ဤသို့ဖြင့် စပျစ်ခြံပိုင်ရှင်၌ ချစ်လှစွာသောသား တစ်ဦးတည်းသာ ကျန်လေ၏။ နောက်ဆုံးတွင် စပျစ်ခြံပိုင်ရှင်က ‘ငါ့သားကိုမူ သူတို့လေးစားကြလိမ့်မည်’ ဟု တွေးလျက် မိမိသားကို စေလွှတ်လိုက်၏။
၁ ယော 4:9 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့သည် သားတော်အားဖြင့် အသက်ရှင်ကြစေရန် ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသောသားတော်ကို ဤလောကသို့ စေလွှတ်တော်မူ၏။ ဤနည်းဖြင့် ဘုရားသခင်သည် မိမိ၏ချစ်ခြင်းမေတ္တာကို ကျွန်ုပ်တို့အား ဖော်ပြတော်မူ၏။ Common Language Bible ငါတို့သည်သားတော်အားဖြင့်အသက်ကို ရရှိကြစေရန်ဘုရားသခင်သည် မိမိ၏ တစ်ပါးတည်းသောသားတော်ကိုဤလောက သို့စေလွှတ်တော်မူခြင်းအားဖြင့် ငါတို့အပေါ် ၌မိမိထားရှိသောမေတ္တာတော်ကိုပေါ်လွင် ထင်ရှားစေတော်မူ၏။- Garrad Bible သား တော် အား ဖြင့် အ သက် ရှင် ကြ စေ ရန် ဧ က ပု တ္တ သား တော် ကို ဤ လော က သို့ စေ လွှတ် တော် မူ ရာ၌ ဘု ရား သ ခင့် ချစ် ခြင်း မေ တ္တာ တော် သည် ငါ တို့ တွင် ထင် ရှား၏။ Judson Bible သားတော်အားဖြင့် ငါတို့သည် အသက်ရှင်စေခြင်းငှာ၊ ဘုရားသခင်သည် တစ်ပါးတည်းသော သားတော်ကို ဤလောကသို့ စေလွှတ်တော်မူသောအရာ၌၊ ငါတို့ကို ချစ်တော်မူသော မေတ္တာတော်သည် ထင်ရှားလျက်ရှိ၏။- မြန်မာ့စံမီသမ္မာကျမ်း ငါတို့သည် သားတော်အားဖြင့် အသက်ရှင်ကြစေရန် ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသောသားတော်ကို ဤလောကသို့ စေလွှတ်တော်မူ၏။ ဤသို့ဖြင့် ဘုရားသခင်၏ချစ်ခြင်းမေတ္တာတော်သည် ငါတို့၌ ထင်ရှား၏။ |
ဤသို့ဖြင့် စပျစ်ခြံပိုင်ရှင်၌ ချစ်လှစွာသောသား တစ်ဦးတည်းသာ ကျန်လေ၏။ နောက်ဆုံးတွင် စပျစ်ခြံပိုင်ရှင်က ‘ငါ့သားကိုမူ သူတို့လေးစားကြလိမ့်မည်’ ဟု တွေးလျက် မိမိသားကို စေလွှတ်လိုက်၏။
“ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အပေါ်၌ တည်တော်မူ၏။ အဘယ်ကြောင့်ဆိုသော် သတင်းကောင်းကို ဆင်းရဲသောသူတို့အား ဟောပြောရန် ကိုယ်တော်သည် ငါ့ကိုဘိသိက်ပေးတော်မူပြီ။ ဖမ်းဆီးချုပ်နှောင်ခံရသူများ လွတ်ငြိမ်းချမ်းသာခွင့် ရမည့်အကြောင်းနှင့် မျက်မမြင်များ မျက်စိပြန်မြင်ကြရမည့်အကြောင်းကို ဟောပြောရန်လည်းကောင်း၊ ဖိနှိပ်ချုပ်ချယ်ခံရသူများအား လွတ်လပ်ခွင့်ကို ပေးမည့်အကြောင်းနှင့်
သူခိုးသည် ခိုးဝှက်ရန်၊ သတ်ဖြတ်ရန်နှင့် ဖျက်ဆီးရန်အတွက်သာ လာ၏။ ငါသည် သိုးတို့ကို အသက်ကို ရရှိစေရန်သာမက ထိုအသက်ကို ကြွယ်ဝပြည့်စုံစွာ ရရှိစေရန်လည်း လာ၏။
ယေရှုက “ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်း ဖြစ်၏။ အသက်လည်း ဖြစ်၏။ ငါ့ကို အမှီမပြုလျှင် မည်သူမျှ ခမည်းတော်ထံသို့ မရောက်ရ။
ဘုရားသခင်သည် လောကီသားတို့ကို အလွန်ချစ်သောကြောင့် မိမိ၏တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူ၏။ ထိုသို့စွန့်တော်မူခြင်းမှာ သားတော်ကို ယုံကြည်သောသူတိုင်း မပျက်စီးဘဲ ထာဝရအသက်ကို ရရှိစေရန်ဖြစ်၏။
သားတော်ကို ယုံကြည်သောသူသည် အပြစ်စီရင်ခြင်းမခံရ။ မယုံကြည်သောသူမှာမူ ဘုရားသခင်၏ တစ်ပါးတည်းသောသားတော်ကို မယုံကြည်သောကြောင့် ယခုပင် အပြစ်စီရင်ခြင်းခံရပြီ။
ယေရှုက “သင်တို့ထံမှ ဘုရားသခင်အလိုရှိတော်မူသော အမှုတော်မှာ မိမိစေလွှတ်တော်မူသောသူကို ယုံကြည်ခြင်းပင် ဖြစ်သည်” ဟု ဖြေတော်မူ၏။
ငါသည် ကောင်းကင်မှ ဆင်းသက်လာသော အသက်မုန့်ဖြစ်၏။ ဤမုန့်ကို စားသုံးသောသူသည် အစဉ်ထာဝရ အသက်ရှင်လိမ့်မည်။ ငါပေးမည့် ဤမုန့်သည် လောကီသားတို့ အသက်ရှင်ရန် ပေးသော ငါ့အသားပင်ဖြစ်၏” ဟု မိန့်တော်မူ၏။
အသက်ရှင်တော်မူသော ခမည်းတော်သည် ငါ့ကို စေလွှတ်တော်မူ၍ ငါသည် ခမည်းတော်ကြောင့် အသက်ရှင်၏။ ထိုကဲ့သို့ပင် ငါ့အသားကို စားသောသူသည် ငါ့ကြောင့် အသက်ရှင်လိမ့်မည်။
ငါ့ကို စေလွှတ်တော်မူသောအရှင်သည် ငါနှင့်အတူ ရှိတော်မူ၏။ ငါသည် ထိုအရှင်၏ စိတ်တော်နှင့် တွေ့သောအရာကိုသာ အစဉ်လုပ်ဆောင်သဖြင့် ထိုအရှင်သည် ငါ့ကို တစ်ကိုယ်တည်း စွန့်ပစ်ထားတော်မမူ” ဟု မိန့်တော်မူ၏။
ယေရှုက “ဘုရားသခင်သည် သင်တို့၏ အဖဖြစ်ပါက သင်တို့သည် ငါ့ကို ချစ်ကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ငါသည် ဘုရားသခင်ထံမှ လာ၏။ မိမိသဘောအတိုင်း လာသည်မဟုတ်။ ဘုရားသခင်သည် ငါ့ကို စေလွှတ်တော်မူ၏။
ယေရှုက “သူ၏အပြစ်ကြောင့် မဟုတ်။ မိဘများ၏ အပြစ်ကြောင့်လည်း မဟုတ်။ ဘုရားသခင်၏တန်ခိုးတော် သူ့အပေါ်ထင်ရှားစေရန်ဖြစ်၏။
ကျွန်ုပ်တို့အားလုံးအတွက် မိမိသားတော်ရင်းကိုပင် မနှမြောဘဲ စွန့်တော်မူသော ဘုရားသခင်သည် ထိုသားတော်နှင့်တကွ ရှိသမျှအရာခပ်သိမ်းကိုလည်း ကျွန်ုပ်တို့အား မပေးဘဲ နေတော်မူမည်လော။
ဘုရားသခင်သည် မည်သည့်ကောင်းကင်တမန်ကိုမျှ “သင်သည် ငါ့သားဖြစ်၏။ ယနေ့ပင် ငါသည် သင်၏ ဖခင်ဖြစ်လာ၏” ဟူ၍ လည်းကောင်း၊ “ငါသည် သူ၏ဖခင်ဖြစ်မည်။ သူသည် ငါ့သား ဖြစ်လိမ့်မည်” ဟူ၍ လည်းကောင်း မိန့်တော်မမူခဲ့။
ယေရှုခရစ်တော်သည် ကျွန်ုပ်တို့အတွက် မိမိအသက်ကို စွန့်တော်မူသည့်အမှုကို ထောက်၍ မေတ္တာအကြောင်းကို ကျွန်ုပ်တို့သိကြ၏။ ကျွန်ုပ်တို့သည်လည်း မိမိညီအစ်ကိုမောင်နှမချင်းအတွက် အသက်ကို စွန့်သင့်၏။
ချစ်ခြင်းမေတ္တာဟူသည်မှာ ဘုရားသခင်အပေါ် ထားသော ကျွန်ုပ်တို့၏ ချစ်ခြင်းမေတ္တာကို မဆိုလို။ ကျွန်ုပ်တို့၏ အပြစ်အတွက် အပြစ်ဖြေရာယဇ်အဖြစ် သားတော်ကို စေလွှတ်တော်မူ၍ ကျွန်ုပ်တို့အပေါ်ထားသော ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ဆိုလို၏။
ကျွန်ုပ်တို့အပေါ် ဘုရားသခင်မည်မျှ ချစ်တော်မူသည်ကို ကျွန်ုပ်တို့သိ၍ ယုံကြည်သည်နှင့်အညီ ထိုမေတ္တာအပေါ် မှီခိုအားထားကြ၏။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၍ ချစ်တတ်သောသူသည် ဘုရားသခင်နှင့် တပေါင်းတစည်းတည်းဖြစ်၏။ ဘုရားသခင်သည်လည်း ထိုသူနှင့် တပေါင်းတစည်းတည်းဖြစ်တော်မူ၏။
ထိုသက်သေခံချက်မှာ “ဘုရားသခင်သည် ကျွန်ုပ်တို့အား ထာဝရအသက်ကို ပေးတော်မူပြီး ထိုအသက်သည် သားတော်၌ ရှိသည်” ဟူ၍ ဖြစ်၏။
ဘုရားသခင်၏သားတော်ကို ယုံကြည်သောသင်တို့သည် ထာဝရအသက်ကို ရကြောင်းသိစေရန် ဤအကြောင်းအရာများကို ကျွန်ုပ်ရေးလိုက်၏။