သို့သော် ဆုတောင်းခြင်းနှင့် အစာရှောင်ခြင်းအားဖြင့်သာလျှင် ဤနတ်ဆိုးမျိုးကို နှင်ထုတ်နိုင်သည်” ဟု မိန့်တော်မူ၏။
၂ ကော 11:27 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အလုပ်ကို ခက်ခက်ခဲခဲဖြင့် ပင်ပန်းကြီးစွာလုပ်ကိုင်ရခြင်း၊ မကြာခဏအိပ်ရေးပျက်ခြင်း၊ ဆာလောင်ခြင်း၊ ရေငတ်ခြင်း၊ မကြာခဏအစာပြတ်လပ်ခြင်း၊ အအေးဒဏ်ခံရခြင်း၊ ဝတ်စရာမလုံလောက်ခြင်း စသည်တို့နှင့် ကြုံခဲ့ရ၏။ Common Language Bible အလုပ်ကိုပင်ပန်းခက်ခဲစွာလုပ်ကိုင်ရခြင်း မကြာခဏအအိပ်ပျက်ခြင်း၊ ဆာလောင် မွတ်သိပ်ခြင်း၊ ရေငတ်ခြင်း၊ မကြာခဏ ဝအောင်မစားရခြင်း၊ အအေးဒဏ်ခံရ ခြင်း၊ ဝတ်စရာလည်းလုံလောက်စွာမရှိ ခြင်းများကိုငါခံရ၏။- Garrad Bible ကြိုး ပန်း လုပ် ကိုင် ခြင်း၊ အ ကြိမ် ကြိမ် အ အိပ် ဖျက် ခြင်း၊ အ စား အသောက် မဲ့ ခြင်း၊ အ ကြိမ် ကြိမ် အ စား ဖျက် ခြင်း၊ ချမ်း အေး ခြင်း၊ အ ဝတ် မဲ့ ခြင်း များ ကို ခံ ရ ၏။ Judson Bible ပင်ပန်းစွာ အမှုဆောင်ရွက်ခြင်း၊ အကြိမ်များစွာ မအိပ်ဘဲစောင့်နေခြင်း၊ မွတ်သိပ်ခြင်း၊ ရေငတ်ခြင်း၊ အကြိမ်ကြိမ်အစာရှောင်ခြင်း၊ အချမ်းအအေးခံရခြင်း၊ အဝတ်အချည်းစည်းရှိခြင်း၊ ဤဆင်းရဲခြင်းများကို ငါခံခဲ့ပြီ။ မြန်မာ့စံမီသမ္မာကျမ်း ကြိုးပမ်းအားထုတ်ခြင်းနှင့် ပင်ပန်းခက်ခဲခြင်း၊ မကြာခဏအိပ်ရေးပျက်ခြင်း၊ အစာငတ်ခြင်းနှင့် ရေငတ်ခြင်း၊ မကြာခဏ အစာပြတ်လပ်ခြင်း၊ ချမ်းအေးဒဏ်ခံရခြင်းနှင့် အဝတ်အချည်းစည်းနေရခြင်းတို့ကိုလည်း ကြုံတွေ့ခဲ့ရ၏။ |
သို့သော် ဆုတောင်းခြင်းနှင့် အစာရှောင်ခြင်းအားဖြင့်သာလျှင် ဤနတ်ဆိုးမျိုးကို နှင်ထုတ်နိုင်သည်” ဟု မိန့်တော်မူ၏။
အသင်းတော်တိုင်းတွင် အကြီးအကဲများကိုခန့်ထားကြ၏။ ထို့နောက် အစာရှောင်ဆုတောင်း၍ ထိုအကြီးအကဲများကို သူတို့ယုံကြည်သော သခင်ဘုရားထံ အပ်နှံကြ၏။
ထို့ကြောင့် သတိနှင့်နေကြလော့။ ကျွန်ုပ်သည် သုံးနှစ်တာပတ်လုံး နေထိုင်ခဲ့သည်တွင် နေ့ညမပြတ် မျက်ရည်ကျလျက် သင်တို့အား တိုက်တွန်းနိုးဆော်ခဲ့သည်ကို သတိရကြလော့။
လင်မယားဝတ်ကို မရှောင်ကြနှင့်။ သို့သော် ဆုတောင်းချိန်တွင် အပြည့်အဝဆုတောင်းနိုင်ရန် နှစ်ဦးသဘောတူညီချက်ဖြင့် သတ်မှတ်ထားသော အချိန်အတိုင်းအတာအတွင်း ရှောင်ကြဉ်နိုင်၏။ လင်မယားဝတ်ကို ရှောင်လျှင် စာတန်သည် သင်တို့၏ မထိန်းချုပ်နိုင်ခြင်းအပေါ် အခွင့်ကောင်းယူ၍ သင်တို့ကို သွေးဆောင်မည်ကို စိုးရသောကြောင့် အချိန်စေ့လျှင် လင်မယားဝတ်ကို ပြန်၍ ပြုကြလော့။
သူတို့သည် ခရစ်တော်၏ အစေခံများဖြစ်ကြသလော။ ကျွန်ုပ်သည် ပို၍ပင် ဖြစ်သည်ဟူ၍ အရူးကဲ့သို့ ပြောလို၏။ ကျွန်ုပ်သည် ပို၍အလုပ်ကြိုးစားခဲ့၏။ ခရစ်တော်အကြောင်း ဟောပြောသောကြောင့် အကြိမ်ပေါင်းများစွာ ထောင်ချခံခဲ့ရ၏။ အကြိမ်ပေါင်းများစွာ ကြိမ်ဒဏ်ခံခဲ့ရ၏။ မကြာခဏ သေဘေးနှင့် ရင်ဆိုင်ခဲ့ရ၏။
ရိုက်နှက်ခံရခြင်း၊ ထောင်ကျခြင်း၊ ရုန်းရင်းဆန်ခတ်ပြုလုပ်ခံရခြင်း၊ အလုပ်ပင်ပန်းခြင်း၊ အိပ်ရေးပျက်ခြင်း၊ အစာပြတ်လပ်ခြင်းတို့ကို သည်းခံကြ၏။
ဆင်းရဲနွမ်းပါးခြင်းကို ကျွန်ုပ်သိ၏။ ချမ်းသာကြွယ်ဝခြင်းကိုလည်း ကျွန်ုပ်သိ၏။ ဝလင်စွာ စားရသည်ဖြစ်စေ၊ ဆာလောင်မွတ်သိပ်သည်ဖြစ်စေ၊ ချမ်းသာကြွယ်ဝသည်ဖြစ်စေ၊ ငတ်မွတ်ခေါင်းပါးသည်ဖြစ်စေ အခြေအနေတိုင်းနှင့် အရာရာတိုင်း၌ တင်းတိမ်ရောင့်ရဲတတ်သော သော့ချက်ကို ကျွန်ုပ်သင်ယူထားပြီ ဖြစ်၏။
ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်တို့ မည်မျှပင်ပန်းစွာ လုပ်ဆောင်ကြသည်ကို သင်တို့ မှတ်မိကြ၏။ ကျွန်ုပ်တို့သည် သင်တို့ကို ဘုရားသခင်၏ သတင်းကောင်း ဟောပြောသည့်အချိန်တွင် မိမိတို့၏ ဝမ်းစာအတွက် မည်သူ့ကိုမျှ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် နေ့ရောညပါ အလုပ်လုပ်ခဲ့ကြ၏။
ကျွန်ုပ်တို့သည် အဖိုးအခမပေးဘဲ မည်သူတစ်ဦးတစ်ယောက်၏ အစားအစာကိုမျှ မစားခဲ့ကြ။ သင်တို့တစ်ဦးတစ်ယောက်ကိုမျှ ကျွန်ုပ်တို့ကြောင့် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန် နေ့ရောညပါ ကြိုးစား၍ အလုပ်လုပ်ခဲ့ကြ၏။
သူတို့သည် ကျောက်ခဲနှင့် ပေါက်သတ်ခြင်း၊ လွှနှင့် နှစ်ပိုင်းဖြတ်ခြင်း၊ စမ်းသပ်ခြင်း၊ ဓားနှင့် သတ်ခြင်းတို့ကို ခံကြရ၏။ သူတို့သည် ဆင်းရဲနွမ်းပါးလျက်၊ ဒုက္ခရောက်လျက်၊ နှိပ်စက်ခံရလျက် သိုးသားရေ၊ ဆိတ်သားရေတို့ကို ဝတ်၍ သွားလာကြရ၏။