Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 5:13 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

13 ကျွန်ုပ်တို့​သည် စိတ်ဖောက်ပြန်​နေ​လျှင် ထို​အရာ​သည် ဘုရားသခင်​အတွက် ဖြစ်၏။ စိတ်​မှန်​နေ​လျှင် သင်တို့​အတွက်​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

13 ငါ​တို့​သည်​ရူး​သွပ်​လေ​ပြီ​လော။ ရူး​သွပ်​လျှင် ဘု​ရား​သ​ခင်​အ​ဖို့​ဖြစ်​၏။ အ​ကယ်​၍​မ​ရူး မ​သွပ်​လျှင်​လည်း​သင်​တို့​အ​ဖို့​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

13 ငါ တို့ သည် ရူး သွပ် စေ တော့၊ ဘု ရား သ ခင့် အ ဖို့၊ ဉာဏ် ကောင်း စေ တော့၊ သင် တို့ အ ဖို့ ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

13 ငါ​တို့​သည် သူ​ရူး​ဖြစ်​လျှင် ဘု​ရား​သ​ခင်​အ​ဖို့ ဖြစ်​ကြ၏။ စိတ်​ကောင်း​သော​သူ​ဖြစ်​လျှင် သင်​တို့​အ​ဖို့ ဖြစ်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

13 အကြောင်းမူကား ငါ​တို့​သည် စိတ်​ဖောက်ပြန်​နေ​သည်​ဆို​လျှင် ဘုရားသခင်​အတွက်​ဖြစ်၍ ပကတိ​စိတ်​ရှိ​လျှင် သင်​တို့​အတွက်​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 5:13
15 ပူးပေါင်းရင်းမြစ်များ  

ကိုယ်တော်​၏ မိသားစုဝင်တို့​သည် ဖြစ်ပျက်သမျှ​ကို ကြား​လျှင် ကိုယ်တော်​ကို ထိန်းချုပ်​ရန် ရောက်လာကြ၏။ သူတို့​က “သူ​သည် စိတ်ဖောက်ပြန်နေပြီ” ဟု ဆိုကြ၏။


ကျွန်ုပ်​အား ဘုရားသခင်​ပေးအပ်တော်မူသော တမန်တော်​ဖြစ်ခြင်း အခွင့်ထူး​ဖြင့် သင်တို့​တစ်ဦးချင်း​ကို ကျွန်ုပ်​ပြော​လိုသည်​မှာ သင်တို့​သည် ကိုယ့်ကိုယ်ကိုယ် ထင်သင့်သည်​ထက် ပို၍ အထင်​မကြီးကြနှင့်။ မိမိတို့​အတွက် ဘုရားသခင်​ခွဲဝေ​ပေးသနားတော်မူသော ယုံကြည်ခြင်း​ပမာဏ​အတိုင်း ကိုယ့်ကိုယ်ကိုယ် မှန်ကန်​ရိုးသား​စွာ သုံးသပ်ကြလော့။


ကျွန်ုပ်​၏ အနည်းငယ်သော မိုက်မဲမှု​ကို သင်တို့​သည်းခံပေး​လိမ့်မည်​ဟု မျှော်လင့်ပါ၏။ ကျွန်ုပ်​ကို သည်းခံပေး​ကြပါလော့။


သင်တို့​သည် ကျွန်ုပ်​ကို မိုက်မဲသောသူ​ဖြစ်​စေရန် တွန်းပို့​သဖြင့် ကျွန်ုပ်​သည် မိုက်မဲသောသူ​ဖြစ်လာရပြီ။ အမှန်​တွင်မူ သင်တို့​သည် ကျွန်ုပ်​ကို ချီးမွမ်း​သင့်၏။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်​သည် သာမညလူ​ဖြစ်​သော်လည်း ထိပ်တန်း​တမန်တော်များ​ထက် အနည်းငယ်​မျှ မညံ့​သောကြောင့် ဖြစ်၏။


ကျွန်ုပ်​ကြွားဝါ​လို​လျှင်လည်း အမှန်​ကိုသာ ပြောဆိုမည်​ဖြစ်​သောကြောင့် မိုက်မဲသောသူ​ဖြစ်မည်​မဟုတ်။ သို့သော် မည်သူ​ကမျှ ကျွန်ုပ်​ကို မြင်ရသည်​ထက်၊ သို့မဟုတ် ကျွန်ုပ်​ထံက ကြားရသည်​ထက် ပို၍ အထင်မကြီးမိ​စေရန် ကျွန်ုပ်​မကြွားဝါဘဲ​နေမည်။


ထို့ကြောင့် သင်တို့​ထံသို့ ကျွန်ုပ်​စာရေးလိုက်​သော်လည်း ထိုသို့​ရေးရခြင်း​မှာ ပြစ်မှားသောသူ​အတွက်ကြောင့် မဟုတ်​သကဲ့သို့ နစ်နာသောသူ​အတွက်ကြောင့်​လည်း မဟုတ်။ သင်တို့​သည် ဘုရားသခင်​ရှေ့တော်​တွင် ကျွန်ုပ်တို့​ကို မည်မျှ ချစ်ခင်​ရိုသေကြကြောင်း မိမိကိုယ်ကိုယ် မြင်​နိုင်ရန်​သာ​ဖြစ်၏။


ယခု​အခါ ကျွန်ုပ်​သည် သင်တို့​အတွက် ဆင်းရဲဒုက္ခ​ခံရသည်​ကို ဝမ်းမြောက်​၍ ခရစ်တော်​ကိုယ်စား ဆင်းရဲဒုက္ခ​ခံ​ကာ ကြွင်းကျန်​နေသေးသော ဆင်းရဲဒုက္ခ​ကို ကိုယ်တော်​၏ ကိုယ်ခန္ဓာ​ဖြစ်သော အသင်းတော်​အတွက် ကျွန်ုပ်​၏ ခန္ဓာ​သွေးသား​ဖြင့် ဖြည့်ဆည်းနေ၏။


ကျွန်ုပ်တို့​သည် သတင်းကောင်း​ကို စကား​သက်သက်​ဖြင့် မဟောပြောဘဲ သန့်ရှင်းသော​ဝိညာဉ်တော်​၏ တန်ခိုးတော်​ဖြင့်​လည်းကောင်း၊ ယုံကြည်​စိတ်ချမှု​အပြည့်​ဖြင့်​လည်းကောင်း သင်တို့​ထံ ဟောပြောကြ၏။ ကျွန်ုပ်​သည် သင်တို့​နှင့်အတူ ရှိ​စဉ်အခါက သင်တို့​အကျိုး​ကို ထောက်​၍ မည်သို့ နေထိုင်ခဲ့ကြောင်း သင်တို့​အသိ​ပင် ဖြစ်၏။


ထို့ကြောင့် ဘုရားသခင်​ရွေးကောက်တော်မူသော​သူတို့​သည် ယေရှု​ခရစ်တော်​ကို ယုံကြည်​၍ ကယ်တင်ခြင်း​ကို ထာဝရ​ဘုန်းတော်​နှင့်အတူ ရရှိ​နိုင်ရန် ထို​သူတို့​အတွက် ဆင်းရဲဒုက္ခ​အားလုံး​ကို ကျွန်ုပ်​သည်းခံ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ