Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ပေ 1:4 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

4 ကိုယ်တော်​သည် မိမိ​၏ ဘုန်းအသရေတော်​နှင့် ကောင်းမြတ်တော်မူခြင်း​အားဖြင့် အဖိုးတန်​၍ ကြီးမြတ်သော​ကတိတော်​ကို ကျွန်ုပ်တို့​အား ပေးတော်မူ၏။ ဤသည်​မှာ ထို​ကတိတော်​အားဖြင့် သင်တို့​အား ဤ​လောကီ​တပ်မက်ခြင်း​ကြောင့် ဖြစ်သည့်​ပျက်စီးခြင်း​မှ လွတ်မြောက်​၍ ဘုရားဖြစ်ခြင်း​သဘော​၌ ပါဝင်​ပတ်သက်လာ​စေရန်​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

4 ဤ​နည်း​အား​ဖြင့်​က​တိ​ထား​တော်​မူ​သော​အ​လွန် ကြီး​၍ အ​ဖိုး​ထိုက်​သည့်​ဆု​ကျေး​ဇူး​များ​ကို ကိုယ်​တော်​သည်​ငါ​တို့​အား​ပေး​တော်​မူ​၏။ ထို ဆု​ကျေး​ဇူး​အား​ဖြင့်​သင်​တို့​သည် ဤ​လော​က တွင်​ဖောက်​ပြန်​ပျက်​စီး​တတ်​သော​ကိ​လေ​သာ ဆိုး​ညစ်​မှု​များ​မှ​လွတ်​မြောက်​နိုင်​ကြ​လျက် ဘု​ရား​ဇာ​တိ​တွင်​ပါ​ဝင်​စေ​ရန်​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

4 တ ဏှာ ဖြင့် ဤ လော က တွင် ရှိ သော သင်္ခါ ရ တ ရား မှ သင် တို့ လွတ် မြောက်၍ ဘု ရား ဇာ တိ တော် ကို ဆက် ဆံ ရ စေ ခြင်း ငှာ ထို ဘုန်း တော် ဂုဏ် တော် အား ဖြင့် လွန် ကဲ မြင့် မြတ် သော က တိ တော် များ ကို လည်း သ နား တော် မူ လေ ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 ထို​သို့​သော​အား​ဖြင့်​လည်း အ​လွန်​ကြီး​မြတ်၍ အ​ဖိုး​ထိုက်​သော က​တိ​များ​ကို ငါ​တို့၌ အပ်​ပေး​တော်​မူ​ပြီ။ အ​ကြောင်း​မူ​ကား၊ ထို​က​တိ​တော်​များ​ကို အ​မှီ​ပြု၍ သင်​တို့​သည် လော​ကီ​တပ်​မက်​ခြင်း အ​ညစ်​အ​ကြေး​နှင့် ကင်း​လွတ်​သ​ဖြင့်၊ ဘု​ရား​ပ​က​တိ​ကို ဆက်​ဆံ​ရ​သော​သူ ဖြစ်​ကြ​မည်​အ​ကြောင်း​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 ကိုယ်တော်​သည် ထို​ဘုန်း​အသရေ​နှင့်​ကောင်းမြတ်​တော်မူ​ခြင်း​တို့​အားဖြင့် ကြီးမြတ်​၍ အဖိုးတန်​သော​ကတိ​တော်​များ​ကို ငါ​တို့​အား ပေး​သနား​တော်မူ​၏။ ဤသည်ကား ထို​ကတိ​တော်​အားဖြင့် သင်​တို့​သည် ဤ​ကမ္ဘာ​လောက​၌​ရှိ​သည့်​တပ်မက်​ခြင်း​ကြောင့် ဖြစ်ပေါ်​လာ​သော​ပျက်စီး​ခြင်း​မှ လွတ်မြောက်​၍ ဘုရား​ဇာတိ​အဖြစ်​တော်​ကို​မျှဝေ​ခံစား​သူ​များ​ဖြစ်လာ​ကြ​မည့်​အကြောင်း​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ပေ 1:4
25 ပူးပေါင်းရင်းမြစ်များ  

သူတို့​သည် ဘုရားသခင်​၏ သားသမီး​အဖြစ် ရွေးချယ်ခြင်း​ခံရသော အစ္စရေးလူမျိုးများ ဖြစ်ကြ၏။ ဘုရားသခင်​သည် မိမိ​၏​ဘုန်းအသရေတော်​ကို သူတို့​အား ဖော်ပြတော်မူ၏။ သူတို့​နှင့် ပဋိညာဉ်များ​ဖွဲ့​၍ ပညတ်တရား​ကိုလည်း ပေးတော်မူ၏။ ကိုးကွယ်​ရမည့်​နည်း​နှင့် မိမိ​၏​ကတိတော်များ​ကို သူတို့​အား ပေးတော်မူ၏။


ဘုရားသခင်​၏ ကတိတော်​ရှိသမျှတို့​သည် ထို​အရှင်​၌ “ဟုတ်၏” ဟူ၍ ဖြစ်ကြ၏။ ထို့ကြောင့် ကျွန်ုပ်တို့​သည် ဘုရားသခင်​၏ ဘုန်းတော်​ကို ထင်ရှား​စေရန် ခရစ်တော်​အားဖြင့် “အာမင်” ဟူ၍ ဆိုကြ၏။


ထို့ကြောင့် ပဝါ​ဖုံးအုပ်ခံရခြင်း​မရှိတော့သော ကျွန်ုပ်တို့​၏ မျက်နှာ​တွင် သခင်ဘုရား​၏ ဘုန်းတော်​ထင်ဟပ်​လျက်​ရှိ၏။ ဝိညာဉ်တော်​ဖြစ်သော သခင်ဘုရား​ထံတော်မှ ဆင်းသက်လာသည့် ဘုန်းအသရေ​သည် ကျွန်ုပ်တို့​ကို အစဉ်အမြဲ ဘုန်းအသရေ​တိုးပွားစေ​၍ ကိုယ်တော်​၏ ပုံသဏ္ဌာန်တော်​အတိုင်း ပြောင်းလဲ​စေလျက်​ရှိ၏။


ထို့ကြောင့် “သူတို့​အထဲမှ ထွက်​၍ သီးခြား​နေကြလော့။ မစင်ကြယ်သော​အရာ​ကို မထိကြနှင့်။ သို့ပြုလျှင် ငါ​သည် သင်တို့​ကို လက်ခံမည်။


ဘုရားသခင်​သည် အာဗြဟံ​နှင့် သူ​၏​မျိုးနွယ်​အတွက် ကတိပြုတော်မူ၏။ ထိုသို့ ကတိပြုတော်မူရာ​တွင် အများ​ကို ရည်ညွှန်း​၍ “အမျိုးအနွယ်များ” ဟု မိန့်တော်မမူဘဲ တစ်ယောက်သောသူ​ကိုသာ ရည်ညွှန်း​၍ “သင်​၏ အမျိုးအနွယ်” ဟု မိန့်တော်မူ၏။ ထို​တစ်ယောက်သောသူ​မှာ ခရစ်တော်​ဖြစ်၏။


လူ့​ဗီဇစိတ်​ကို အလို​လိုက်​၍ စိုက်ပျိုးသောသူ​သည် ဗီဇစိတ်​မှ ပျက်စီးခြင်း​ကို ရိတ်သိမ်းရ​လိမ့်မည်။ ဝိညာဉ်တော်​၏ အလိုတော်​အတိုင်း စိုက်ပျိုးသောသူ​သည် ဝိညာဉ်တော်​ထံမှ ထာဝရ​အသက်​ကို ရိတ်သိမ်းရ​လိမ့်မည်။


ကျွန်ုပ်တို့​အားလုံး​သည် ယုံကြည်ခြင်း​နှင့် ဘုရားသခင်​၏ သားတော်​ကို သိကျွမ်းခြင်းတို့​၌ တညီတညွတ်တည်း ဖြစ်သည့်​တိုင်အောင်​လည်းကောင်း၊ ရင့်ကျက်သည့်​တိုင်အောင်​လည်းကောင်း၊ ခရစ်တော်​၏ ပြည့်စုံခြင်း​စံနှုန်း​ကို မီသည့်​တိုင်အောင်​လည်းကောင်း ဤ​တာဝန်​မှာ ဆက်လက်​ရှိနေမည် ဖြစ်၏။


လူသစ်​ကို ဝတ်ဆင်ကြပြီ။ ဘုရားသခင်​ကို မှန်ကန်​စွာ သိနိုင်​ရန် ထို​လူသစ်​သည် ဖန်ဆင်းရှင်​၏ ပုံသဏ္ဌာန်တော်​နှင့်​အညီ အစဉ် အသစ်​ပြုပြင်​မွမ်းမံခံရ၏။


ကျွန်ုပ်တို့​၏​ဖခင်များ​သည် ကောင်းသည်​ဟု ထင်မြင်ကြသည့်​အတိုင်း ကျွန်ုပ်တို့​အား ခေတ္တ​မျှ​ဆုံးမတတ်ကြ၏။ သို့သော် ဘုရားသခင်​ကမူ ကျွန်ုပ်တို့​အား မိမိ​ကဲ့သို့ သန့်ရှင်း​စေရန် ကျွန်ုပ်တို့​၏​ကောင်းကျိုး​အတွက် ဆုံးမတော်မူ၏။


ဤသို့ဖြင့် ရွေးချယ်ခြင်း​ခံရသူများ​သည် ဘုရားသခင် ကတိပြုတော်မူသော ထာဝရ​အမွေကို ရရှိ​နိုင်ရန် ခရစ်တော်​သည် ပဋိညာဉ်သစ်​၏ ကြားဝင်​စေ့စပ်သူ​ဖြစ်တော်မူ၏။ အကြောင်း​မှာ ခရစ်တော်​သည် ထို​ပထမ​ပဋိညာဉ်​အောက်​တွင် လူတို့​ကျူးလွန်ခဲ့သော အပြစ်များ​ကို လွတ်မြောက်​စေရန် အသေခံတော်မူခဲ့​သောကြောင့်​ဖြစ်၏။


ခမည်းတော်​ဘုရားသခင်​ရှေ့တော်​၌ သန့်ရှင်း​စင်ကြယ်သော​ဘာသာတရား​ကိုင်းရှိုင်းခြင်း​မှာ ဆင်းရဲဒုက္ခ​ကြုံနေသည့် မိဘမဲ့​နှင့် မုဆိုးမတို့​ကို ကြည့်ရှု​ပြုစုခြင်း၊ မိမိ​ကိုယ်တိုင်​ကိုလည်း လောကီ​ညစ်ညူးခြင်းတို့​မှ ကင်းစင်စေခြင်း​ဖြစ်၏။


ကျွန်ုပ်​သည် ယေရှု​ခရစ်တော်​၏ အစေခံ​နှင့် တမန်တော် ရှိမုန်​ပေတရု​ဖြစ်၏။ ကျွန်ုပ်တို့​၏ ဘုရားသခင်​နှင့် ကယ်တင်ရှင်​ဖြစ်တော်မူသော ယေရှု​ခရစ်တော်​၏ ဖြောင့်မတ်ခြင်း​အားဖြင့် ကျွန်ုပ်တို့​၏​ယုံကြည်ခြင်း​ကဲ့သို့ တန်ဖိုး​ရှိသည့် ယုံကြည်ခြင်း​ကို လက်ခံရရှိသော​သူတို့​ထံသို့ ကျွန်ုပ်​စာရေးလိုက်၏။


သို့သော် ကျွန်ုပ်တို့​သည် ကိုယ်တော်​၏ ကတိတော်​အတိုင်း ဖြောင့်မတ်ခြင်းတရား​တည်ရှိရာ ကောင်းကင်သစ်​နှင့် မြေကြီးသစ်​ကို စောင့်မျှော်နေကြ၏။


လူတချို့ ထင်မှတ်​သကဲ့သို့ ထာဝရဘုရား​သည် မိမိ​ကတိတော်​အတိုင်း​ပြု​ရန် နှောင့်နှေးတော်မူသည်​မဟုတ်။ ကိုယ်တော်​သည် မည်သူ​မျှ မပျက်စီးဘဲ လူတိုင်း နောင်တရ​စေရန် အလိုတော်​ရှိ​၍ သင်တို့​အပေါ် စိတ်ရှည်တော်မူခြင်း​သာ​ဖြစ်၏။


ဤသည်​မှာ ကျွန်ုပ်တို့​အား ခရစ်တော်​ကတိပြုတော်မူသည့် ထာဝရ​အသက်​ဖြစ်၏။


ချစ်ရသော​သူတို့… ယခု ကျွန်ုပ်တို့​သည် ဘုရားသခင်​၏​သားသမီးများ​ဖြစ်ကြပြီး အနာဂတ်​တွင် မည်သို့​ဖြစ်မည်​ကို သေချာ​စွာ မသိရသေးပေ။ သို့သော် ခရစ်တော်​ကြွလာ​သောအခါ ကိုယ်တော်​ဖြစ်တော်မူသည်​အတိုင်း ဖူးမြင်ကြရမည်​ဖြစ်​၍ ကျွန်ုပ်တို့​သည် ကိုယ်တော်​နှင့်​တူကြ​လိမ့်မည်​ကို သိကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ