ထိုအချိန်၌ ပိလတ်မင်းသည် တရားခွင်တွင် ထိုင်နေစဉ် သူ၏ ဇနီးက “ထိုအပြစ်ကင်းသောသူအား မည်သည့်အရာကိုမျှ မပြုနှင့်။ အဘယ်ကြောင့်ဆိုသော် ငါသည် မနေ့ညက အိပ်မက်တွင် ထိုသူနှင့်ပတ်သက်၍ အလွန်စိတ်ဒုက္ခရောက်ရပါ၏” ဟု ပိလတ်မင်းထံသို့ သတင်းပို့လေ၏။
၁ ပေ 2:22 - ခေတ်သစ်မြန်မာ သမ္မာကျမ်း “ကိုယ်တော်သည် အပြစ်မကျူးလွန်။ မည်သည့်အခါမျှ မလိမ်လည်။” Common Language Bible ကိုယ်တော်သည်အပြစ်မကူး၊ မုသားကို လည်းအဘယ်အခါ၌မျှသုံးတော်မမူ။- Garrad Bible ထို အ ရှင် သည် အ ပြစ် ကို မ ပြု နှုတ် ထွက် တော် လည်း လှည့် စား ခြင်း မ တည်။ Judson Bible ထိုသခင်သည် ဒုစရိုက်ကိုမပြု၊ နှုတ်တော်၌လည်း မုသားကိုရှာမတွေ့၊ ကဲ့ရဲ့ခြင်းကို ခံရသောအခါ ပြန်၍မကဲ့ရဲ့။- မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် အပြစ်ကိုမပြု။ ကိုယ်တော်၏နှုတ်တော်၌ မုသားကိုမတွေ့ရ။ |
ထိုအချိန်၌ ပိလတ်မင်းသည် တရားခွင်တွင် ထိုင်နေစဉ် သူ၏ ဇနီးက “ထိုအပြစ်ကင်းသောသူအား မည်သည့်အရာကိုမျှ မပြုနှင့်။ အဘယ်ကြောင့်ဆိုသော် ငါသည် မနေ့ညက အိပ်မက်တွင် ထိုသူနှင့်ပတ်သက်၍ အလွန်စိတ်ဒုက္ခရောက်ရပါ၏” ဟု ပိလတ်မင်းထံသို့ သတင်းပို့လေ၏။
“ကျွန်ုပ်သည် အပြစ်ကင်းသောသူကို သစ္စာဖောက်၍ အပြစ်ကျူးလွန်မိပါပြီ” ဟု ဆို၏။ သို့သော် ထိုသူတို့က “ဤကိစ္စသည် ငါတို့နှင့် မည်သို့ဆိုင်သနည်း။ သင့်ကိစ္စကို သင်ကိုယ်တိုင် ဖြေရှင်းလော့” ဟု ဆိုကြ၏။
ငါတို့သည် အမှန်ပင် ကိုယ့်ပြစ်မှုများအတိုင်း ထိုက်သင့်သည့်ပြစ်ဒဏ်ကို တရားစွာခံရကြ၏။ သို့သော် ဤသူသည် မည်သည့်ပြစ်မှုကိုမျှ မကျူးလွန်ပါ” ဟု ပြောဆိုဆုံးမ၏။
ဤအဖြစ်အပျက်ကို ရောမတပ်မှူးသည် မြင်တွေ့သောအခါ “ဤသူသည် အမှန်ပင်ဖြောင့်မတ်သောသူ ဖြစ်သည်” ဟု ဆိုကာ ဘုရားသခင်ကိုချီးမွမ်းလေ၏။
မိမိထံသို့ နာသနေလချဉ်းကပ်လာသည်ကို မြင်တော်မူသောအခါ ယေရှုက “ရိုးသားလှသော အစ္စရေးအမျိုးသားစစ်စစ်ကို ကြည့်ကြလော့” ဟု မိန့်တော်မူ၏။
သင်တို့အထဲမှ မည်သူသည် ငါ့ထံတွင် အပြစ်ရှိသည်ဟု စွပ်စွဲမည်နည်း။ ငါသည် သမ္မာတရားကို ပြောဆိုနေသည်မှန်လျှင် အဘယ်ကြောင့် သင်တို့မယုံကြည်ကြသနည်း။
ဘုရားသခင်သည် ကျွန်ုပ်တို့အတွက် အပြစ်ကင်းသောအရှင်ကို အပြစ်ဖြစ်စေတော်မူ၏။ ဤသို့ ဖြစ်စေတော်မူခြင်းမှာ ထိုအရှင်အားဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရရန်ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့၏ ယဇ်ပုရောဟိတ်မင်းသည် ကျွန်ုပ်တို့၏ အားနည်းချက်များကို မစာနာမထောက်ထားနိုင်သူ မဟုတ်။ ကိုယ်တော်သည် ကျွန်ုပ်တို့နည်းတူ ဖြားယောင်းသွေးဆောင်မှုအမျိုးမျိုးကို တွေ့ကြုံခဲ့သောအရှင်ဖြစ်တော်မူ၏။ သို့သော် ကိုယ်တော်သည် အပြစ်နှင့်ကင်းလွတ်တော်မူ၏။
ခရစ်တော်သည် လူများစွာတို့၏ အပြစ်များကို ဖြေလွှတ်ရန် မိမိကိုယ်ကိုယ် တစ်ကြိမ်တည်းသာ ပူဇော်တော်မူ၏။ ထို့နောက် အပြစ်များကို ဖယ်ရှားရန် မဟုတ်ဘဲ ကိုယ်တော်ကို စောင့်မျှော်နေသူတို့အား ကယ်တင်ရန် ဒုတိယအကြိမ်ပေါ်ထွန်းတော်မူလိမ့်မည်။
ကျွန်ုပ်၏သားသမီးတို့… သင်တို့ အပြစ်မကျူးလွန်စေရန် ဤအကြောင်းအရာများကို ကျွန်ုပ်ရေးလိုက်၏။ သို့သော် တစ်စုံတစ်ယောက်အပြစ်ကျူးလွန်လျှင် ခမည်းတော်ထံတွင် ကျွန်ုပ်တို့အတွက် ကူညီမစမည့်သူဖြစ်သည့် ဖြောင့်မတ်သောအရှင် ယေရှုခရစ်တော်ရှိ၏။
ကိုယ်တော်သည် ကျွန်ုပ်တို့၏အပြစ်များကို ချေဖျက်ရန် ကြွလာတော်မူသည်ကို သင်တို့သိကြ၏။ ကိုယ်တော်၌ မည်သည့်အပြစ်မျှ မရှိ။