မဿဲ 10:20 - ခေတ်သစ်မြန်မာ သမ္မာကျမ်း20 သို့ဖြစ်၍ ထိုသို့ ပြောဆိုနေမည့်သူမှာ သင်တို့မဟုတ်ဘဲ သင်တို့အဖ၏ဝိညာဉ်တော်သည် သင်တို့အားဖြင့် ပြောဆိုနေမည်ဖြစ်၏။ အခန်းကိုကြည့်ပါ။Common Language Bible20 သင်တို့ပြောဆိုရမည့်စကားများကိုထိုအချိန်၌ ပင်သင်တို့ရရှိကြလိမ့်မည်။ ယင်းစကားများသည် သင်တို့၏စကားများမဟုတ်။ သင်တို့အဖဘုရား ၏ဝိညာဉ်တော်ကသင်တို့အားဖြင့်မိန့်တော်မူသော စကားများဖြစ်လိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible20 ဆို သူ မှာ သင် တို့ မ ဟုတ်။ သင် တို့ အ တွင်း၌ မိန့် တော် မူ သော သင် တို့ အ ဘ၏ ဝိ ညာဉ် တော် တည်း။ အခန်းကိုကြည့်ပါ။Judson Bible20 အကြောင်းမူကား၊ သင်တို့ အလိုအလျောက် ပြောကြသည်မဟုတ်။ သင်တို့အဘ၏ ဝိညာဉ်တော်သည် သင်တို့အားဖြင့် ပြောတော်မူ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း20 အဘယ်ကြောင့်ဆိုသော် ပြောဆိုသောသူမှာ သင်တို့မဟုတ်ဘဲ သင်တို့အားဖြင့်ပြောဆိုတော်မူသော သင်တို့အဖ၏ဝိညာဉ်တော်ဖြစ်၏။ အခန်းကိုကြည့်ပါ။မြန်မာ20 အကြောင်းမူကား၊ သင်တို့ အလိုအလျောက် ပြောကြသည်မဟုတ်။ သင်တို့အဘ၏ ဝိညာဉ်တော်သည် သင်တို့အားဖြင့် ပြောတော်မူ၏။- အခန်းကိုကြည့်ပါ။ |
သူတို့စူးစမ်းသောအရာများသည် သူတို့ကိုယ်တိုင်အတွက်မဟုတ်ဘဲ သင်တို့အတွက်ဖြစ်ကြောင်း သူတို့အား ဘုရားသခင်ဖော်ပြတော်မူ၏။ သင်တို့အား သတင်းကောင်းကို ဟောပြောသောသူတို့သည် ကောင်းကင်ဘုံမှ စေလွှတ်တော်မူခြင်းခံရသည့် သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးဖြင့် ဤအရာများကို ပြောကြ၏။ ကောင်းကင်တမန်များပင်လျှင် ဤအရာများကို သိရှိနားလည်လိုကြ၏။
သင်တို့သည် ကျွန်ုပ်တို့ထံမှ ကြားနာသော ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို လူ့စကားအဖြစ် မဟုတ်ဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်အဖြစ် လက်ခံသောကြောင့် ဘုရားသခင်ကို ကျွန်ုပ်တို့ အစဉ်အမြဲကျေးဇူးတင်ကြ၏။ ထိုနှုတ်ကပတ်တော်သည် အမှန်ပင်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်၍ ခရစ်တော်ကို ယုံကြည်သောသင်တို့အထဲတွင် သက်ဝင်လှုပ်ရှားတော်မူ၏။