Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 1:9 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

9 သေဒဏ်​စီရင်ခြင်း​ခံရပြီ​ဟု ပင် ကျွန်ုပ်တို့​ထင်မှတ်ခဲ့ကြ၏။ သို့သော် ဤသို့​ဖြစ်ပျက်ရခြင်း​က ကျွန်ုပ်တို့​သည် မိမိကိုယ်ကိုယ် အားမကိုးဘဲ သေလွန်သော​သူတို့​ကို ပြန်ရှင်စေတော်မူသော ဘုရားသခင်​ကိုသာ အားကိုး​ရန် ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

9 ငါ​တို့​သည်​သေ​ဒဏ်​စီ​ရင်​ခြင်း​ခံ​ရ​သူ​များ ဟု​မိ​မိ​တို့​ကိုယ်​တိုင်​ကို​ထင်​မှတ်​ကြ​၏။ သို့ ရာ​တွင်​ဤ​သို့​ဖြစ်​ပျက်​ရ​ခြင်း​မှာ​ငါ​တို့ သည် မိ​မိ​တို့​ကိုယ်​ကို​အား​မ​ကိုး​ဘဲ သူ​သေ တို့​အား​ရှင်​ပြန်​ထ​မြောက်​စေ​တော်​မူ​သော ဘု​ရား​သ​ခင်​ကို​အား​ကိုး​ကြ​စေ​ရန်​ဖြစ် ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

9-11 သေ ဒဏ် စီ ရင် ချက် ကို ခံ ရ ပြီ ဟု ထင် ရာ ရောက် ကြ သ တည်း။ သို့ မှ ကိုယ်၌ စိတ် မ ချ ရ ဘဲ ထို မျှ လောက် ကြီး သော သေ ဘေး က ကယ် နုတ် သည့် အ လျောက် ထပ် မံ ကယ် နုတ် မည့် ပြင် သူ သေ တို့ ရှင် ပြန် ထ မြောက် စေ တော် မူ သော ဘု ရား သ ခင်၌ စိတ် ချ ခွင့် ရှိ၏။ သင် တို့ လည်း အ သ နား တော် ခံ လျက် ကူ ညီ ကြ သည် နှင့် အ ညီ ကယ် နုတ် တော် မူ ဦး မည် ဟု ငါ တို့ အား ကိုး မြော် လင့် ကြ၏။ ထို သို့ အ များ တို့ ဖူး မြော် ခြင်း ကြောင့် ငါ တို့ ခံ စား ရ သော ဆု ကျေး ဇူး တော် အ တွက် အ များ တို့ သည် ဂုဏ် တော် ကို ချီး မွမ်း ကြ ရ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

9 ငါ​တို့​သည် မိ​မိ​ကိုယ်​ကို အ​စဉ်​မ​ကိုး​စား​ဘဲ၊ သေ​သော​သူ​တို့​ကို ထ​မြောက်​စေ​တော်​မူ​သော ဘု​ရား​သ​ခင်​ကို ကိုး​စား​မည်​အ​ကြောင်း သေ​စေ​ဟု​စီ​ရင်​ခြင်း​ကို ကိုယ်​တိုင်​ခံ​ရ​သ​ကဲ့​သို့ ဖြစ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 သေဒဏ်​စီရင်​ခံရ​ပြီ​ဟု မိမိ​တို့​စိတ်​ထဲ၌​ခံစား​မိ​ကြ​၏။ ဤသည်ကား ငါ​တို့​သည် မိမိကိုယ်ကို​မ​ကိုးစား​ဘဲ သေ​သော​သူ​တို့​ကို​ထမြောက်​စေ​တော်မူ​သော ဘုရားသခင်​ကို​ကိုးစား​ကြ​ရန်​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 1:9
20 ပူးပေါင်းရင်းမြစ်များ  

ထို့ပြင် မိမိကိုယ်ကိုယ် သူတော်ကောင်း​ဖြစ်သည်​ဟု ခံယူကြ​လျက် သူတစ်ပါး​အား မထီမဲ့မြင်ပြုသူ​တချို့​အား ပုံဥပမာ​ပေး​၍ မိန့်တော်မူ၏။


ကျမ်းစာ​၌ “ကျွန်ုပ်တို့​သည် အရှင့်​အတွက် တစ်နေ့လုံး​သေဘေး​နှင့် ရင်ဆိုင်ကြရ၏။ သူတစ်ပါးတို့​သည် အကျွန်ုပ်တို့​ကို သတ်​ရန် လျာထားသည့် သိုးများ​ကဲ့သို့ သတ်မှတ်ကြ၏” ဟု ဖော်ပြထား၏။


ဘုရားသခင်​သည် ကျွန်ုပ်တို့​ကို ထို​မျှလောက်​ကြီးမားသော သေဘေး​မှ ကယ်တင်​တော်မူပြီ။ ထပ်မံ၍​လည်း ကယ်တင်တော်မူ​လိမ့်မည်။ ဆက်လက်​၍ ကယ်တင်တော်မူ​လိမ့်မည်​ဟု ကိုယ်တော်​ကို ကျွန်ုပ်တို့ မျှော်လင့်ကြ၏။


ညီအစ်ကို​မောင်နှမတို့… အာရှပြည်​၌ ကျွန်ုပ်တို့ ခံခဲ့ရသော ဆင်းရဲဒုက္ခ​ကို သင်တို့ မသိဘဲ​မနေစေလိုပါ။ ကျွန်ုပ်တို့​သည် မိမိတို့​ခံနိုင်ရည်စွမ်း​ထက် ကျော်လွန်သော ဆင်းရဲဒုက္ခ​ကို ခံခဲ့ရ​သဖြင့် အသက်ရှင်​ရန်ပင် မျှော်လင့်ချက်​ကင်းမဲ့ခဲ့၏။


ထိုသို့​ဆိုသော် ကျွန်ုပ်တို့​သည် အရာရာ​ကို မိမိဘာသာ လုပ်ဆောင်နိုင်သည့် စွမ်းရည်​ရှိကြောင်း ထင်မှတ်ကြသည်​မဟုတ်ပါ။ ကျွန်ုပ်တို့​၏ စွမ်းရည်​သည် ဘုရားသခင်​ထံမှ ဖြစ်၏။


ထွန်းလင်းနေသည့် ထို​ရတနာ​သည် မြေအိုး​သဖွယ်​ဖြစ်သော ကျွန်ုပ်တို့​ထဲ၌ ရှိ၏။ ဤသည်​မှာ သတင်းကောင်း​၏​ကြီးမြတ်သော​တန်ခိုး​သည် ကျွန်ုပ်တို့​ထံမှ မဟုတ်ဘဲ ဘုရားသခင်​ထံမှ ဖြစ်ကြောင်း ပေါ်လွင်​စေရန်​ဖြစ်၏။


ဘုရားသခင်​သည် လူသေများ​ကိုပင် ထမြောက်​စေနိုင်ကြောင်း အာဗြဟံ​သည် ဆင်ခြင်​သုံးသပ်ခဲ့၏။ ပုံဥပမာ​အားဖြင့် ဆိုရ​လျှင် ဣဇာက်​ကို သေခြင်း​မှ ပြန်လည်​ရရှိခဲ့၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ