ထို့ကြောင့် ယခုအခါ ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်သောသူတို့သည် အပြစ်စီရင်ခြင်း မခံရ။
၂ ကော 10:2 - ခေတ်သစ်မြန်မာ သမ္မာကျမ်း လူတချို့က ကျွန်ုပ်တို့သည် လောကီစံနှုန်းအတိုင်း ပြုမူနေထိုင်ကြသည်ဟု ထင်မြင်ကြ၏။ ကျွန်ုပ်ရောက်လာသောအခါ ထိုသူတို့အား ရဲရင့်ပြတ်သားစွာ ပြုမူရန် ကြံစည်ထား၏။ သို့သော် သင်တို့ကိုမူ ထိုသို့ရဲရင့်ပြတ်သားစွာ မပြုမူရစေရန် ကျွန်ုပ်တောင်းပန်ပါ၏။ Common Language Bible ငါတို့သည်လောကီအကျိုးကိုမြော်ကိုး၍ ဆောင်ရွက်သူများဖြစ်သည်ဟုစွပ်စွဲဝေဖန် ကြသောသူတို့အား ငါသည်မိမိ၏ရဲစွမ်း သတ္တိကိုငါပြနိုင်ကြောင်းကိုသိစေလို၏။ သို့ ဖြစ်၍သင်တို့ထံသို့ငါရောက်ရှိလာသော အခါ ထိုရဲစွမ်းသတ္တိကိုပြရသည့်အဖြစ် နှင့်မကြုံမတွေ့ရပါစေနှင့်။- Garrad Bible ရုပ် ခန္ဓာ အ လျောက် ငါ တို့ ကျင့် ကြံ ကြ သည် ဟု မှတ် ယူ ကြ သူ တို့ တစ် ဘက် ရဲ ရင့် စွာ ဆုံး မ မည့် အ ကြံ အ စည် အ တိုင်း ငါ ရောက် လာ၍ အ မောက် အ မာ မ ပြု ရ စေ ခြင်း ငှာ တောင်း ပန် ပါ ၏။ Judson Bible ငါတို့သည် ဇာတိပကတိအလိုသို့လိုက်၍ ကျင့်သောသူ ဖြစ်ကြသည်ဟု ထင်မှတ်သောသူတို့အား၊ ငါကြံစည်သော ရဲရင့်ခြင်းအတိုင်း သင်တို့ဆီသို့ ရောက်လာသောအခါ၊ ထိုမျှလောက်ရဲရင့်ခြင်း မရှိမည်အကြောင်း ငါတောင်းပန်ပါ၏။- မြန်မာ့စံမီသမ္မာကျမ်း ငါတို့ကို သွေးသားဇာတိအလိုသို့လိုက်၍ အသက်ရှင်လျှောက်လှမ်းနေကြသူကဲ့သို့ သတ်မှတ်သောသူအချို့တို့အပေါ် ရဲဝံ့စွာပြုမူရမည်ဟု ငါယုံကြည်ခံယူထားသည့်အတိုင်း ငါရောက်လာသောအခါ ထိုသို့ရဲဝံ့ပြတ်သားစွာမပြုမူရစေရန် ငါတောင်းပန်၏။ |
ထို့ကြောင့် ယခုအခါ ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်သောသူတို့သည် အပြစ်စီရင်ခြင်း မခံရ။
ထိုသို့ပြုတော်မူခဲ့ခြင်းမှာ လူ့ဗီဇစိတ်အလိုအတိုင်း ပြုမူမနေထိုင်တော့ဘဲ ဝိညာဉ်တော်၏ အလိုအတိုင်း အသက်ရှင်သော ကျွန်ုပ်တို့သည် ပညတ်တရား၏ ပြဋ္ဌာန်းချက်တို့ကို အပြည့်အဝဖြည့်ဆည်းနိုင်ရန် ဖြစ်၏။
လူ့ဗီဇစိတ် အလိုအတိုင်း အသက်ရှင်သောသူတို့သည် လူ့ဗီဇစိတ်နှင့်ဆိုင်သော အရာတို့ကို စွဲလမ်းကြ၏။ ဝိညာဉ်တော်၏ အလိုအတိုင်း အသက်ရှင်သောသူတို့မှာ ဝိညာဉ်တော်နှင့်ဆိုင်သော အရာတို့ကို စွဲလမ်းကြ၏။
ဤသို့ စီစဉ်သောအခါ ကျွန်ုပ်သည် ပေါ့ပေါ့တန်တန်စီစဉ်သည်ဟု သင်တို့ထင်သလော။ ကျွန်ုပ်သည် အစီအစဉ်များကို ချမှတ်ရာတွင် တစ်ချိန်တည်း၌ “ဟုတ်၏” ဟူ၍လည်းကောင်း၊ “မဟုတ်ပါ” ဟူ၍လည်းကောင်း စကားနှစ်ခွဖြင့် ပြောဆိုတတ်သော လောကီသားများနှင့် တူသလော။
ကျွန်ုပ်တို့သည် သင်တို့အား ထိုသို့ပြုရန် သတ္တိနည်းကြောင်း ကျွန်ုပ်ရှက်ရွံ့စွာ ဝန်ခံပါ၏။ သို့သော် တစ်စုံတစ်ယောက်သည် တစ်စုံတစ်ရာအတွက် ကြွားဝါဝံ့ပါက ကျွန်ုပ်သည်လည်း ကြွားဝါဝံ့သည်ဟု မိုက်မဲစွာ ဆိုရပေမည်။
ကျွန်ုပ်ရောက်လာသောအခါ ကျွန်ုပ်အား သခင်ဘုရား ပေးတော်မူသည့်အခွင့်အာဏာကို ပြင်းထန်စွာ အသုံးမပြုလိုသောကြောင့် သင်တို့ထံ မလာမီ ဤအကြောင်းအရာများကို ရေးလိုက်၏။ သခင်ဘုရား ပေးတော်မူသည့် ထိုအခွင့်အာဏာမှာ သင်တို့အား ဖြိုဖျက်ရန် မဟုတ်ဘဲ တည်ဆောက်ရန်ဖြစ်၏။
ဒုတိယအကြိမ် ကျွန်ုပ်သင်တို့နှင့်အတူ ရှိခဲ့စဉ်က ယခင် အပြစ်ကျူးလွန်သူများနှင့် အခြားသူအပေါင်းတို့အား နောက်တစ်ကြိမ် ရောက်လာလျှင် ညှာတာမည်မဟုတ်ဟု သတိပေးခဲ့သည့်အတိုင်း ယခုအဝေး၌ ရှိစဉ်တွင်လည်း ထပ်မံ၍ သတိပေးလိုက်၏။