ဘုရားသခင်ကို မည်သူမျှ မမြင်ဖူးချေ။ သို့သော် ခမည်းတော်၏ ရင်ခွင်တော်၌ ရှိသည့် တစ်ပါးတည်းသောသားတော်သည် ဘုရားသခင်ကို ကျွန်ုပ်တို့သိမြင်နိုင်ရန် ဖော်ပြတော်မူပြီ။
၁ ယော 4:12 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်ကို မည်သူမျှ မမြင်ဖူး။ သို့သော် ကျွန်ုပ်တို့သည် အချင်းချင်းချစ်ကြလျှင် ဘုရားသခင်သည် ကျွန်ုပ်တို့နှင့် တပေါင်းတစည်းတည်းဖြစ်တော်မူ၍ ချစ်ခြင်းမေတ္တာတော်သည် ကျွန်ုပ်တို့၌ ပြည့်စုံလျက်ရှိပြီ။ Common Language Bible အဘယ်သူမျှဘုရားသခင်ကိုမတွေ့မမြင် စဖူး။ သို့ရာတွင်ငါတို့သည်အချင်းချင်းချစ် ကြပါမူ ဘုရားသခင်သည်ငါတို့နှင့်တစ်လုံး တစ်ဝတည်းဖြစ်တော်မူလျက် ကိုယ်တော်၏ မေတ္တာတော်သည်ငါတို့၌ပြည့်ဝစုံလင်ပြီ။ Garrad Bible ဘု ရား သ ခင် ကို မည် သူ မျှ မ မြင် စ ဘူး သော် လည်း ငါ တို့ အ ချင်း ချင်း ချစ် ကြ လျှင် ဘု ရား သ ခင် သည် ငါ တို့၌ တည် တော် မူ လျက် ကိုယ် တော် ကို ချစ် ခြင်း လည်း ငါ တို့၌ စုံ လင် ပြီ။ Judson Bible ဘုရားသခင်ကို အဘယ်သူမျှမမြင်စဖူး။ သို့သော်လည်း၊ အချင်းချင်းချစ်ကြလျှင်၊ ဘုရားသခင်သည် ငါတို့၌ တည်တော်မူ၍၊ ငါတို့သည် ချစ်ခြင်းမေတ္တာနှင့် ပြည့်စုံလျက်ရှိကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်ကို မည်သူမျှ မမြင်ဖူးသော်လည်း ငါတို့အချင်းချင်းချစ်ကြလျှင် ဘုရားသခင်သည် ငါတို့၌တည်တော်မူ၍ ဘုရားသခင်၏ချစ်ခြင်းမေတ္တာသည် ငါတို့၌ပြည့်စုံ၏။ |
ဘုရားသခင်ကို မည်သူမျှ မမြင်ဖူးချေ။ သို့သော် ခမည်းတော်၏ ရင်ခွင်တော်၌ ရှိသည့် တစ်ပါးတည်းသောသားတော်သည် ဘုရားသခင်ကို ကျွန်ုပ်တို့သိမြင်နိုင်ရန် ဖော်ပြတော်မူပြီ။
ယခုတွင် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်းမေတ္တာ ဤသုံးပါးတို့သည် တည်လျက်ရှိ၏။ ဤသုံးပါးတို့အနက် ချစ်ခြင်းမေတ္တာသည် အမြတ်ဆုံးဖြစ်၏။
ထာဝရဘုရင်ဖြစ်တော်မူသော၊ ထာဝရအသက်ရှင်တော်မူသော၊ လူ့မျက်စိဖြင့် မမြင်နိုင်သော၊ တစ်ဆူတည်းသော ဘုရားသခင်သည် ကမ္ဘာအဆက်ဆက် ဂုဏ်သရေ၊ ဘုန်းသရေ ရှိတော်မူပါစေသော။ အာမင်။
ဘုရားသခင်တစ်ပါးတည်းသာလျှင် သေခြင်းနှင့်ကင်းတော်မူ၍ ကိုယ်တော်သည် မည်သူမျှ မချဉ်းကပ်နိုင်သည့် အလင်း၌ ကိန်းဝပ်တော်မူ၏။ ကိုယ်တော်ကို မည်သူမျှ မမြင်ဖူးသကဲ့သို့ မြင်လည်း မမြင်နိုင်။ ကိုယ်တော်၌ ဂုဏ်အသရေနှင့် ထာဝရဘုန်းတန်ခိုး ရှိတော်မူပါစေသော။ အာမင်။
ရှင်ဘုရင်၏အမျက်ကို မကြောက်ဘဲ ယုံကြည်ခြင်းဖြင့် အီဂျစ်ပြည်ကို စွန့်ခွာ၍ မမြင်နိုင်သော ဘုရားသခင်ကို မြင်ရသကဲ့သို့ ဇွဲလုံ့လထားခဲ့၏။
ဘုရားသခင်၏စကားတော်ကို နားထောင်သောသူသည် ဘုရားသခင်ကို အကြွင်းမဲ့ချစ်သောသူဖြစ်၏။ ဤသို့ဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် တပေါင်းတစည်းတည်းဖြစ်သည်ကို သိကြ၏။
ဘုရားသခင်၏ပညတ်တော်တို့ကို လိုက်နာသောသူတို့သည် ကိုယ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်၍ ကိုယ်တော်သည်လည်း သူတို့နှင့် တပေါင်းတစည်းတည်းဖြစ်တော်မူ၏။ ဘုရားသခင်သည် ကျွန်ုပ်တို့နှင့် တပေါင်းတစည်းတည်းဖြစ်တော်မူကြောင်းကို ကျွန်ုပ်တို့အတွက် ပေးတော်မူသောဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့သိကြ၏။
ကျွန်ုပ်တို့အပေါ် ဘုရားသခင်မည်မျှ ချစ်တော်မူသည်ကို ကျွန်ုပ်တို့သိ၍ ယုံကြည်သည်နှင့်အညီ ထိုမေတ္တာအပေါ် မှီခိုအားထားကြ၏။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၍ ချစ်တတ်သောသူသည် ဘုရားသခင်နှင့် တပေါင်းတစည်းတည်းဖြစ်၏။ ဘုရားသခင်သည်လည်း ထိုသူနှင့် တပေါင်းတစည်းတည်းဖြစ်တော်မူ၏။
တစ်စုံတစ်ယောက်က “ငါသည် ဘုရားသခင်ကို ချစ်သည်” ဟု ဆိုသော်လည်း မိမိညီအစ်ကိုမောင်နှမကို မုန်းလျှင် ထိုသူသည် လိမ်လည်သောသူဖြစ်၏။ အဘယ်ကြောင့်ဆိုသော် မျက်စိဖြင့် မြင်ရသော ညီအစ်ကိုမောင်နှမကို မချစ်သောသူသည် မမြင်ရသောဘုရားသခင်ကို ချစ်နိုင်မည်မဟုတ်သောကြောင့်ဖြစ်၏။
ကျွန်ုပ်တို့သည် ဘုရားသခင်၏သားသမီးများဖြစ်ကြ၏။ ဘုရားသခင်ကို သိသောသူတိုင်းသည် ကျွန်ုပ်တို့စကားကို နားထောင်တတ်၏။ ဘုရားသခင်၏သားသမီး မဟုတ်သောသူသည် ကျွန်ုပ်တို့စကားကို နားမထောင်တတ်။ ဤသည်မှာ ကျွန်ုပ်တို့သည် သမ္မာတရား၏ဝိညာဉ်တော်နှင့် မိစ္ဆာဝိညာဉ်ကို ခွဲခြား၍ သိရခြင်းဖြစ်၏။