‘ကိုယ်နှင့်သက်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့။ ရန်သူကို မုန်းလော့’ ဟူသည့် ပညတ်တော်ကို သင်တို့ကြားရပြီ။
၁ ယော 2:7 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ချစ်ရသောသူတို့… သင်တို့ထံ ကျွန်ုပ်ရေးပို့လိုက်သော ပညတ်သည် ပညတ်သစ်မဟုတ်။ အစဦးကပင် သင်တို့၌ ရှိသော ပညတ်ဟောင်းဖြစ်၏။ ဤပညတ်ဟောင်းသည် သင်တို့ကြားခဲ့ပြီးသော တရားတော်ဖြစ်၏။ Common Language Bible ချစ်ဆွေတို့၊ သင်တို့ထံသို့ငါစာရေးသား ဖော်ပြနေသည့်ပညတ်သည်အသစ်မဟုတ်။ အစမူလကတည်းကသင်တို့ရရှိထား ကြသည့်ပညတ်ဟောင်းဖြစ်၏။ ထိုပညတ် ဟောင်းကား သင်တို့ကြားနာခဲ့ရသည့် တရားတော်ပင်ဖြစ်ပေသည်။- Garrad Bible ချစ် သူ တို့၊ ပ ညတ် သစ် ကို မ ဟုတ်၊ အ စ အ ဦး က သင် တို့ ရ ရှိ ရင်း ပ ညတ် တော် ဟောင်း ကို ငါ ရေး လိုက်၏။ ထို ပ ညတ် တော် ဟောင်း ကား သင် တို့ ကြား နာ ခဲ့ ရာ တ ရား တော် တည်း။ Judson Bible ချစ်သူတို့၊ သင်တို့အား ငါရေးထားသော ပညတ်သည် ပညတ်သစ်မဟုတ်။ ရှေ့ဦးစွာကပင် သင်တို့၌ရှိသော ပညတ်ဟောင်းဖြစ်၏။ ပညတ်ဟောင်းကား၊ ရှေ့ဦးစွာကပင် သင်တို့ကြားရသော ဒေသနာတော်ဖြစ်၏။- မြန်မာ့စံမီသမ္မာကျမ်း ချစ်ရသောသူတို့၊ သင်တို့ထံ ငါရေးလိုက်သောပညတ်သည် ပညတ်သစ်မဟုတ်။ အစအဦးကပင် သင်တို့၌ရှိသော ပညတ်ဟောင်းသာဖြစ်၏။ ထိုပညတ်ဟောင်းသည် သင်တို့ကြားခဲ့ရသော နှုတ်ကပတ်တော်ဖြစ်၏။ |
‘ကိုယ်နှင့်သက်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့။ ရန်သူကို မုန်းလော့’ ဟူသည့် ပညတ်တော်ကို သင်တို့ကြားရပြီ။
ထို့ကြောင့် ‘သင်တို့သည် အချင်းချင်းချစ်ကြလော့။ ငါသည် သင်တို့ကို ချစ်သည့်နည်းတူ သင်တို့သည်လည်း အချင်းချင်းချစ်ကြလော့’ ဟူသော ပညတ်အသစ်ကို သင်တို့အား ငါပေး၏။
ထို့နောက် သူတို့သည် ပေါလုကို အာရေပါဂုတရားလွှတ်တော်သို့ ခေါ်သွားကြပြီးလျှင် သူတို့က “သင်ဟောပြောနေသော အယူဝါဒသစ်အကြောင်းကို ငါတို့သိပါရစေ။
ချစ်ရသောသူတို့… ဤသို့ ကျွန်ုပ်တို့ပြောဆိုသော်လည်း သင်တို့မှာမူ ကယ်တင်ခြင်းနှင့် သက်ဆိုင်သည့် ပို၍ကောင်းသောအရာများ ရှိကြသည်ကို ကျွန်ုပ်တို့အခိုင်အမာယုံကြည်ကြ၏။
ထို့ကြောင့် အစဦးကပင် ကြားခဲ့ရသော အရာကို သင်တို့၌ တည်စေကြလော့။ ထိုသို့တည်လျှင် သင်တို့သည် သားတော်၌လည်းကောင်း၊ ခမည်းတော်၌လည်းကောင်း တည်နေလိမ့်မည်။
“ကျွန်ုပ်တို့အချင်းချင်း ချစ်ကြရမည်” ဟူသော ဤတရားစကားသည် အစဦးကပင် သင်တို့ ကြားခဲ့ရသောအရာ ဖြစ်၏။
ချစ်ရသောသူတို့… ယခု ကျွန်ုပ်တို့သည် ဘုရားသခင်၏သားသမီးများဖြစ်ကြပြီး အနာဂတ်တွင် မည်သို့ဖြစ်မည်ကို သေချာစွာ မသိရသေးပေ။ သို့သော် ခရစ်တော်ကြွလာသောအခါ ကိုယ်တော်ဖြစ်တော်မူသည်အတိုင်း ဖူးမြင်ကြရမည်ဖြစ်၍ ကျွန်ုပ်တို့သည် ကိုယ်တော်နှင့်တူကြလိမ့်မည်ကို သိကြ၏။
ချစ်ရသောသူတို့… ကျွန်ုပ်တို့သည် “အပြစ်ရှိသည်” ဟု မခံစားရလျှင် ကျွန်ုပ်တို့သည် ဘုရားသခင်ရှေ့တော်သို့ စိတ်ချယုံကြည်မှုဖြင့် ချဉ်းကပ်နိုင်ကြ၏။
ဘုရားသခင် ပညတ်တော်မူသည်မှာ သားတော်ယေရှုခရစ်တော်၏ နာမတော်ကို ယုံကြည်၍ ကျွန်ုပ်တို့ကို ပညတ်တော်မူသည့်အတိုင်း အချင်းချင်း ချစ်ကြရန် ဖြစ်၏။
ချစ်ရသောသူတို့… ဝိညာဉ်တော်အားဖြင့် ဟောပြောသည်ဟု ပြောဆိုသူတိုင်းကို မယုံကြနှင့်။ ထိုဝိညာဉ်တို့သည် ဘုရားသခင်ထံမှ လာသောဝိညာဉ်တော်ဟုတ်မဟုတ်ကို စမ်းသပ်ကြလော့။ အဘယ်ကြောင့်ဆိုသော် ပရောဖက်အတုအယောင်များစွာတို့သည် ဤလောက၌ ပေါ်လာကြသောကြောင့်ဖြစ်၏။
ချစ်ရသောသူတို့… ဘုရားသခင်သည် ကျွန်ုပ်တို့ကို ဤမျှလောက် ချစ်သောကြောင့် ကျွန်ုပ်တို့သည်လည်း အချင်းချင်း ချစ်ကြရမည်။
“ဘုရားသခင်ကို ချစ်သောသူသည် ညီအစ်ကိုမောင်နှမကိုလည်း ချစ်ရမည်” ဟူသည့် ပညတ်တော်ကို ကိုယ်တော်သည် ကျွန်ုပ်တို့အား ပေးတော်မူ၏။
ချစ်ရသောသူတို့… ချစ်ခြင်းမေတ္တာသည် ဘုရားသခင်ထံမှ ဖြစ်သောကြောင့် ကျွန်ုပ်တို့သည် အချင်းချင်း ချစ်ကြပါစို့။ ချစ်တတ်သောသူတိုင်းသည် ဘုရားသခင်ထံမှ ဖြစ်ပွားလာသောသူဖြစ်ပြီး ဘုရားသခင်ကို သိသောသူလည်းဖြစ်၏။