ထိုအခါ ယေရှုက “သင်တို့သည် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်ဖြစ်ရပ်များကို မမြင်ရလျှင် ယုံကြည်ကြမည် မဟုတ်” ဟု မိန့်တော်မူ၏။
၂ ကော 12:12 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တမန်တော်ဖြစ်ကြောင်းကို သင်တို့နှင့်အတူရှိစဉ် လက္ခဏာများနှင့်တကွ သက်သေပြခဲ့၏။ ကျွန်ုပ်သည် နိမိတ်လက္ခဏာများ၊ အံ့ဖွယ်ဖြစ်ရပ်များနှင့် အံ့ဖွယ်တန်ခိုးများဖြင့် သင်တို့အား စိတ်ရှည်စွာ ပြခဲ့၏။ Common Language Bible ငါသည်တမန်တော်တစ်ပါးဖြစ်ကြောင်းကို နိမိတ်လက္ခဏာများ၊ အံ့ဖွယ်ရာများအား ဖြင့်သင်တို့အားစိတ်ရှည်လက်ရှည်ငါ သက်သေပြခဲ့၏။- Garrad Bible တ မန် တော် ဖြစ် သည့် လ က္ခ ဏာ တည်း ဟူ သော နိ မိတ် များ၊ အံ့ ဖွယ် ရာ များ၊ အ မှု ကြီး များ ကို ခပ် သိမ်း သော တည် ကြည် ခြင်း နှင့် သင် တို့ ဘောင် တွင် မု ချ ပြ သ ခဲ့ ပြီ။ Judson Bible အကယ်စင်စစ် သည်းခံခြင်းနှင့်တကွ နိမိတ်လက္ခဏာ အံ့ဖွယ်သောအမှု၊ ထူးဆန်းသော တန်ခိုးများအားဖြင့် တမန်တော်၏လက္ခဏာတို့ကို သင်တို့တွင် ထင်ရှားစွာပြပြီ။- မြန်မာ့စံမီသမ္မာကျမ်း အမှန်စင်စစ် ငါ၏တမန်တော်ဖြစ်ခြင်း၏အမှတ်လက္ခဏာများမှာ အလုံးစုံသောသည်းခံခြင်းဖြင့် သင်တို့တွင်ပြုသော နိမိတ်လက္ခဏာများ၊ အံ့ဩဖွယ်ရာများနှင့် တန်ခိုးများပင်ဖြစ်ကြ၏။ |
ထိုအခါ ယေရှုက “သင်တို့သည် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်ဖြစ်ရပ်များကို မမြင်ရလျှင် ယုံကြည်ကြမည် မဟုတ်” ဟု မိန့်တော်မူ၏။
ကျွန်ုပ်သည် အခြားဘာသာစကားကို သင်တို့ထက်ပို၍ ပြောဆိုရသောကြောင့် ဘုရားသခင်ကို ကျေးဇူးတင်၏။
အဘယ်ကြောင့်ဆိုသော် တစ်စုံတစ်ယောက်သည် သင်တို့ထံ လာ၍ ကျွန်ုပ်တို့ မဟောပြောခဲ့ဖူးသည့် အခြားယေရှုအကြောင်းကို ဟောပြောသောအခါ၌ ဖြစ်စေ၊ သင်တို့လက်ခံရရှိထားသော ဝိညာဉ်တော်မဟုတ်သည့် အခြားဝိညာဉ်ကို သင်တို့လက်ခံရရှိသောအခါ၌ ဖြစ်စေ၊ သင်တို့လက်ခံခဲ့သောသတင်းကောင်းမဟုတ်သည့် အခြားသတင်းကို သင်တို့ဟောပြောခံရသောအခါ၌ဖြစ်စေ သင်တို့သည် ဝမ်းမြောက်စွာပင် သည်းခံကြသောကြောင့်ဖြစ်၏။
ကျွန်ုပ်သည် အဟောအပြောပိုင်း၌ မကျွမ်းကျင်သော်လည်း ခရစ်တော်အကြောင်းနှင့်ဆိုင်သောအသိပညာပိုင်း၌ မချို့တဲ့။ ဤအချက်နှင့်ပတ်သက်၍ ကျွန်ုပ်တို့သည် နည်းအမျိုးမျိုးဖြင့် သင်တို့အား ရှင်းလင်းစွာ ပြောပြထားပြီဖြစ်၏။
ကျွန်ုပ်တို့သည် ဆိတ်ကွယ်ရာ၌ ပြုသော ရှက်ရွံ့ဖွယ်အမှုတို့ကို ရှောင်ကြဉ်ကြ၏။ ပရိယာယ်ကို မသုံးကြ။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုလည်း မှောက်လှန်၍ မဟောပြောကြ။ ဘုရားသခင်ရှေ့တော်၌ ကျွန်ုပ်တို့မှာ မည်သို့သောသူများဖြစ်သည်ကို သူတို့စိတ်ထဲက သိနိုင်ရန် အမှန်တရားကိုသာ အတိအလင်းဖော်ပြကြ၏။