ထိုသူသည် အစေခံတို့ကို သူတို့၏ အရည်အချင်းနှင့်အညီ တစ်ဦးအား ငွေငါးပိဿာ၊ နောက်တစ်ဦးအား ငွေနှစ်ပိဿာနှင့် နောက်ဆုံးတစ်ဦးအား ငွေတစ်ပိဿာ ပေးအပ်ပြီး ခရီးထွက်လေ၏။
၂ ကော 10:13 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် ကျွန်ုပ်တို့သည် မိမိတို့၏ အတိုင်းအတာကို ကျော်လွန်၍ ကြွားဝါမည်မဟုတ်။ ကျွန်ုပ်တို့အား ဘုရားသခင် ပေးအပ်ထားတော်မူသောနယ်ပယ်အတွင်း၌သာ ကြွားဝါမည်။ သင်တို့သည်လည်း ထိုနယ်ပယ်အတွင်း၌ ပါဝင်၏။ Common Language Bible ငါတို့မူကားဝါကြွားသင့်သည့်အတိုင်း အတာကိုကျော်လွန်၍ဝါကြွားကြမည်မ ဟုတ်။ သင်တို့တွင်ငါတို့လုပ်ဆောင်သောလုပ် ငန်းအပါအဝင်ငါတို့လုပ်ဆောင်ရန် ဘုရား သခင်ကိုယ်တော်တိုင်သတ်မှတ်ပေးတော်မူ သည့်လုပ်ငန်းနယ်ပယ်အတွင်း၌သာငါတို့ ဝါကြွားကြ၏။- Garrad Bible ငါ တို့ မူ ကား ကိုယ့် ပ မာ ဏ ထက် လွန်၍ ဂုဏ် တင် မည် မ ဟုတ်။ သင် တို့ ကို ပင် မီ အောင် ဘု ရား သ ခင် ခန့် ထား တော် မူ သော အ တိုင်း အ တာ ပ မာ ဏ နှင့် သာ ဂုဏ် တင် မည်။ Judson Bible ထိုမှတစ်ပါး၊ ကိုယ်ငန်းကိုယ်တာကို လွန်ကျူး၍ ပြုသောအမှုအရာကို ငါတို့ကြွားဝါခြင်းမရှိဝံ့၊ ဘုရားသခင် ဝေငှတော်မူသောအငန်းအတာ၏ အတိုင်းအရှည်အတွင်းတွင် ပြုသောအရာကိုသာ ဝါကြွားခြင်းရှိဝံ့၏။ ထိုအတိုင်းအရှည်သည် သင်တို့တိုင်အောင်ပင် မီသတည်း။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် ငါတို့သည် မိမိတို့အတိုင်းအတာကိုကျော်လွန်၍ ဝါကြွားမည်မဟုတ်။ ငါတို့အား ဘုရားသခင်သတ်မှတ်ပေးတော်မူသော နယ်ပယ်၏အတိုင်းအတာတည်းဟူသော သင်တို့ထံသို့တိုင်အောင်ပင် ရောက်ရှိလာသည့်အတိုင်းအတာနှင့်အညီ ဝါကြွားမည်။ |
ထိုသူသည် အစေခံတို့ကို သူတို့၏ အရည်အချင်းနှင့်အညီ တစ်ဦးအား ငွေငါးပိဿာ၊ နောက်တစ်ဦးအား ငွေနှစ်ပိဿာနှင့် နောက်ဆုံးတစ်ဦးအား ငွေတစ်ပိဿာ ပေးအပ်ပြီး ခရီးထွက်လေ၏။
သို့သော် အစ္စရေးလူမျိုးတို့သည် သတင်းကောင်းကို မကြားခဲ့ရသလောဟု ကျွန်ုပ်မေးလို၏။ အမှန်ပင် ကြားခဲ့ရ၏။ ကျမ်းစာ၌ “ထိုသတင်းကောင်းသည် ကမ္ဘာတစ်ဝန်းလုံးသို့ ပျံ့နှံ့၍ တရားစကားသည်လည်း ကမ္ဘာစွန်းတိုင် ရောက်လေပြီ” ဟု ဖော်ပြထား၏။
ကျွန်ုပ်အား ဘုရားသခင်ပေးအပ်တော်မူသော တမန်တော်ဖြစ်ခြင်း အခွင့်ထူးဖြင့် သင်တို့တစ်ဦးချင်းကို ကျွန်ုပ်ပြောလိုသည်မှာ သင်တို့သည် ကိုယ့်ကိုယ်ကိုယ် ထင်သင့်သည်ထက် ပို၍ အထင်မကြီးကြနှင့်။ မိမိတို့အတွက် ဘုရားသခင်ခွဲဝေပေးသနားတော်မူသော ယုံကြည်ခြင်းပမာဏအတိုင်း ကိုယ့်ကိုယ်ကိုယ် မှန်ကန်ရိုးသားစွာ သုံးသပ်ကြလော့။
သို့ဖြစ်၍ ဘုရားသခင် ပေးတော်မူသော ကျေးဇူးတော်အတိုင်း ကျွန်ုပ်တို့သည် ကွဲပြားခြားနားသော ဆုကျေးဇူးအသီးသီးကို လက်ခံရရှိကြ၏။ ကျွန်ုပ်တို့လက်ခံရရှိသော ဆုကျေးဇူးသည် ပရောဖက်ပြုဟောပြောခြင်းဖြစ်လျှင် ယုံကြည်ခြင်း၏ ပမာဏအတိုင်း ဟောပြောကြရမည်။
ကျွန်ုပ်၏ ပြင်းပြသောဆန္ဒမှာ အခြားတစ်ဦးတည်ထောင်ထားသော အသင်းတော်ရှိရာ ဒေသထက် ခရစ်တော်၏အမည်နာမကို မကြားဖူးသေးသော ဒေသ၌ သတင်းကောင်းကို ဟောပြောရန်ဖြစ်၏။
ဤဆုကျေးဇူးအားလုံးကို သက်ဝင်လှုပ်ရှားစေတော်မူသောသူမှာ တစ်ပါးတည်းသော ဝိညာဉ်တော်ဖြစ်တော်မူ၏။ ထိုဝိညာဉ်တော်တစ်ပါးတည်းကသာ မိမိအလိုအတိုင်း ထိုဆုကျေးဇူးတို့ကို တစ်ဦးစီအား အသီးသီးဝေငှပေးတော်မူ၏။
သို့သော် ကျွန်ုပ်တို့တစ်ဦးစီသည် ခရစ်တော် ခွဲဝေပေးတော်မူသည့်အတိုင်း အထူးစွမ်းရည်ကို အသီးသီး ရရှိကြ၏။
သင်တို့တစ်ဦးစီသည် ဘုရားသခင်ထံမှ ဆုကျေးဇူးအသီးသီးကို လက်ခံရရှိကြ၏။ စီမံခန့်ခွဲသူကောင်းအဖြစ် ထိုဆုကျေးဇူးတို့ကို အသုံးပြု၍ အချင်းချင်း ကူညီဆောင်ရွက်ကြလော့။