အစေအပါးသည် ထိုသို့ဆောင်ရွက်ပြီးနောက် သူက ‘သခင်… နေရာလွတ်များ ကျန်ရှိနေသေးသည်’ ဟု ပြန်ပြော၏။
၁ ယော 2:2 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကိုယ်တော်သည် ကျွန်ုပ်တို့၏အပြစ်များအတွက်သာမက လောကီသားအပေါင်းတို့၏အပြစ်များအတွက်လည်း အပြစ်ဖြေရာယဇ်ဖြစ်တော်မူ၏။ Common Language Bible ကိုယ်တော်သည်ငါတို့၏အပြစ်များသာမက ကမ္ဘာသူကမ္ဘာသားအပေါင်းတို့၏အြုပစ်ပြေ ရာပြေကြောင်းပူဇော်ဆက်ကပ်တော်မူသော အရှင်ဖြစ်တော်မူ၏။ Judson Bible ထိုသခင်သည် ငါတို့၏အပြစ်မက၊ လောကီသားအပေါင်းတို့၏ အပြစ်ဖြေစရာအကြောင်း ဖြစ်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုအရှင်သည် ငါတို့အပြစ်များအတွက် အသနားခံခြင်းပူဇော်သက္ကာဖြစ်တော်မူ၏။ ငါတို့အပြစ်များအတွက်သာမက လောကီသားအပေါင်းတို့၏အပြစ်များအတွက်လည်း ဖြစ်တော်မူ၏။ |
အစေအပါးသည် ထိုသို့ဆောင်ရွက်ပြီးနောက် သူက ‘သခင်… နေရာလွတ်များ ကျန်ရှိနေသေးသည်’ ဟု ပြန်ပြော၏။
နောက်တစ်နေ့တွင် မိမိထံသို့ ယေရှုကြွလာသည်ကို မြင်သောအခါ ယောဟန်က “ဤကမ္ဘာလောက၏ အပြစ်ကို ချေဖျက်သော ဘုရားသခင်၏ သိုးသငယ်တော်ကို ကြည့်လော့။
ငါသည်လည်း မြေမှ မြှောက်ထားခြင်းခံရသောအခါ လူအပေါင်းတို့ကို ငါ့ထံသို့ ဆွဲခေါ်မည်” ဟု မိန့်တော်မူ၏။
ထိုသူတို့က အမျိုးသမီးအား “ယခု ငါတို့ယုံကြည်ကြသည်မှာ သင့်စကားကြောင့်မဟုတ်တော့ဘဲ ငါတို့ကိုယ်တိုင် ကြားနာရသောကြောင့်ဖြစ်၏။ ဤအရှင်သည် ကမ္ဘာလောက၏ကယ်တင်ရှင် အမှန်ဖြစ်ကြောင်း ယခုငါတို့သိရပြီ” ဟု ဆိုကြ၏။
ထို့ကြောင့် ကိုယ်တော်သည် အရာရာတိုင်း၌ မိမိညီအစ်ကိုမောင်နှမတို့နှင့် တူရ၏။ ဤနည်းဖြင့် ကိုယ်တော်သည် လူတို့၏အပြစ်များကို ဖြေလွှတ်ပေးရန် ဘုရားသခင်၏အမှုတော်တွင် ကရုဏာနှင့် သစ္စာရှိသော ယဇ်ပုရောဟိတ်မင်းဖြစ်လာရ၏။
ကျွန်ုပ်တို့သည် အပြစ်မကျူးလွန်တော့ဘဲ ဖြောင့်မတ်စွာ ပြုမူနေထိုင်နိုင်ရန် ကိုယ်တော်သည် သစ်တိုင်ပေါ်၌ အသေခံခြင်းအားဖြင့် ကိုယ်ခန္ဓာတော်၌ ကျွန်ုပ်တို့၏အပြစ်များအတွက် ပြစ်ဒဏ်ခံတော်မူ၏။ ကိုယ်တော်၏ဒဏ်ရာဒဏ်ချက်များကြောင့် သင်တို့သည် အနာပျောက်ကင်းကြ၏။
အဘယ်ကြောင့်ဆိုသော် ခရစ်တော်သည်လည်း အပြစ်အတွက် တစ်ကြိမ်တည်းနှင့်အပြီး အသေခံတော်မူသောကြောင့်ဖြစ်၏။ သင်တို့ကို ဘုရားသခင်ထံ ပို့ဆောင်ရန် ဖြောင့်မတ်သောအရှင်သည် မဖြောင့်မတ်သောသူတို့ကိုယ်စား အသေခံတော်မူ၏။ ထိုသို့ ခန္ဓာအားဖြင့် သေသော်လည်း ဝိညာဉ်အားဖြင့် ပြန်ရှင်တော်မူ၏။
သို့ရာတွင် ဘုရားသခင်သည် အလင်းတွင် ရှိတော်မူသကဲ့သို့ ကျွန်ုပ်တို့သည်လည်း အလင်းတွင် ကျင်လည်ကြလျှင် အချင်းချင်း မိတ်သဟာယဖွဲ့ခြင်းရှိသဖြင့် သားတော်ယေရှု၏အသွေးတော်သည် ကျွန်ုပ်တို့ကို အပြစ်အားလုံးမှ ကင်းစင်စေတော်မူ၏။
ကိုယ်တော်သည် ကျွန်ုပ်တို့၏အပြစ်များကို ချေဖျက်ရန် ကြွလာတော်မူသည်ကို သင်တို့သိကြ၏။ ကိုယ်တော်၌ မည်သည့်အပြစ်မျှ မရှိ။
ချစ်ခြင်းမေတ္တာဟူသည်မှာ ဘုရားသခင်အပေါ် ထားသော ကျွန်ုပ်တို့၏ ချစ်ခြင်းမေတ္တာကို မဆိုလို။ ကျွန်ုပ်တို့၏ အပြစ်အတွက် အပြစ်ဖြေရာယဇ်အဖြစ် သားတော်ကို စေလွှတ်တော်မူ၍ ကျွန်ုပ်တို့အပေါ်ထားသော ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ဆိုလို၏။
ခမည်းတော်သည် သားတော်ကို ဤလောက၏ကယ်တင်ရှင်ဖြစ်ရန် စေလွှတ်တော်မူခဲ့သည်ကို ကျွန်ုပ်တို့မြင်၍ သက်သေခံကြ၏။
ကျွန်ုပ်တို့သည် ဘုရားသခင်၏သားသမီးများဖြစ်ကြောင်းနှင့် လောကီသားအပေါင်းတို့သည် မာရ်နတ်၏ထိန်းချုပ်မှုအောက်တွင် ရှိနေကြောင်း ကျွန်ုပ်တို့သိကြ၏။
ထိုနဂါးသည် တစ်ကမ္ဘာလုံးကို လှည့်ဖြားသည့် မာရ်နတ်၊ သို့မဟုတ် စာတန် ဟုခေါ်သော ရှေးမြွေဟောင်းဖြစ်ပြီး သူ၏ တမန်များနှင့်အတူ ကမ္ဘာမြေပေါ်သို့ ပစ်ချခံခဲ့ရ၏။