Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ယော 4:12 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 ဘုရားသခင်​ကို မည်သူမျှ မ​မြင်​ဖူး​သော်လည်း ငါ​တို့​အချင်းချင်း​ချစ်​ကြ​လျှင် ဘုရားသခင်​သည် ငါ​တို့​၌​တည်​တော်မူ​၍ ဘုရားသခင်​၏​ချစ်​ခြင်း​မေတ္တာ​သည် ငါ​တို့​၌​ပြည့်စုံ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

12 အ​ဘယ်​သူ​မျှ​ဘု​ရား​သ​ခင်​ကို​မ​တွေ့​မ​မြင် စ​ဖူး။ သို့​ရာ​တွင်​ငါ​တို့​သည်​အ​ချင်း​ချင်း​ချစ် ကြ​ပါ​မူ ဘု​ရား​သ​ခင်​သည်​ငါ​တို့​နှင့်​တစ်​လုံး တစ်​ဝ​တည်း​ဖြစ်​တော်​မူ​လျက် ကိုယ်​တော်​၏ မေတ္တာ​တော်​သည်​ငါ​တို့​၌​ပြည့်​ဝ​စုံ​လင်​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

12 ဘု ရား သ ခင် ကို မည် သူ မျှ မ မြင် စ ဘူး သော် လည်း ငါ တို့ အ ချင်း ချင်း ချစ် ကြ လျှင် ဘု ရား သ ခင် သည် ငါ တို့၌ တည် တော် မူ လျက် ကိုယ် တော် ကို ချစ် ခြင်း လည်း ငါ တို့၌ စုံ လင် ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 ဘု​ရား​သ​ခင်​ကို အ​ဘယ်​သူ​မျှ​မ​မြင်​စ​ဖူး။ သို့​သော်​လည်း၊ အ​ချင်း​ချင်း​ချစ်​ကြ​လျှင်၊ ဘု​ရား​သ​ခင်​သည် ငါ​တို့၌ တည်​တော်​မူ၍၊ ငါ​တို့​သည် ချစ်​ခြင်း​မေ​တ္တာ​နှင့် ပြည့်​စုံ​လျက်​ရှိ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

12 ဘုရားသခင်​ကို မည်သူ​မျှ မမြင်ဖူး။ သို့သော် ကျွန်ုပ်တို့​သည် အချင်းချင်း​ချစ်ကြ​လျှင် ဘုရားသခင်​သည် ကျွန်ုပ်တို့​နှင့် တပေါင်းတစည်းတည်း​ဖြစ်တော်မူ​၍ ချစ်ခြင်းမေတ္တာတော်​သည် ကျွန်ုပ်တို့​၌ ပြည့်စုံ​လျက်​ရှိပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ယော 4:12
14 ပူးပေါင်းရင်းမြစ်များ  

ထို့ကြောင့် ယာကုပ်​က “​ငါ​သည် ဘုရားသခင်​ကို မျက်နှာချင်းဆိုင်​မြင်​ရ​လျက်​နှင့် အသက်​ချမ်းသာ​ရာ​ရ​သေး​၏​”​ဟု ဆို​လျက် ထို​အရပ်​၏​အမည်​ကို ပေနွေလ ဟု​ခေါ်​၏​။


တစ်ဖန် ထာဝရဘုရား​က “​ငါ့​ကို​မြင်​သော​သူ​သည် အသက်​မ​ရှင်​ရ​။ သို့ဖြစ်၍ သင်​သည် ငါ့​မျက်နှာ​ကို မ​မြင်​နိုင်​”​ဟု မိန့်​တော်မူ​၏​။


သူ​နှင့်​မျက်နှာချင်းဆိုင် ရှင်းလင်း​စွာ​မိန့်ဆို​၏​။ သွယ်ဝိုက်​၍ မ​မိန့်ဆို​။ သူ​သည် ထာဝရဘုရား​၏​ပုံသဏ္ဌာန်​ကို မြင်​ရ​၏​။ သင်​တို့​သည် ငါ့​အစေအပါး​မောရှေ​ကို အဘယ်ကြောင့် ဆန့်ကျင်​ပြောဆို​ဝံ့​သနည်း​”​ဟု မိန့်​တော်မူ​ပြီးနောက်


ဘုရားသခင်​ကို မည်သူမျှ​မ​မြင်​ဖူး​သော်လည်း ခမည်းတော်​၏​ရင်ခွင်​၌​ရှိ​သည့် တစ်ပါးတည်း​သော​သား​တော်​ဘုရား​သည် ဘုရားသခင်​ကို ထင်ရှား​စေ​တော်မူ​ပြီ။


ယခု​တွင် ယုံကြည်​ခြင်း၊ မျှော်လင့်​ခြင်း​နှင့် ချစ်​ခြင်း​မေတ္တာ ဤ​သုံး​ပါး​တို့​သည် တည်​လျက်​ရှိ​၏။ ဤ​သုံး​ပါး​တို့​တွင် ချစ်​ခြင်း​မေတ္တာ​သည် အမြတ်ဆုံး​ဖြစ်​၏။


ထာဝရ​ဘုရင်၊ ဖောက်ပြန်​ပျက်စီး​ခြင်း​နှင့်​ကင်း​တော်မူ​သော မ​မြင်ရ​သည့် တစ်ဆူတည်း​သော​ဘုရားသခင်​၌ ကမ္ဘာ​အဆက်ဆက် ဘုန်း​တော်​နှင့်​ဂုဏ်​တော်​ရှိ​ပါစေသော။ အာမင်။


ကိုယ်တော်​တစ်ပါးတည်း​သာလျှင် သေ​ခြင်း​နှင့်​ကင်း​သော​အဖြစ်​၌​ရှိ​လျက် ချဉ်းကပ်​၍​မ​ရ​သော​အလင်း​၌ ကိန်းဝပ်​တော်မူ​၏။ လူ​တို့​တွင် မည်သူ​တစ်ဦးတစ်ယောက်​မျှ ကိုယ်တော်​ကို​မ​မြင်​ဖူး​သကဲ့သို့ မြင်​လည်း​မ​မြင်​နိုင်​ပေ။ ထို​ဘုရားသခင်​၌ ဂုဏ်သရေ​နှင့်​ထာဝရ​တန်ခိုး​အရှိန်အဝါ​ရှိ​တော်မူ​ပါစေသော။ အာမင်။


သူ​သည် မ​မြင်ရ​သော​အရှင်​ကို​မြင်​နေ​ရ​သကဲ့သို့ သည်းခံ​တည်ကြည်​ခဲ့​သည်​ဖြစ်၍ ရှင်ဘုရင်​၏​ပြင်းစွာ​သော​ဒေါသ​ကို​ပင်​မ​ကြောက်​ဘဲ ယုံကြည်​ခြင်း​အားဖြင့် အီဂျစ်​ပြည်​ကို​စွန့်ခွာ​ခဲ့​၏။


သို့ရာတွင် မည်သူမဆို ဘုရားသခင်​၏​စကား​ကို လိုက်နာ​စောင့်ထိန်း​လျှင် ဘုရားသခင်​၏​ချစ်​ခြင်း​မေတ္တာ​တော်​သည် ထို​သူ​၌ အမှန်ပင်​ပြည့်စုံ​၏။ ဤသို့ဖြင့် ငါ​တို့​သည် ဘုရားသခင်​၌​ရှိ​သည်​ကို သိ​ကြ​၏။


ဘုရားသခင်​၏​ပညတ်​တော်​တို့​ကို​စောင့်ထိန်း​သော​သူ​သည် ဘုရားသခင်​၌​တည်​၍ ဘုရားသခင်​သည်​လည်း ထို​သူ​၌​တည်​၏။ ဘုရားသခင်​သည် ငါ​တို့​၌​တည်​တော်မူ​ကြောင်း​ကို ငါ​တို့​အား ပေး​တော်မူ​သော​ဝိညာဉ်​တော်​အားဖြင့် ငါ​တို့​သိ​ကြ​၏။


ငါ​တို့​သည် ငါ​တို့​အပေါ်၌ ဘုရားသခင်​ထားရှိ​သော​ချစ်​ခြင်း​မေတ္တာ​ကို​သိ​၍ ယုံကြည်​ကြ​၏။ ဘုရားသခင်​သည် ချစ်​ခြင်း​မေတ္တာ​ဖြစ်​တော်မူ​၏။ ချစ်​ခြင်း​မေတ္တာ​၌​တည်​သော​သူ​သည် ဘုရားသခင်​၌​တည်​၍ ဘုရားသခင်​သည်​လည်း ထို​သူ​၌​တည်​တော်မူ​၏။


တစ်စုံတစ်ယောက်​က “ငါ​သည် ဘုရားသခင်​ကို​ချစ်​၏”​ဟု ဆို​လျက်​ပင် မိမိ​ညီအစ်ကို​ကို​မုန်း​လျှင် ထို​သူ​သည် လိမ်လည်​သော​သူ​ဖြစ်​၏။ မြင်​ရ​သော​မိမိ​ညီအစ်ကို​ကို မ​ချစ်​သော​သူ​သည် မ​မြင်​ရ​သော​ဘုရားသခင်​ကို မ​ချစ်​နိုင်။


ငါ​တို့​သည် ဘုရားသခင်​နှင့်​စပ်ဆိုင်​သူ​များ​ဖြစ်​ကြ​၏။ ဘုရားသခင်​ကို​သိ​သော​သူ​သည် ငါ​တို့​စကား​ကို​နားထောင်​တတ်​၏။ ဘုရားသခင်​နှင့်​မ​စပ်ဆိုင်​သော​သူ​သည် ငါ​တို့​စကား​ကို​နားမထောင်​တတ်။ ဤသို့သော​အားဖြင့် ငါ​တို့​သည် သမ္မာတရား​၏​ဝိညာဉ်​နှင့် မှားယွင်း​ခြင်း​၏​ဝိညာဉ်​ကို သိ​ရ​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ