ဆူးပင်ကြားတွင် ကျသောမျိုးစေ့မှာ တရားစကားကိုကြားသော်လည်း လောကီရေးရာကိုစိုးရိမ်ခြင်းနှင့် စည်းစိမ်၏ဖြားယောင်းခြင်းတို့က ထိုတရားစကားကို လျင်မြန်စွာ ပိတ်ဆို့ထားသဖြင့် အသီးမသီးနိုင်သောသူကို ဆိုလို၏။
၁ တိ 6:10 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ငွေကို တပ်မက်ခြင်းသည် မကောင်းမှုအမျိုးမျိုး၏ အရင်းအမြစ်ဖြစ်၏။ လူတချို့သည် ငွေကို တပ်မက်သောကြောင့် ယုံကြည်ခြင်းတရားကို စွန့်ကာ အလွန်ဝမ်းနည်းပူဆွေးခြင်းကို နာကျင်စွာ ခံစားကြရ၏။ Common Language Bible အဘယ်ကြောင့်ဆိုသော်ငွေကိုစွဲလမ်းတပ် မက်ခြင်းသည်မကောင်းမှုအမျိုးမျိုးတို့၏ မူလအခြေအမြစ်ဖြစ်သောကြောင့်တည်း။ အချို့သောသူတို့သည်ငွေကိုခုံမင်လှ သဖြင့် ယုံကြည်ခြင်းတရားလမ်းမှလွဲ သွား၍ ပူဆွေးလျက်ဝမ်းနည်းပက်လက် ဖြစ်ရကြ၏။ Garrad Bible ငွေ ကို တပ် မက် ခြင်း သည် အ ဆိုး အ မျိုး မျိုး၏ အ မြစ် မူ လ ဖြစ် သည့် အ လျောက် အ ချို့ သည် လိုက် စား သ ဖြင့် ယုံ ကြည် ခြင်း တ ရား လမ်း မှ လွှဲ သွား၍ များ ပြား စွာ သော က နှင့် ကိုယ် ကို ထုတ် ချင်း ခွင်း ကြ ပြီ။ Judson Bible အကြောင်းမူကား၊ ငွေကိုတပ်မက်ခြင်းသည် မကောင်းသော အမှုအပေါင်းတို့တွင် မူလအမြစ်ဖြစ်သတည်း။ လူအချို့တို့သည် ငွေကို တပ်မက်သောကြောင့် ယုံကြည်ခြင်းတရားလမ်းမှ လွှဲသွား၍၊ ပူပန်ခြင်းဝေဒနာများနှင့် ကိုယ်ကိုကိုယ် ထုတ်ချင်းခပ်အောင် ထိုးကြပြီ။ မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ငွေကိုတပ်မက်ခြင်းသည် မကောင်းမှုအလုံးစုံတို့၏အရင်းအမြစ်ဖြစ်၏။ လူအချို့တို့သည် ငွေကိုအလွန်တပ်မက်သဖြင့် ယုံကြည်ခြင်းလမ်းမှ လွဲချော်သွား၍ များစွာသောပူပန်ခြင်းဝေဒနာဖြင့် မိမိတို့ကိုယ်ကို ထိုးဖောက်နာကျင်စေကြပြီ။ |
ဆူးပင်ကြားတွင် ကျသောမျိုးစေ့မှာ တရားစကားကိုကြားသော်လည်း လောကီရေးရာကိုစိုးရိမ်ခြင်းနှင့် စည်းစိမ်၏ဖြားယောင်းခြင်းတို့က ထိုတရားစကားကို လျင်မြန်စွာ ပိတ်ဆို့ထားသဖြင့် အသီးမသီးနိုင်သောသူကို ဆိုလို၏။
သူတော်ကောင်းယောင်ဆောင်သော ကျမ်းတတ်ဆရာများနှင့် ဖာရိရှဲတို့… သင်တို့သည် အမင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ကောင်းကင်နိုင်ငံတော်၏တံခါးကို လူတို့ရှေ့မှ ပိတ်ထား၍ သင်တို့ကိုယ်တိုင်လည်းမဝင်၊ ဝင်လိုသည့်သူများကိုလည်း ဝင်ခွင့်မပေးဘဲ နေကြသောကြောင့်ဖြစ်၏။
သံချေးနှင့်ပိုး ဖျက်ဆီး၍ သူခိုးဖောက်ထွင်းခိုးယူနိုင်သော လောက၌ ဘဏ္ဍာကို မစုဆောင်းကြနှင့်။
လောကီရေးရာကိုစိုးရိမ်ခြင်း၊ စည်းစိမ်၏ဖြားယောင်းခြင်းနှင့် အခြားတပ်မက်ခြင်းတို့က ထိုတရားစကားကို ပိတ်ဆို့ထားသဖြင့် အသီးမသီးနိုင်ကြ။
ထို့ကြောင့် တရားနှင့်မညီသော မေထုန်ပြုခြင်း၊ စက်ဆုပ်ညစ်ညမ်းခြင်း၊ ကိလေသာစိတ် ပြင်းပြခြင်း၊ မကောင်းမှုကို တပ်မက်ခြင်း၊ ရုပ်တုကိုးကွယ်ခြင်းဟူသော လောဘလွန်ကြူးခြင်း စသည့် လောကီဆိုင်ရာအကျင့်တို့ကို အဆက်ဖြတ်ကြလော့။
သူသည် သောက်စားမူးယစ်သူ၊ ခက်ထန်ကြမ်းကြုတ်သူ၊ ခိုက်ရန်ဖြစ်ပွားသူ၊ ငွေမက်သူမဟုတ်ဘဲ ထောက်ထားညှာတာသူ ဖြစ်ရမည်။
ဤအရာများကို လက်ခံသူတချို့သည် ယုံကြည်ခြင်းတရားလမ်းမှ လွဲချော်သွားကြပြီ။ ကျေးဇူးတော်သည် သင်တို့အားလုံးအပေါ် သက်ရောက်ပါစေသော။ တိမောသေဩဝါဒစာ ပထမစောင် ပြီးပါပြီ။
ချမ်းသာလိုသောသူတို့သည် ဖြားယောင်းသွေးဆောင်ခံရခြင်း၊ ထောင်ချောက်မိခြင်း၊ မိုက်မဲ၍ အန္တရာယ်ရှိသော တပ်မက်ခြင်းစသည်တို့ထဲသို့ ကျရောက်တတ်၏။ ထိုအရာများသည် လူတို့ကို အကြွင်းမဲ့ ပျက်စီးဆုံးရှုံးစေ၏။
အဘယ်ကြောင့်ဆိုသော် ထိုအချိန်တွင် လူတို့သည် ကိုယ့်ကိုယ်ကိုယ်ချစ်သောသူ၊ ငွေမက်သူ၊ ကြွားဝါတတ်သူ၊ မာနထောင်လွှားသူ၊ စော်ကားပြောဆိုသူ၊ မိဘစကားနားမထောင်သူ၊ ကျေးဇူးကန်းသူ၊ မသန့်ရှင်းသူ၊
ဒေမသည် ဤလောကကို ချစ်၍ ကျွန်ုပ်ကို စွန့်ခွာပြီး သက်သာလောနိတ်မြို့သို့ သွားလေပြီ။ ကရက္ကေသည် ဂလာတိပြည်သို့ သွားပြီ။ တိတုသည် ဒါလမာတိပြည်သို့ သွားပြီ။
ထိုသူတို့ကို နှုတ်ဆိတ်စေရမည်။ သူတို့သည် မသမာနည်းဖြင့် ငွေရှာလိုသောကြောင့် မသွန်သင်သင့်သော အရာများကို သွန်သင်လျက် အချို့မိသားစုများ၏ ယုံကြည်ခြင်းကို ပျက်စီးစေကြ၏။
ညီအစ်ကိုမောင်နှမတို့… သင်တို့ထဲမှ တစ်စုံတစ်ဦးသည် သမ္မာတရားလမ်းမှ လွဲသွား၍ အခြားသူတစ်ဦးက သူ့ကို လမ်းမှန်သို့ ပြန်လည် ခေါ်ဆောင်လာလျှင်
သူတို့သည် အမင်္ဂလာရှိကြ၏။ သူတို့သည် ကာဣန၏လမ်းစဉ်သို့ လိုက်ကြပြီ။ ဗာလမ်သည် အခကြေးငွေကို ရလို၍ မှားယွင်းသကဲ့သို့ ဗာလမ်နည်းတူ အလျင်အမြန်မှားယွင်းကြပြီ။ ကောရကဲ့သို့ ပုန်ကန်သဖြင့် ပျက်စီးဆုံးရှုံးကြပြီ။
သစ်ကြံပိုး၊ အမွှေးအကြိုင်၊ အမွှေးနံ့သာ၊ မုရန်၊ လောဗန်၊ စပျစ်ဝိုင်၊ သံလွင်ဆီ၊ မုန့်ညက်၊ ဂျုံ၊ ကျွဲနွားတိရစ္ဆာန်၊ သိုး၊ မြင်း၊ မြင်းရထား၊ ကျွန်များနှင့် လူ့အသက်တို့ပင် ဖြစ်ကြ၏။