ကျွန်ုပ်သည် အလွန်ဝမ်းနည်းလျက် စိတ်နှလုံးထဲ၌လည်း ဖြေဆည်၍ မရနိုင်သော ကြေကွဲခြင်းရှိကြောင်း ခရစ်တော်ကို တိုင်တည်၍ အမှန်ကိုပြော၏။ လိမ်လည်၍ မပြော။ ထိုသို့ အမှန်ပြောကြောင်းကို သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် လိပ်ပြာသန့်စွာ အတည်ပြု၏။
၂ ကော 12:6 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်ကြွားဝါလိုလျှင်လည်း အမှန်ကိုသာ ပြောဆိုမည်ဖြစ်သောကြောင့် မိုက်မဲသောသူဖြစ်မည်မဟုတ်။ သို့သော် မည်သူကမျှ ကျွန်ုပ်ကို မြင်ရသည်ထက်၊ သို့မဟုတ် ကျွန်ုပ်ထံက ကြားရသည်ထက် ပို၍ အထင်မကြီးမိစေရန် ကျွန်ုပ်မကြွားဝါဘဲနေမည်။ Common Language Bible ငါကြွားဝါလိုပါမူသူရူးဖြစ်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော်ငါသည်ဟုတ်မှန်သည့် စကားကိုသာပြောဆိုခြင်းဖြစ်မည်။ သို့သော် အဘယ်သူမျှမိမိကိုယ်တိုင်မြင်ရကြား ရသည်ထက်ပို၍ ငါ့အားအထင်မကြီး စေလိုသဖြင့်ငါသည်ကြွားဝါလိမ့်မည် မဟုတ်။ Garrad Bible ငါ ဂုဏ် တင် လို ခဲ့ လျှင် အ ဟုတ် အ မှန် ပြန် ကြား မည် ဖြစ် သော ကြောင့် ဉာဏ် မဲ့ သူ မ ဟုတ်။ သို့ ရာ တွင် မည် သူ မ ဆို ငါ၌ ထောက် ရှု ရာ ငါ့ ထံ ကြား နာ ရ သည် ထက် ငါ့ ကို အ ရေး မ ယူ စေ ရန် ချုပ် တည်း လျက် ငါ နေ၏။ Judson Bible ဝါကြွားခြင်းငှာ အလိုရှိလျှင်လည်း၊ သူရူးဖြစ်သည်မဟုတ်။ အကြောင်းမူကား၊ ငါသည်ဟုတ်မှန်စွာ ပြောတတ်၏။ တစ်စုံတစ်ယောက်သောသူသည် ငါ့ကိုမြင်သည်ထက်၊ ငါ့သတင်းကို ကြားသည်ထက်၊ ငါ့ကို သာ၍ မထင်စေခြင်းငှာ ငါမပြောဘဲနေ၏။- မြန်မာ့စံမီသမ္မာကျမ်း ငါသည် ဝါကြွားရန်အလိုရှိလျှင်လည်း အမှန်ကိုသာပြောမည်ဖြစ်၍ မိုက်မဲသောသူဖြစ်မည်မဟုတ်။ သို့သော် မည်သူမျှ ငါ့ကိုမြင်ရသည်ထက်၊ သို့မဟုတ် ငါ့အကြောင်းကို ကြားရသည်ထက်ပို၍ ငါ့ကိုမထင်မြင်မိစေရန် ငါမဝါကြွားဘဲနေမည်။ |
ကျွန်ုပ်သည် အလွန်ဝမ်းနည်းလျက် စိတ်နှလုံးထဲ၌လည်း ဖြေဆည်၍ မရနိုင်သော ကြေကွဲခြင်းရှိကြောင်း ခရစ်တော်ကို တိုင်တည်၍ အမှန်ကိုပြော၏။ လိမ်လည်၍ မပြော။ ထိုသို့ အမှန်ပြောကြောင်းကို သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် လိပ်ပြာသန့်စွာ အတည်ပြု၏။
ထိုသို့ ပြောဆိုငြင်းခုံစရာအကြောင်း ဖြစ်ရလောက်အောင် အာပေါလုသည် မည်သူနည်း။ ပေါလုသည် မည်သူနည်း။ ကျွန်ုပ်တို့သည် သင်တို့ယုံကြည်လာကြစေရန် သတင်းကောင်းကို ဟောပြောသော ထာဝရဘုရား၏ အစေခံများသာဖြစ်ကြ၏။ ကျွန်ုပ်တို့ တစ်ဦးစီသည် ကိုယ်တော်ပေးတော်မူသော တာဝန်အသီးသီးကို ထမ်းဆောင်ကြ၏။
ဘုရားသခင်သစ္စာရှိတော်မူသည်နှင့်အမျှ သင်တို့အား ပြောဆိုသော ကျွန်ုပ်တို့၏ စကားသည် “ဟုတ်၏” နှင့် “မဟုတ်ပါ” ဟူ၍ နှစ်ခွဖြစ်သည် မဟုတ်။
ကျွန်ုပ်သည် မိုက်မဲသောသူဖြစ်သည်ဟု မည်သူမျှ မထင်မှတ်စေရန် ကျွန်ုပ်ထပ်မံ၍ပြောဆို၏။ သို့သော် သင်တို့ထင်မှတ်လျှင်လည်း ကြွားဝါခွင့် အနည်းငယ်ရှိစေရန် ကျွန်ုပ်ကို မိုက်မဲသောသူအဖြစ် လက်ခံကြလော့။
ကျွန်ုပ်လိမ်လည်၍ မပြောကြောင်းကို သခင်ယေရှု၏ ခမည်းတော်ဖြစ်တော်မူသော ထာဝရမင်္ဂလာရှိတော်မူသည့်ဘုရားသခင် သိတော်မူ၏။
သင်တို့သည် ကျွန်ုပ်ကို မိုက်မဲသောသူဖြစ်စေရန် တွန်းပို့သဖြင့် ကျွန်ုပ်သည် မိုက်မဲသောသူဖြစ်လာရပြီ။ အမှန်တွင်မူ သင်တို့သည် ကျွန်ုပ်ကို ချီးမွမ်းသင့်၏။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်သည် သာမညလူဖြစ်သော်လည်း ထိပ်တန်းတမန်တော်များထက် အနည်းငယ်မျှ မညံ့သောကြောင့် ဖြစ်၏။
ကျွန်ုပ်ရရှိသည့် ဗျာဒိတ်တော်မှာ အလွန်ထူးမြတ်သောကြောင့် မိမိကိုယ်ကိုယ် အထင်မကြီးမိစေရန် ကျွန်ုပ်၏ကိုယ်ခန္ဓာထဲ၌ ဆူးတစ်ခုကို ပေးတော်မူ၏။ ထိုဆူးမှာ ကျွန်ုပ်သည် မိမိကိုယ်ကိုယ် အထင်မကြီးမိစေရန် ကျွန်ုပ်ကို ဒုက္ခပေးသည့် စာတန်၏ တမန်ဖြစ်၏။
ကျွန်ုပ်တို့သည် စိတ်ဖောက်ပြန်နေလျှင် ထိုအရာသည် ဘုရားသခင်အတွက် ဖြစ်၏။ စိတ်မှန်နေလျှင် သင်တို့အတွက်ဖြစ်၏။
ကျွန်ုပ်သည် သင်တို့အကြောင်းကို တိတုအား ကြွားဝါခဲ့သော်လည်း သင်တို့သည် ကျွန်ုပ်ကို အရှက်မရစေခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သင်တို့အား ကျွန်ုပ်ပြောခဲ့သော အရာအားလုံးသည် မှန်နေသကဲ့သို့ တိတုကို ကျွန်ုပ်တို့ကြွားဝါခဲ့သော သင်တို့အကြောင်းသည်လည်း မှန်နေသောကြောင့်ဖြစ်၏။