ငါ့အတွက်ကြောင့် မိမိအိမ်များ၊ မြေများ၊ ညီအစ်ကိုမောင်နှမများ၊ မိခင်၊ ဖခင်၊ သားသမီးများ စသဖြင့် တစ်စုံတစ်ရာကို စွန့်လွှတ်သောသူတို့သည် ဤဘဝ၌ အဆတစ်ရာ အကျိုးခံစားရသည်သာမက ထာဝရအသက်ကိုလည်း ရရှိလိမ့်မည်။
၁ ပေ 3:9 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အဆိုးကို အဆိုးဖြင့်လည်းကောင်း၊ ကဲ့ရဲ့ခြင်းကို ကဲ့ရဲ့ခြင်းဖြင့်လည်းကောင်း မတုံ့ပြန်ကြနှင့်။ ကောင်းချီးကိုသာ ပေးကြလော့။ သင်တို့သည် ဤသို့ပြုရန် ရွေးကောက်တော်မူခြင်းခံရ၏။ သို့ပြုလျှင် သင်တို့သည် ကောင်းချီးမင်္ဂလာကို ခံစားရလိမ့်မည်။ Common Language Bible အဆိုးကိုအဆိုးအားဖြင့်လည်းကောင်း၊ ကျိန် ဆဲခြင်းကိုကျိန်ဆဲခြင်းအားဖြင့်လည်းကောင်း တုံ့ပြန်ခြင်းမပြုကြနှင့်။ ယင်းသို့ပြုမည့် အစားကောင်းချီးပေးကြလော့။ အဘယ်ကြောင့် ဆိုသော် ဘုရားသခင်ကတိထားတော်မူသည့် ကောင်းချီးမင်္ဂလာကိုခံစားစေရန် သင်တို့ အားကိုယ်တော်ခေါ်ယူရွေးကောက်တော်မူခဲ့ သောကြောင့်တည်း။- Garrad Bible တုံ့ ပြန်၍ အ ဆိုး မ ပြု မ ကဲ့ ရဲ့ ဘဲ ကောင်း ကြီး မင်္ဂ လာ ကို အ မွေ ခံ စေ ရန် ခေါ် ထား တော် မူ သူ များ ဖြစ် သော ကြောင့် ကောင်း ကြီး ပေး ကြ လော့။ Judson Bible သင်တို့သည် ကောင်းချီးမင်္ဂလာကို အမွေခံစေခြင်းအလိုငှာ ခေါ်တော်မူသောသူ ဖြစ်သည်ဟု သိမှတ်၍၊ အချင်းချင်း ရန်တုံ့မမူ၊ ပြန်၍ မကဲ့ရဲ့၊ မေတ္တာပို့ခြင်းကို ပြုကြလော့။- မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် ကောင်းချီးမင်္ဂလာကို အမွေဆက်ခံရမည့်အကြောင်း ခေါ်ယူတော်မူခြင်းခံရသည်ဖြစ်၍ အဆိုးကို အဆိုးဖြင့်လည်းကောင်း၊ ကဲ့ရဲ့ပြစ်တင်ခြင်းကို ကဲ့ရဲ့ပြစ်တင်ခြင်းဖြင့်လည်းကောင်း မတုံ့ပြန်ဘဲ ကောင်းချီးကိုသာပေးကြလော့။ |
ငါ့အတွက်ကြောင့် မိမိအိမ်များ၊ မြေများ၊ ညီအစ်ကိုမောင်နှမများ၊ မိခင်၊ ဖခင်၊ သားသမီးများ စသဖြင့် တစ်စုံတစ်ရာကို စွန့်လွှတ်သောသူတို့သည် ဤဘဝ၌ အဆတစ်ရာ အကျိုးခံစားရသည်သာမက ထာဝရအသက်ကိုလည်း ရရှိလိမ့်မည်။
ထို့နောက် ရှင်ဘုရင်က သူ၏ လက်ယာတော်ဘက်၌ ရှိသောသူတို့အား ‘ငါ့ခမည်းတော်၏ ကောင်းချီးမင်္ဂလာကို ခံစားရသူတို့… လာကြလော့။ ကမ္ဘာတည်ကတည်းကပင် သင်တို့အဖို့ ပြင်ဆင်ထားသော နိုင်ငံတော်ကို အမွေဆက်ခံကြလော့။
သို့သော်လည်း သင်တို့အား ငါပြောဆိုသည်မှာ မကောင်းသောသူကို အတိုက်အခံမပြုကြနှင့်။ သင်၏ ပါးတစ်ဖက်ကို ရိုက်သောသူအား အခြားတစ်ဖက်ကိုလည်း လှည့်ပေးလော့။
သို့ရာတွင် သင်တို့အား ငါပြောဆိုသည်မှာ သင်တို့၏ရန်သူကို ချစ်၍ သင်တို့ကို ညှဉ်းပန်းနှိပ်စက်သောသူများအတွက် ဆုတောင်းမေတ္တာပို့လော့။
ကိုယ်တော်သည် ဂျေရုဆလင်မြို့သို့ ခရီးပြုရန် ထွက်ခွာတော်မူသောအခါ လူတစ်ဦးသည် ကိုယ်တော်ထံသို့ ပြေးလာ၍ ဒူးထောက်ပြီးလျှင် “ကောင်းမြတ်သောဆရာတော်… ထာဝရအသက်ကို ရရှိရန် အကျွန်ုပ်သည် မည်သို့ပြုရပါမည်နည်း” ဟု မေးလျှောက်လေ၏။
တစ်နေ့၌ ကျမ်းတတ်ပညာရှင်တစ်ဦးသည် ကိုယ်တော်ကို စမ်းသပ်ရန် “ဆရာတော်… ထာဝရအသက်ကို ရရှိရန် အကျွန်ုပ်သည် မည်သို့ပြုရပါမည်နည်း” ဟု မေးလျှောက်လေ၏။
ဘာသာရေးခေါင်းဆောင်တစ်ဦးက ယေရှုအား “ကောင်းမြတ်သောဆရာတော်… ထာဝရအသက်ကို ရရှိရန် မည်သို့ပြုရပါမည်နည်း” ဟု မေးလျှောက်၏။
သင်တို့ကို ညှဉ်းပန်းနှိပ်စက်သောသူတို့ကို မေတ္တာပို့ကြလော့။ သူတို့ကို မကျိန်ဆဲဘဲ မေတ္တာပို့ကြလော့။
ရန်ကို ရန်ချင်း မတုံ့ပြန်နှင့်။ လူအပေါင်းတို့က မွန်မြတ်သည်ဟု လက်ခံထားသောအပြုအမူကို ပြုကျင့်ကြလော့။
ဘုရားသခင်ကို ချစ်၍ အကြံအစည်တော်နှင့်အညီ ရွေးကောက်ခြင်းခံရသောသူတို့ တွေ့ကြုံခံစားရသော အမှုခပ်သိမ်းတို့မှ ကောင်းကျိုးထွက်ပေါ်စေရန် ဘုရားသခင်သည် သူတို့နှင့်အတူ လုပ်ဆောင်တော်မူကြောင်း ကျွန်ုပ်တို့သိကြ၏။
ထိုသို့ ဘုရားသခင်သည် မိမိရွေးကောက်ထားသောသူတို့ကို ခေါ်တော်မူ၏။ ခေါ်တော်မူပြီးနောက် ဖြောင့်မတ်သည်ဟု သတ်မှတ်တော်မူ၏။ ဖြောင့်မတ်သည်ဟု သတ်မှတ်တော်မူပြီးနောက် ဘုန်းအသရေကို ပေးတော်မူ၏။
ဤသို့ ရွေးနုတ်တော်မူခြင်းမှာ လူမျိုးခြားတို့သည် ယေရှုခရစ်တော်အားဖြင့် အာဗြဟံခံစားရသော ကောင်းချီးမင်္ဂလာကို ခံစားနိုင်ရန်လည်းကောင်း၊ ကျွန်ုပ်တို့အားလုံးသည် ဘုရားသခင်ကတိထားတော်မူသော ဝိညာဉ်တော်ကို ယုံကြည်ခြင်းအားဖြင့် ခံယူရရှိနိုင်ရန်လည်းကောင်းဖြစ်၏။
သင်တို့သည် တစ်ဦးကို တစ်ဦး ကျေးဇူးပြုကြလော့။ သနားကြင်နာကြလော့။ ဘုရားသခင်သည် ခရစ်တော်ကြောင့် သင်တို့ကို ခွင့်လွှတ်တော်မူသကဲ့သို့ သင်တို့သည်လည်း တစ်ဦးကို တစ်ဦး ခွင့်လွှတ်ကြလော့။
အဆိုးကို အဆိုးဖြင့် မတုံ့ပြန်ကြနှင့်။ အချင်းချင်းအတွက်ဖြစ်စေ၊ လူတိုင်းအတွက်ဖြစ်စေ အကျိုးရှိသောအရာများကို အမြဲကြိုးစားလုပ်ဆောင်ကြလော့။
သင်တို့သိသည့်အတိုင်း ဧသောသည် နောက်မှ ဖခင်၏ ကောင်းချီးကို အမွေဆက်ခံလိုသော်လည်း ငြင်းပယ်ခံရ၏။ မျက်ရည်ကျ၍ တောင်းသော်လည်း ဖခင်၏စိတ်ကို မပြောင်းလဲနိုင်ပေ။
“ငါသည် သင့်ကို ကောင်းချီးပေးပြီး သင်၏မျိုးဆက်ကို တိုးပွားများပြားစေမည်” ဟု မိန့်တော်မူ၏။
သို့သော် ဘုရားသခင်သည် သင်တို့ကို ခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်စေလျက် မိမိ၏ထာဝရတည်သောဘုန်းအသရေတော်ကို မျှဝေခံစားစေရန် ရွေးကောက်တော်မူ၏။ ထိုကျေးဇူးတော်အပေါင်း၏အရှင် ဘုရားသခင်ကိုယ်တော်တိုင်သည် ခဏတာ ဆင်းရဲဒုက္ခခံပြီးသော သင်တို့အား ပြီးပြည့်စုံစေ၍ ကြံ့ကြံ့ခိုင် ရပ်တည်မြဲမြံစေတော်မူလိမ့်မည်။