Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 14:18 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

18 ကျွန်ုပ်​သည် အခြား​ဘာသာစကား​ကို သင်တို့​ထက်​ပို၍ ပြောဆို​ရ​သောကြောင့် ဘုရားသခင်​ကို ကျေးဇူးတင်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

18 ငါ​သည်​ထူး​ဆန်း​သော​ဘာ​သာ​စ​ကား​အ​မျိုး မျိုး​ကို သင်​တို့​ထက်​ပို​၍​ပြော​ဆို​နိုင်​သ​ဖြင့် ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

18 ငါ သည် သင် တို့ ရှိ သ မျှ ထက် ဘာ သာ စ ကား ထူး ပြော ဆို ခွင့် ရ သည့် အ တွက် ဘု ရား သ ခင့် ကျေး ဇူး တော် ကြီး လှ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

18 ငါ​သည် သင်​တို့​ရှိ​သ​မျှ​ထက်၊ အ​ခြား​သော ဘာ​သာ​စ​ကား​ဖြင့် ဟော​ပြော​သော​အ​ရာ​ကို ထောက်၍၊ ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 ငါ​သည် သင်​တို့​အားလုံး​ထက် အခြား​သော​ဘာသာ​စကား​များ​ကို ပို၍​ပြောဆို​ရ​သည့်​အတွက် ဘုရားသခင်​ကို​ကျေးဇူးတင်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 14:18
7 ပူးပေါင်းရင်းမြစ်များ  

သင်​သည် ဘုရားသခင်​အား ကောင်းစွာ ကျေးဇူးတင်​နေ​သော်လည်း တစ်ပါးသူ​အတွက် တည်ဆောက်စရာ​မဖြစ်ပေ။


သို့ဖြစ်စေကာမူ အသင်းတော်​တွင် အခြား​ဘာသာစကား​ဖြင့် အခွန်း​တစ်သောင်း​ကို ပြောဆိုသည်​ထက် တစ်ပါးသူ​ကို သွန်သင်​ရန် နားလည်နိုင်သော​စကား​ငါးခွန်း​ကိုသာ ကျွန်ုပ်​ပြောဆိုမည်။


အဘယ်ကြောင့်ဆိုသော် အခြား​ဘာသာစကား​ကို ပြောဆိုသူ​သည် လူတို့​အား ပြောဆိုသည်​မဟုတ်။ ဘုရားသခင်​အား ပြောဆိုခြင်း​ဖြစ်၏။ ထိုသူ​ပြောသော​စကား​ကို မည်သူမျှ နားမလည်ပေ။ သူ​သည် ဝိညာဉ်တော်​၏​တန်ခိုး​အားဖြင့် လျှို့ဝှက်​နက်နဲသော​အရာတို့​ကို ပြောဆိုနေခြင်း​ဖြစ်၏။


အခြား​ဘာသာစကား​ကို ပြောသောသူ​သည် မိမိ​ကိုယ်ကိုယ် တည်ဆောက်၏။ ပရောဖက်ပြု​ဟောပြောသောသူ​ကမူ အသင်းတော်​တစ်ခုလုံး​ကို တည်ဆောက်ပေး၏။


ကျွန်ုပ်​သည် သင်တို့​ရှိသမျှ​အား အခြား​ဘာသာစကား​ကို ပြောတတ်​စေလို၏။ သို့သော် ပရောဖက်ပြု​ဟောပြောခြင်း​ကို ပို​၍ တတ်စေလို၏။ အဘယ်ကြောင့်ဆိုသော် အခြား​ဘာသာစကား​ကို ပြောဆို​ရာတွင် အသင်းတော်​အတွက် တည်ဆောက်​စရာ​ဖြစ်​စေရန် အနက်​ကို ပြန်နိုင်​ရမည်​ဖြစ်၏။ အနက်​မပြန်နိုင်​လျှင် အခြား​ဘာသာစကား​ကို ပြောဆိုခြင်း​ထက် ပရောဖက်ပြု​ဟောပြောခြင်း​သည် ပို​၍ မြတ်၏။


မည်သူ​သည် သင့်​ကို အခြားသူ​ထက် ထူးခြား​စေသနည်း။ ဘုရားသခင် ပေးတော်မမူ​လျှင် သင်​၌ မည်သည့်​အရာ​ရှိမည်နည်း။ သင်​၌ ရှိသော​အရာ​မှန်သမျှ​သည် ဘုရားသခင်​ထံတော်​မှ ဖြစ်​ပါလျက်နှင့် ဘုရားသခင်​ထံတော်​မှ ရရှိသည့်​အရာ​မဟုတ်​သကဲ့သို့ အဘယ်ကြောင့် ကြွားဝါသနည်း။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ