Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 12:12 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

12 ကျွန်ုပ်​တမန်တော်​ဖြစ်ကြောင်း​ကို သင်တို့​နှင့်အတူ​ရှိစဉ် လက္ခဏာများ​နှင့်တကွ သက်သေပြခဲ့၏။ ကျွန်ုပ်​သည် နိမိတ်​လက္ခဏာများ၊ အံ့ဖွယ်​ဖြစ်ရပ်များ​နှင့် အံ့ဖွယ်တန်ခိုးများ​ဖြင့် သင်တို့​အား စိတ်ရှည်​စွာ ပြခဲ့၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

12 ငါ​သည်​တ​မန်​တော်​တစ်​ပါး​ဖြစ်​ကြောင်း​ကို နိ​မိတ်​လက္ခ​ဏာ​များ၊ အံ့​ဖွယ်​ရာ​များ​အား ဖြင့်​သင်​တို့​အား​စိတ်​ရှည်​လက်​ရှည်​ငါ သက်​သေ​ပြ​ခဲ့​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

12 တ မန် တော် ဖြစ် သည့် လ က္ခ ဏာ တည်း ဟူ သော နိ မိတ် များ၊ အံ့ ဖွယ် ရာ များ၊ အ မှု ကြီး များ ကို ခပ် သိမ်း သော တည် ကြည် ခြင်း နှင့် သင် တို့ ဘောင် တွင် မု ချ ပြ သ ခဲ့ ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 အ​ကယ်​စင်​စစ် သည်း​ခံ​ခြင်း​နှင့်​တ​ကွ နိ​မိတ်​လ​က္ခ​ဏာ အံ့​ဖွယ်​သော​အ​မှု၊ ထူး​ဆန်း​သော တန်​ခိုး​များ​အား​ဖြင့် တ​မန်​တော်၏​လ​က္ခ​ဏာ​တို့​ကို သင်​တို့​တွင် ထင်​ရှား​စွာ​ပြ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 အမှန်စင်စစ် ငါ​၏​တမန်တော်​ဖြစ်​ခြင်း​၏​အမှတ်​လက္ခဏာ​များ​မှာ အလုံးစုံ​သော​သည်းခံ​ခြင်း​ဖြင့် သင်​တို့​တွင်​ပြု​သော နိမိတ်​လက္ခဏာ​များ၊ အံ့ဩဖွယ်ရာ​များ​နှင့် တန်ခိုး​များ​ပင်​ဖြစ်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 12:12
9 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ ယေရှု​က “သင်တို့​သည် နိမိတ်​လက္ခဏာများ​နှင့် အံ့ဖွယ်​ဖြစ်ရပ်များ​ကို မမြင်ရ​လျှင် ယုံကြည်ကြမည် မဟုတ်” ဟု မိန့်တော်မူ၏။


ကျွန်ုပ်​သည် အခြား​ဘာသာစကား​ကို သင်တို့​ထက်​ပို၍ ပြောဆို​ရ​သောကြောင့် ဘုရားသခင်​ကို ကျေးဇူးတင်၏။


အဘယ်ကြောင့်ဆိုသော် တစ်စုံတစ်ယောက်​သည် သင်တို့​ထံ လာ​၍ ကျွန်ုပ်တို့ မဟောပြောခဲ့ဖူးသည့် အခြား​ယေရှု​အကြောင်း​ကို ဟောပြော​သောအခါ​၌ ဖြစ်စေ၊ သင်တို့​လက်ခံရရှိထားသော ဝိညာဉ်တော်​မဟုတ်သည့် အခြား​ဝိညာဉ်​ကို သင်တို့​လက်ခံရရှိသော​အခါ​၌ ဖြစ်စေ၊ သင်တို့​လက်ခံခဲ့သော​သတင်းကောင်း​မဟုတ်သည့် အခြား​သတင်း​ကို သင်တို့​ဟောပြောခံရ​သောအခါ​၌​ဖြစ်စေ သင်တို့​သည် ဝမ်းမြောက်စွာ​ပင် သည်းခံကြ​သောကြောင့်​ဖြစ်၏။


ကျွန်ုပ်​သည် အဟောအပြော​ပိုင်း​၌ မကျွမ်းကျင်​သော်လည်း ခရစ်တော်​အကြောင်း​နှင့်ဆိုင်သော​အသိပညာ​ပိုင်း​၌ မချို့တဲ့။ ဤ​အချက်​နှင့်​ပတ်သက်၍ ကျွန်ုပ်တို့​သည် နည်းအမျိုးမျိုး​ဖြင့် သင်တို့​အား ရှင်းလင်း​စွာ ပြောပြထားပြီ​ဖြစ်၏။


ကျွန်ုပ်တို့​သည် ဆိတ်ကွယ်ရာ​၌ ပြုသော ရှက်ရွံ့ဖွယ်​အမှုတို့​ကို ရှောင်ကြဉ်ကြ၏။ ပရိယာယ်​ကို မသုံးကြ။ ဘုရားသခင်​၏ နှုတ်ကပတ်တော်​ကိုလည်း မှောက်လှန်​၍ မဟောပြောကြ။ ဘုရားသခင်​ရှေ့တော်​၌ ကျွန်ုပ်တို့​မှာ မည်သို့သော​သူများ​ဖြစ်သည်​ကို သူတို့​စိတ်​ထဲက သိနိုင်​ရန် အမှန်တရား​ကိုသာ အတိအလင်း​ဖော်ပြကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ