သို့ဖြစ်၍ ထိုသို့ ပြောဆိုနေမည့်သူမှာ သင်တို့မဟုတ်ဘဲ သင်တို့အဖ၏ဝိညာဉ်တော်သည် သင်တို့အားဖြင့် ပြောဆိုနေမည်ဖြစ်၏။
၂ ကော 13:3 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ခရစ်တော်သည် ကျွန်ုပ်အားဖြင့် မိန့်တော်မူသည်ဟူသော သက်သေကို သင်တို့တောင်းဆိုသည့်အတိုင်း ကျွန်ုပ်ပြမည်။ ကိုယ်တော်သည် သင်တို့ကို အပြစ်ပေးရာ၌ဖြစ်စေ၊ ကူညီမစရာ၌ဖြစ်စေ အားနည်းတော်မမူပါ။ တန်ခိုးတော်သည် သင်တို့အလယ်၌ အားကြီးတော်မူ၏။ Common Language Bible ခရစ်တော်သည်ငါ့အားဖြင့်မိန့်တော်မူကြောင်း သက်သေကိုသင်တို့တောင်းဆိုကြသည့်အတိုင်း ငါလာသောအခါရစေမည်။ ခရစ်တော်သည်သင် တို့နှင့်ဆက်ဆံသောအခါစွမ်းအားနည်းတော် မမူဘဲ မိမိ၏တန်ခိုးတော်ကိုသင်တို့အား ထင်ရှားစွာပြတော်မူ၏။- Judson Bible သင်တို့တွင် အားနည်းတော်မမူ၊ အားကြီးတော်မူသော ခရစ်တော်သည် ငါ၌ဗျာဒိတ်ပြတော်မူခြင်း သက်သေကို သင်တို့သည် ရှာသောကြောင့်၊ ငါရောက်လာသောအခါ မသနားရ။- မြန်မာ့စံမီသမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် ခရစ်တော်သည် ငါ့အားဖြင့်မြွက်ဆိုနေသည်ဟူသောသက်သေသာဓကကို သင်တို့တွေ့မြင်လိုကြသောကြောင့်ဖြစ်၏။ ကိုယ်တော်သည် သင်တို့တွင်အားနည်းတော်မမူ။ သင်တို့အထဲ၌ တန်ခိုးနှင့်ပြည့်စုံတော်မူ၏။ |
သို့ဖြစ်၍ ထိုသို့ ပြောဆိုနေမည့်သူမှာ သင်တို့မဟုတ်ဘဲ သင်တို့အဖ၏ဝိညာဉ်တော်သည် သင်တို့အားဖြင့် ပြောဆိုနေမည်ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် သင်တို့၏ရန်သူအပေါင်းတို့က သင်တို့ကို ဆန့်ကျင်ငြင်းဆို၍ မရနိုင်အောင် ပြောဆိုရမည့်စကားနှင့် ဉာဏ်ပညာကို သင်တို့အား ငါပေးမည်ဖြစ်သောကြောင့်ပင်။
မည်သို့ပင်ဖြစ်စေ ကျွန်ုပ်၏ ထင်မြင်ချက်အရ သူသည် နောက်ထပ်အိမ်ထောင်မပြုဘဲနေလျှင် ပို၍ ကောင်း၏။ ဤသို့ ကျွန်ုပ်ပြောဆိုရာတွင် ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် သင်တို့ကို အကြံပေးပြောဆိုခြင်းဖြစ်ကြောင်း ကျွန်ုပ်မှတ်ယူပါ၏။
သင်တို့နှင့် လူချင်းတွေ့သောအခါ မဝံ့မရဲဖြစ်၍ အဝေးတွင် ရှိသောအခါ ရဲဝံ့ပြတ်သားသည်ဟု သင်တို့မှတ်ယူသော ကျွန်ုပ်ပေါလုသည် ခရစ်တော်၏ နှိမ့်ချမှုနှင့် နူးညံ့သိမ်မွေ့မှုတို့ဖြင့် သင်တို့ကို တိုက်တွန်းနှိုးဆော်ပါ၏။
တိုက်ပွဲတွင် ကျွန်ုပ်တို့ အသုံးပြုသည့်လက်နက်များသည် လောကီသားများအသုံးပြုသည့် လက်နက်များမဟုတ်။ ခံတပ်များကို ဖြိုဖျက်နိုင်သည့် ဘုရားသခင်၏ တန်ခိုးတော်ပါသော လက်နက်များဖြစ်၏။
ကျွန်ုပ်တမန်တော်ဖြစ်ကြောင်းကို သင်တို့နှင့်အတူရှိစဉ် လက္ခဏာများနှင့်တကွ သက်သေပြခဲ့၏။ ကျွန်ုပ်သည် နိမိတ်လက္ခဏာများ၊ အံ့ဖွယ်ဖြစ်ရပ်များနှင့် အံ့ဖွယ်တန်ခိုးများဖြင့် သင်တို့အား စိတ်ရှည်စွာ ပြခဲ့၏။
သင်တို့ ခွင့်လွှတ်သောသူကို ကျွန်ုပ်လည်း ခွင့်လွှတ်၏။ ကျွန်ုပ်သည် တစ်စုံတစ်ယောက်ကို ခွင့်လွှတ်စရာရှိ၍ ခွင့်လွှတ်လျှင် သင်တို့အကျိုးအတွက် ခရစ်တော်၏ရှေ့တော်၌ ခွင့်လွှတ်၏။
ဘုရားသခင်သည် သင်တို့အတွက် ကျေးဇူးတော်တိုင်းကို ကြွယ်ဝစွာ ပေးသနားရန် တတ်နိုင်တော်မူ၏။ ဤသည်မှာ လိုအပ်သောအရာများကို အစဉ်ရရှိခြင်းအားဖြင့် သင်တို့သည် ကောင်းမှုတိုင်းတွင် ကူညီမစနိုင်ရန်ဖြစ်၏။