သန့်ရှင်းသောဝိညာဉ်တော်သည် သူတို့အား အာရှပြည်၌ နှုတ်ကပတ်တရားတော်ကိုဟောပြောရန် တားမြစ်သဖြင့် ဖြူဂိပြည်နှင့် ဂလာတိပြည်ကို ဖြတ်သွားကြ၏။
၂ ကော 1:8 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ညီအစ်ကိုမောင်နှမတို့… အာရှပြည်၌ ကျွန်ုပ်တို့ ခံခဲ့ရသော ဆင်းရဲဒုက္ခကို သင်တို့ မသိဘဲမနေစေလိုပါ။ ကျွန်ုပ်တို့သည် မိမိတို့ခံနိုင်ရည်စွမ်းထက် ကျော်လွန်သော ဆင်းရဲဒုက္ခကို ခံခဲ့ရသဖြင့် အသက်ရှင်ရန်ပင် မျှော်လင့်ချက်ကင်းမဲ့ခဲ့၏။ Common Language Bible ညီအစ်ကိုတို့၊ အာရှပြည်တွင်ငါတို့ခံခဲ့ ရသည့်ဆင်းရဲဒုက္ခအကြောင်းကိုသင်တို့ အားပြန်လည်သတိရစေလို၏။ ငါတို့ မခံမရပ်နိုင်အောင်ဆင်းရဲဒုက္ခကိုခံရ သဖြင့် ငါတို့သည်အသက်ရှင်နိုင်ရန်မျှော် လင့်ချက်မရှိခဲ့ပေ။- Garrad Bible ညီ အစ် ကို တို့၊ အာ ရှိ ပြည် တွင် ငါ တို့ ခံ စား ရ သော ဒု က္ခ နှင့် စပ် လျဉ်း၍ သင် တို့ မ သိ ဘဲ မ နေ စေ လို သည့် အ ချက် မှာ ငါ တို့ မ တတ် နိုင် သော ဒု က္ခ ကြီး ကို ခံ ရ လျက် အ သက် အ န္တ ရာယ် ကင်း လွတ် မည် အောက် မေ့ ခွင့် မ ရှိ သည် သာ မ က၊ Judson Bible ညီအစ်ကိုတို့၊ အာရှိပြည်၌ငါတို့ခံရသော ဆင်းရဲခြင်းတည်းဟူသော အသက်မလွတ်နိုင်ဟု ထင်ရ၍၊ မခံနိုင်အောင် အတိုင်းထက် အလွန်လေးသော ဆင်းရဲခံရကြောင်းကို သင်တို့မသိဘဲ နေစေခြင်းငှာ ငါတို့ အလိုမရှိ။- မြန်မာ့စံမီသမ္မာကျမ်း ညီအစ်ကိုတို့၊ အာရှပြည်၌ ငါတို့ကြုံတွေ့ရသောဆင်းရဲဒုက္ခအကြောင်းကို သင်တို့မသိဘဲ မနေစေလိုပါ။ ငါတို့သည် မိမိတို့ခံနိုင်စွမ်းရှိသည်ထက်ပိုလွန်သည့် အတိုင်းထက်အလွန်ကြီးလေးသောဒုက္ခကိုခံခဲ့ရသဖြင့် အသက်ရှင်ရန်ပင် မျှော်လင့်ချက်ကင်းမဲ့ကာ |
သန့်ရှင်းသောဝိညာဉ်တော်သည် သူတို့အား အာရှပြည်၌ နှုတ်ကပတ်တရားတော်ကိုဟောပြောရန် တားမြစ်သဖြင့် ဖြူဂိပြည်နှင့် ဂလာတိပြည်ကို ဖြတ်သွားကြ၏။
ငါတို့တွင် ပါသိပြည်၊ မေဒိပြည်၊ ဧလံပြည်၊ မက်ဆိုပိုတေးမီးယားပြည်၊ ယုဒပြည်၊ ကပ္ပဒေါကိပြည်၊ ပုန္တုပြည်၊ အာရှပြည်၊
ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်သည် အခြားသော လူမျိုးခြားများအကြားတွင် အမှုတော်ထမ်းဆောင်ရာ၌ အောင်မြင်မှုအသီးအပွင့်များကို ခံစားခဲ့ရသကဲ့သို့ သင်တို့တွင်လည်း ခံစားရစေလိုသောကြောင့် သင်တို့ဆီသို့ လာရန် ကြိမ်ဖန်များစွာ စီစဉ်ခဲ့၏။ သို့သော်လည်း ယခုတိုင်အောင် အတားအဆီးများရှိခဲ့ကြောင်း သင်တို့ကို ကျွန်ုပ်သိစေလို၏။
ကျွန်ုပ်သည် လူ့သဘောဖြင့် ဧဖက်မြို့၌ သားရဲတိရစ္ဆာန်များနှင့် တိုက်ခိုက်ခဲ့မည်ဆိုလျှင် ကျွန်ုပ်အတွက် မည်သည့်အကျိုး ရှိမည်နည်း။ သေလွန်သောသူတို့ မထမြောက်လျှင် “ကျွန်ုပ်တို့သည် မနက်ဖြန် သေကြမည်ဖြစ်၍ စားသောက်လျက် နေကြစို့” ဟူ၍ ဆိုထားသည့်အတိုင်း ပြုကြစို့။
ဤမြို့တွင် ထိရောက်စွာ အမှုတော်ဆောင်နိုင်ရန်အတွက် အခွင့်အရေးတံခါးကြီးသည် ပွင့်လျက်ရှိ၏။ ကျွန်ုပ်ကို ဆန့်ကျင်သောသူများလည်း ရှိကြ၏။
သင်တို့သည် အစစအရာရာပြည့်စုံကြပြီလော။ သင်တို့သည် ချမ်းသာပြီလော။ ဘုရားသခင်၏ နိုင်ငံတော်တွင် ကျွန်ုပ်တို့မပါဘဲ သင်တို့အုပ်ချုပ်နေကြပြီလော။ ကျွန်ုပ်တို့သည်လည်း သင်တို့နှင့်အတူ အုပ်ချုပ်ခွင့်ရရန်အတွက် သင်တို့ အမှန်တကယ်ပင် အုပ်ချုပ်နေပြီဖြစ်လျှင် ကောင်းပေမည်။
သေဒဏ်စီရင်ခြင်းခံရပြီဟု ပင် ကျွန်ုပ်တို့ထင်မှတ်ခဲ့ကြ၏။ သို့သော် ဤသို့ဖြစ်ပျက်ရခြင်းက ကျွန်ုပ်တို့သည် မိမိကိုယ်ကိုယ် အားမကိုးဘဲ သေလွန်သောသူတို့ကို ပြန်ရှင်စေတော်မူသော ဘုရားသခင်ကိုသာ အားကိုးရန် ဖြစ်၏။
တချို့သည် ကျွန်ုပ်တို့ကို တမန်တော်အဖြစ် အသိအမှတ်မပြုကြသော်လည်း ကျွန်ုပ်တို့သည် ထင်ပေါ်ကျော်ကြားသောသူများ ဖြစ်ကြ၏။ သေလူကဲ့သို့ဖြစ်သော်လည်း အသက်ရှင်ကြ၏။ ရိုက်နှက်ခံရသူများကဲ့သို့ဖြစ်သော်လည်း အသတ်မခံရကြ။