်း​အား​ဖြင့်​သူ​တို့ သည် ငါ​၏​မိန့်​မှာ​ချက်​အ​တိုင်း​လိုက်​နာ သည်၊ မ​လိုက်​နာ​သည်​ကို​ငါ​သိ​ရ​မည်။-


အ​ကယ်​၍​ငါ​လာ​လျှင်​ငါ့​အား​စိတ်​ရွှင်​လန်း စေ​မည့်​သူ​များ​က ငါ့​အား​ဝမ်း​နည်း​စေ​မည် စိုး​၍​ယ​ခင်​စာ​ကို​ငါ​ရေး​သား​ပေး​ပို့​လိုက် ခြင်း​ဖြစ်​၏။ ငါ​ဝမ်း​မြောက်​လျှင်​သင်​တို့ အ​ပေါင်း​သည်​လည်း​ဝမ်း​မြောက်​ကြ​မည် ကို​ငါ​အ​မှန်​ယုံ​ကြည်​၏။-


ငါ​သည်​အ​လွန်​ပူ​ပန်​သော​က​ရောက်​၍​မျက် ရည်​များ​စွာ​ကျ​လျက်​ထို​စာ​ကို​ရေး​လိုက်​ခြင်း ဖြစ်​၏။ သို့​သော်​သင်​တို့​အား​ဝမ်း​နည်း​စေ​လို​၍ မ​ဟုတ်​ဘဲ သင်​တို့​အား​ငါ​မည်​မျှ​ချစ်​ကြောင်း ကို​သိ​စေ​လို​၍​ရေး​လိုက်​ခြင်း​ဖြစ်​သည်။


သို့​ဖြစ်​၍​သင်​တို့​သည်​သူ့​ကို​အ​မှန်​တ​ကယ် မေတ္တာ​ထား​ကြောင်း​ကို သူ​သိ​ရှိ​နား​လည်​အောင် ပြု​ကြ​ရန်​သင်​တို့​အား​ငါ​တောင်း​ပန်​၏။-


ထို​အ​သင်း​တော်​တို့​သည်​ဆင်း​ရဲ​ဒုက္ခ​များ​ကို အ​လူး​အ​လဲ​ခံ​ခဲ့​ရ​ကြ​၏။ သို့​သော်​လည်း လွန်​စွာ​ရွှင်​လန်း​ဝမ်း​မြောက်​လျက်​ပင်​ရှိ​ရ​ကား သူ​တို့​သည်​အ​လွန်​ဆင်း​ရဲ​ကြ​သော်​လည်း ပေး​ကမ်း​စွန့်​ကြဲ​မှု​တွင်​အ​တိုင်း​ထက်​အ​လွန် ရက်​ရော​ကြ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ