ထို့ကြောင့် ကောင်းကင်ဘုံရှင် သင်တို့၏အဖသည် ပြီးပြည့်စုံတော်မူသကဲ့သို့ သင်တို့သည်လည်း ပြီးပြည့်စုံသောသူများ ဖြစ်ကြလော့။
၁ ယော 3:3 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကိုယ်တော်အပေါ် ဤမျှော်လင့်ချက်ရှိသောသူအပေါင်းတို့သည် ကိုယ်တော် သန့်ရှင်းစင်ကြယ်တော်မူသည့်နည်းတူ မိမိကိုယ်မိမိ သန့်ရှင်းစင်ကြယ်စေကြ၏။ Common Language Bible ခရစ်တော်ကိုအမှီပြု၍ထိုသို့မျှော်လင့် တောင့်တသူသည် ခရစ်တော်သန့်ရှင်းဖြူစင် တော်မူသကဲ့သို့မိမိကိုယ်ကိုသန့်ရှင်းဖြူ စင်စေတတ်၏။ Garrad Bible ထို သို့ မျှော် လင့် ခြင်း ရှိ သူ တိုင်း သည် ကိုယ် တော် သန့် စင် တော် မူ သည့် နည်း တူ ကိုယ် ကို သန့် စင် စေ တတ် ၏။ Judson Bible ထိုသို့ မျှော်လင့်သောသူမည်သည်ကား၊ ကိုယ်တော် သန့်ရှင်းတော်မူသည်နည်းတူ၊ ကိုယ်ကိုကိုယ် သန့်ရှင်းစေတတ်၏။ မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်၌ ဤသို့မျှော်လင့်ထားသောသူတိုင်းသည် ကိုယ်တော်သန့်ရှင်းစင်ကြယ်တော်မူသည့်နည်းတူ မိမိကိုယ်ကိုသန့်ရှင်းစင်ကြယ်စေတတ်၏။ |
ထို့ကြောင့် ကောင်းကင်ဘုံရှင် သင်တို့၏အဖသည် ပြီးပြည့်စုံတော်မူသကဲ့သို့ သင်တို့သည်လည်း ပြီးပြည့်စုံသောသူများ ဖြစ်ကြလော့။
သူတို့သည်လည်း သမ္မာတရားအားဖြင့် သန့်ရှင်းလာစေရန် အကျွန်ုပ်သည် သူတို့အတွက် မိမိကိုယ်ကို သန့်ရှင်းသောယဇ်အဖြစ် ဆက်ကပ်ပါ၏။
ယုံကြည်ခြင်းအားဖြင့် လူမျိုးခြားတို့၏စိတ်နှလုံးကို သန့်စင်ပေးကာ ထိုသူတို့နှင့် ကျွန်ုပ်တို့အကြား ခွဲခြားတော်မူခြင်းမရှိ။
ပရောဖက်ဟေရှာယကလည်း “ဒါဝိဒ်၏ ရာဇပလ္လင်မှ အမွေခံတစ်ဦး ပေါ်လာလိမ့်မည်။ ထိုသူသည် လူမျိုးခြားအပေါင်းတို့ကို အုပ်ချုပ်လိမ့်မည်။ လူမျိုးခြားတို့သည် သူ့ကို အားကိုးမျှော်လင့်ကြလိမ့်မည်” ဟု ဆိုထား၏။
ချစ်ရသောသူတို့… ကျွန်ုပ်တို့၌ ဘုရားသခင်ပေးတော်မူသော အထက်ပါကတိတော်များရှိသောကြောင့် ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို ညစ်ညမ်းစေသောအရာတို့မှ မိမိကိုယ်ကိုယ် စင်ကြယ်စေ၍ ဘုရားသခင်ကို ရိုသေသောအားဖြင့် လုံးဝသန့်ရှင်းစေကြစို့။
ထိုယုံကြည်ခြင်းနှင့်ချစ်ခြင်းသည် ကောင်းကင်ဘုံ၌ သင်တို့အတွက် သိမ်းဆည်းထားသော မျှော်လင့်ရာအကြောင်းကြောင့် ဖြစ်ပေါ်လာကြ၏။ သမ္မာတရားဟူသော သတင်းကောင်းကို သင်တို့ ပထမဆုံးအကြိမ် ကြားနာရသောအခါ ထိုမျှော်လင့်ရာအကြောင်းကို သင်တို့ ကြားသိခဲ့ရ၏။
ကျွန်ုပ်တို့ကို ချစ်၍ ကျေးဇူးတော်ဖြင့် ထာဝရနှစ်သိမ့်ခြင်းနှင့် ခိုင်မြဲသောမျှော်လင့်ခြင်းတို့ကို ပေးသနားတော်မူသော ကျွန်ုပ်တို့ အဖဘုရားသခင်နှင့် ကျွန်ုပ်တို့ သခင်ယေရှုခရစ်တော်ကိုယ်တိုင်သည်
ဤသည်မှာ ကျွန်ုပ်တို့သည် ကျေးဇူးတော်ကြောင့် ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရသဖြင့် ကျွန်ုပ်တို့ မျှော်လင့်သည့် ထာဝရအသက်ကို အမွေခံနိုင်ရန်ဖြစ်၏။
လူတိုင်းနှင့် သဟဇာတဖြစ်ရန်၊ သန့်ရှင်းသောဘဝနှင့်နေထိုင်ရန် အစွမ်းကုန်ကြိုးစားလော့။ မသန့်ရှင်းသောသူတို့သည် ထာဝရဘုရားကို ဖူးမြင်ရမည်မဟုတ်။
ဘုရားသခင်သည် မည်သည့်အခါမျှ မုသားမပြောသောကြောင့် မပြောင်းလဲသောအရာနှစ်ခုဖြစ်သည့် ကတိပြုခြင်းနှင့် သစ္စာဆိုခြင်းတို့ကို ပြုတော်မူ၏။ ထို့ကြောင့် ဘုရားသခင်ထံ ခိုလှုံရာရှာသော ကျွန်ုပ်တို့သည် ဘုရားသခင်ပေးသနားတော်မူသော မျှော်လင့်ချက်ကို စွဲမြဲစွာခံယူထားနိုင်ရန် အထူးယုံကြည်စိတ်ချကြ၏။
ထိုယဇ်ပုရောဟိတ်မင်းသည် သန့်ရှင်းသူ၊ အပြစ်ကင်းသူ၊ ဖြူစင်သူ၊ အပြစ်သားတို့နှင့် ခြားနားသူ၊ ကောင်းကင်ဘုံ၌ အကြီးမြတ်ဆုံးသော နေရာသို့ ချီးမြှောက်ခံရသူဖြစ်သောကြောင့် ကျွန်ုပ်တို့လိုအပ်နေသောယဇ်ပုရောဟိတ်မင်းမျိုး ဖြစ်၏။
ဘုရားသခင်ထံသို့ ချဉ်းကပ်လော့။ သို့ပြုလျှင် ဘုရားသခင်သည် သင်တို့ထံသို့ ချဉ်းကပ်တော်မူလိမ့်မည်။ အပြစ်သားတို့… သင်တို့လက်ကို ဆေးကြောကြလော့။ စိတ်နှစ်ခွရှိသောသူတို့… သင်တို့၏စိတ်နှလုံးသားကို သန့်ရှင်းစေကြလော့။
သင်တို့ကို ခေါ်တော်မူသောအရှင်သည် သန့်ရှင်းတော်မူသည်နည်းတူ သင်တို့သည်လည်း အရာရာကို ကျင့်ကြံပြုမူရာ၌ သန့်ရှင်းကြလော့။
ကျွန်ုပ်တို့ သခင်ယေရှုခရစ်တော်၏ခမည်းတော်ဘုရားသခင်ကို ချီးမွမ်းကြလော့။ ဘုရားသခင်သည် မိမိ၏ကြီးမြတ်သောကရုဏာတော်ကြောင့် သခင်ယေရှုခရစ်တော်ကို သေခြင်းမှ ရှင်ပြန်ထမြောက်စေတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့ကို အသစ်တစ်ဖန်မွေးဖွားစေပြီး ခိုင်မြဲသောမျှော်လင့်ချက်ရှိစေတော်မူ၏။
ကိုယ်တော်သည် မိမိ၏ ဘုန်းအသရေတော်နှင့် ကောင်းမြတ်တော်မူခြင်းအားဖြင့် အဖိုးတန်၍ ကြီးမြတ်သောကတိတော်ကို ကျွန်ုပ်တို့အား ပေးတော်မူ၏။ ဤသည်မှာ ထိုကတိတော်အားဖြင့် သင်တို့အား ဤလောကီတပ်မက်ခြင်းကြောင့် ဖြစ်သည့်ပျက်စီးခြင်းမှ လွတ်မြောက်၍ ဘုရားဖြစ်ခြင်းသဘော၌ ပါဝင်ပတ်သက်လာစေရန်ဖြစ်၏။
ထို့ကြောင့် ချစ်ရသောသူတို့… သင်တို့သည် ဤအရာများကို မျှော်လင့်နေသည်ဖြစ်၍ ကိုယ်တော်၏ ရှေ့တော်၌ အစွန်းအထင်း၊ အပြစ်အနာအဆာကင်းလျက် ငြိမ်းချမ်းစွာ ရှိနိုင်ရန် ကြိုးစားအားထုတ်ကြလော့။
ဘုရားသခင်နှင့် တပေါင်းတစည်းတည်းဖြစ်ကြောင်း ကြွေးကြော်သောသူသည် ယေရှုကဲ့သို့ အသက်ရှင်နေထိုင်ရမည်။
ကျွန်ုပ်တို့သည် ဤလောကတွင် ကိုယ်တော်ကဲ့သို့ ဖြစ်ကြ၍ ချစ်ခြင်းမေတ္တာတော်သည် ကျွန်ုပ်တို့၌ ပြည့်စုံနေသောကြောင့် တရားစီရင်တော်မူရာနေ့၌ စိတ်ချယုံကြည်မှု ရှိကြလိမ့်မည်။